9/04/2014

♪ Sony က Xperia Z3, Z3 Compact နှင့် E3 စမတ်ဖုန်းများကို ကြေညာ ♫


Sony က စွမ်းဆောင်ရည်မြင့် Xperia Z3 ၊ Z3 Compact နှင့် စွမ်းဆောင်ရည်နိမ့် E3 စမတ်ဖုန်းများကို IFA ပွဲတွင် ကြေညာလိုက်ပါသည်။ စမတ်ဖုန်းအားလုံးသည် ရေစိုခံနိုင်ပါသည်။

Sony Xperia Z3
---------------------

Sony Xperia Z3 တွင် Quad-Core 2.5GHz Snapdragon 801 Chipset နှင့် 3GB RAM , Adreno 330 Graphics ကို အသုံးပြုထားပါသည်။ Z3 ၏ မျက်နှာပြင်အရွယ်အစားမှာ ၅.၂ လက်မ ဖြစ်ပြီး 1080p Resolution ရှိပါသည်။ အနောက်ဘက်တွင် 20.7MP Camera ပါရှိပြီး 4K Video များရိုက်ကူးနိုင်ပါသည်။ မျက်နှာချင်းဆိုင်တွင် 2.2MP Camera တပ်ဆင်ထားပါသည်။ 3100mAh Battery ပါရှိပါသည်။
Sony က Dimension အားလုံတွင် တစ်မီလီမီတာ လျှော့ချထားပြီး အလေးချိန်ကိုလည်း ၁၁ ဂရမ် လျှော့ချထားပါသည်။ ထို့အတွက် ယခင်မျိုးဆက် Xperia Z2 ထက် ပါးလွှာပြီး ပေါ့ပါးပါသည်။ သတ္တုကိုယ်ထည်ကို အသုံးပြုထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။
အနက်၊ အဖြူ၊ ကော့ပါးနှင့် စိမ်းငွေရောင်များ ရွေးချယ်နိုင်ပါသည်။ ဈေးနှုန်းကို ကြေညာခြင်း မရှိသေးသော်လည်း ဒေါ်လာ ၆၀၀ မှ ၇၀၀ အတွင်း ရောင်းချမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။



Sony Xperia Z3 Compact
----------------------------------

Sony Xperia Z3 Compact သည် Z3 ၏ အရွယ်ငယ်သော အမျိုးအစားဖြစ်ပြီး တူညီသော Processor နှင့် Graphics Chip ကို အသုံးပြုထားပါသည်။ အနောက်ဘက်တွင် 20.7MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 2.2MP Camera တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။
၎.၆ လက်မအရွယ် မျက်နှာပြင်ကို တပ်ဆင်ထားပြီး Resolution မှာ 720p ဖြစ်ပါသည်။ 2GB RAM သို့လျှော့ချထားပါသည်။ 2600mAh Battery တပ်ဆင်ထားသည့်အတွက် Z3 ၏ 3100mAh Battery ထက်သေးငယ်ပါသည်။
Z3 Compact ကို လူငယ်များ ကြိုက်နှစ်သက်သည့် အရောင်များဖြင့် ထုတ်လုပ်ပေးထားပါသည်။ အစိမ်း၊ လိမ္မော် ၊ အနက်၊ အဖြူများ ဖြစ်ပါသည်။



Sony Xperia E3
------------------------


Sony Xperia E3 သည် ဈေးသက်သာသော LTE စမတ်ဖုန်း ဖြစ်ပါသည်။ ၄.၅ လက်မ 480x854pixels Display , Quad-Core 1.2GHz Processor, Adreno 305 Graphics ပါရှိပါသည်။ အနောက်ဘက်တွင် 5MP Camera နှင့် မျက်နှာချင်းဆိုင်တွင် 1.3MP Camera တပ်ဆင်ထားပါသည်။ 1GB RAM, 4GB Internal Storage ပါရှိပါသည်။ 2330mAh Battery တပ်ဆင်ထားပါသည်။

စမတ်ဖုန်း အသစ်များကို ယခုလကုန်တွင် ရောင်းချပေးမည် ဖြစ်သော်လည်း ဈေးနှုန်းများကို ကြေညာခြင်း မရှိသေးဟု သိရပါသည်။ Z3 နှင့် Z3 Compact တို့သည် PlayStation 4 မှ ဂိမ်းများကို ထိန်းချုပ်ကစားနိုင်သော Sony ၏ ပထမဆုံး စမတ်ဖုန်းများ ဖြစ်ပါသည်။





<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>