9/22/2014

♪ iPhone 6 နှင့် 6 Plus များ ပြည်တွင်းဈေးကွက် ရောက်ရှိ ♫


iPhone 6 နှင့် 6 Plus များပြည်တွင်းဈေးကွက်အတွင်း ရောက်ရှိနေပြီဖြစ်ကြောင်း ဈေးကွက် အတွင်းရှိ ရောင်းချသူများထံမှ သိရသည်။ Apple ကုမ္ပဏီမှ စက်တင်ဘာလ ၁၉ ရက် တွင် စတင်ရောက်ချခဲ့ပြီး ပြည်တွင်း ၌ စက်တင်ဘာလ ဒုတိယအပတ်မှ စတင်၍ ကြိုတင်မှာယူမှု အချို့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ iPhone 6 နှင့် iPhone 6 Plus တို့မှာ ယခင် ထွက်ရှိခဲ့သည့် iPhone 5c နှင့် iPhone 5s တို့၏ ရောင်းချမှု၊ ဈေးနှုန်း ပုံစံတို့ ကွဲပြားခဲ့သည်။ ယခင် iPhone 5c နှင့် iPhone 5s တို့ကိုစတင်ရောင်းချချိန်တွင် အရောင်ကွာခြားမှုအလိုက် ဈေးနှုန်း ကွဲပြားမှုရှိခဲ့သော်လည်း ၊ ယခု iPhone 6 နှင့် iPhone 6 Plus တို့တွင် အရောင် ကွာခြားမှုအရ ဈေးနှုန်း ကွားခြားခြင်းမရှိဘဲ ၊ Storage ပမာဏအပေါ်သာ မူတည်၍ ဈေးနှုန်း ကွာခြားသွားမည်ဖြစ်သည်။

လက်ရှိပြည်တွင်း၌ iPhone 6 နှင့် iPhone 6 Plus တို့မှာ အလုံးရေအကန့်အသတ်ဖြင့်သာရောက်ရှိနေ ၍ ဈေးနှုန်း ကွာဟမှုရှိနိုင်ပြီး အလုံးရေအများအပြား ရောက်ရှိလာပါက ဈေးနှုန်းတည်ငြိမ်လာမည်ဖြစ်သည်။ ယခုပြည်တွင်းဈေးကွက်၌ iPhone 6 16GB များမှာ ၁,၂၀၀,၀၀၀သိန်းဝန်းကျင်၊ iPhone 6 64GB များမှာ ၁,၄၀၀,၀၀၀ သိန်းဝန်းကျင်၊ iPhone 6 128GB ၁,၅၀၀,၀၀၀သိန်းဝန်းကျင်ရှိမည်ဖြစ်သည်။ iPhone 6 Plus 16GB များမှာ ၁,၉၀၀,၀၀၀ သိန်းဝန်းကျင်နှင့် iPhone 6 Plus 64GB နှင့် 128GB တို့မှာ သိန်း ၂၀ ဝန်းကျင် အထိရှိမည် ဖြစ်ကြောင်း iMotion, Neo-Tech, Life Mark တို့တွင်ဝယ်ယူနိုင်ကြောင်း iLab, Golden Dragon Mobile နှင့် iShop တို့တွင် Pre-order မှာယူနိုင်ကြောင်းသိရသည်။ ထူးခြားမှု အနေဖြင့် Neo-Tech နှင့် Life Mark တို့တွင် iPhone 6 နှင့် iPhone 6 Plus တို့၏ Accessories ဖြစ်သည့် Cover နှင့် Screen Cover တို့ကိုရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>