9/16/2014

♪ ၂၄ နာရီ အတွင်း iPhone 6 နှင့် iPhone 6 Plus အမှာစာ ၄သန်းကျော် ရရှိခဲ့ကြောင်း Apple အတည်ပြု ♫

Photo: ၂၄ နာရီ အတွင်း iPhone 6 နှင့် iPhone 6 Plus အမှာစာ ၄သန်းကျော် ရရှိခဲ့ကြောင်း Apple အတည်ပြု
========

iPhone 6 နှင့် iPhone 6 Plus များကို ကြိုတင်မှာယူနိုင်သော ပထမရက် ၂၄နာရီအတွင်းတွင် စံချိန်တင် အမှာစာ ၄ သန်းကျော် ရရှိခဲ့ကြောင်း Apple က အတည်ပြု ပြောကြားခဲ့သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က Apple သည် ၂၄ နာရီ အတွင်း iPhone 5 အမှာစာ ၂ သန်းကျော် ရရှိခဲ့ပြီး iPhone 5 စတင် ရောင်းချခဲ့သည့် ရက်အတွင်း ဖုန်းအလုံးရေ ၅ သန်း ရောင်းချခဲ့ရသည်။

ပြီးခဲ့သည့်နှစ်တွင် Apple က မိတ်ဆက်ခဲ့သော iPhone 5S နှင့် 5C တို့သည် စတင်ရောင်းချသည့် ရက်အတွင်း ဖုန်းအလုံးရေ ၉ သန်း ရောင်းချခဲ့ရသည်။ iPhone 6 သည် Apple ၏ ၃၈ နှစ်တာ ကာလအတွင်း စံချိန်တင် ရောင်းချရသည့် စမတ်ဖုန်းဖြစ်လာဖွယ်ရှိပြီး ၎င်းတွင် ကြီးမားသော screen နှင့်အတူ ပါးလွှာပြီး ပေါ့ပါးမှုရှိသော ကိုယ်ထည်နှင့် မိုဘိုင်းငွေပေးချေမှု စနစ်တို့ ပါဝင်လာသည်။

Apple အနေဖြင့် screen ကြီးမားသော iPhone များကို အလုံးရေ သန်း ၇၀ မှ သန်း ၈၀ အထိ ထုတ်လုပ်ရန် စက်ရုံများကို ဒီဇင်ဘာလ ၃၀ ရက်နေ့က တိုက်တွန်းထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ ယခုရရှိသည့် အမှာစာများသည် iPhone 5S နှင့် 5C များမှ စတင်ရရှိသည့် အမှာစာများထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ပိုမိုများပြားကြောင်း သိရသည်။

Apple အနေဖြင့် ၎င်းတို့၏ စမတ်ဖုန်း အသစ်များ၏ အမှာစာများသည် ထုတ်လုပ်နိုင်မှုနှုန်းထက် ပိုမိုများပြားနေကြောင်း အတည်ပြုပြောဆိုခဲ့သည်။ သို့သော်လည်း iPhone 6 ထုတ်ကုန်များကို သောကြာနေ့မှ စတင်၍ ကြိုတင်မှာယူထားသော ဝယ်ယူသူများထံသို့ ပေးပို့သွားမည် ဖြစ်ကြောင်း Apple ကပြောကြားခဲ့သည်။

Ref: CNET

အခြား နည်းပညာသတင်းများကို ===> http://internetjournal.com.mm တွင် ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။

Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>