9/02/2014

♪ Facebook မှာ Shared Photo Album များ ပြုလုပ်နည်း ♫

Photo: Facebook မှာ Shared Photo Album များ ပြုလုပ်နည်း
======================================

Facebook ရဲ့ Shared Photo Albums စွမ်းဆောင်ချက် ကသူငယ်ချင်းတွေ ပုံတွေ စုတင်လို့ ရသလို ၊ အလုပ်ကိစ္စတွေ မှာလည်း Album ကို Share လုပ်ပြီးသုံးလို့ ရပါတယ်။ ဒီလို လုပ်ဖို့ အတွက် အရင်ဆုံး Facebook Home Page ရဲ့ ဘယ်ဘက် Sidebar မှ Photos ကိုနှိပ်ပြီး Create Album ကိုနှိပ်ပါ။ နောက်အဆင့်မှာ Album ကို နာမည်ပေးပြီး Create Album ကို ထပ်နှိပ်ပါ။ ပြီးရင် ဓါတ်ပုံများ Upload ပြုလုပ်ပါ။ ပုံတင်ပြီးရင် Change to Shared Album လုပ်ဖို့  Pop Up ပေါ်လာပါမယ်။ Change to Shared Album ကို နှိပ်ပါ။

Album မှာ ပုံတွေ အတူတူတင်မယ့်    Contributors တွေကို Add Contributors မှာ နာမည်ရိုက်ထည့်ပေးပြီး ရွေးချယ်ပါ။ ရွေးချယ်ထားတဲ့ Contributors တွေ က နောက်ထပ်တစ်ခြား Contributors တွေကို Add လုပ်ခွင့် ပေးချင်ရင် Contributors can add their friends as contributors မှာ အမှန်ခြစ်ပေးပါ။ Privacy မှာလည်း Public, Friends စသဖြင့် သင်တို့ရဲ့ ဓါတ်ပုံများကို မြင်တွေ့စေချင်သူများကို သတ်မှတ်နိုင်ပါတယ်။ ပြီးရင် Save နှိပ်ပါ။

ဒါဆိုရင် Shared Album တစ်ခု ပြုလုပ်ပြီးပါပြီ။ သင် Add လိုက်တဲ့ Contributors တွေက Alert Message ရရှိပြီးသိရှိနိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်က Contributor အနေနဲ့ ပုံတင်လိုက်ရင်လည်းသင် က Alert Message ရရှိမှာပါ။ သင့် Album မှာ မနှစ်သက်တဲ့ ပုံတွေ တင်ရင်လည်း Delete လုပ်လို့ ရသလို Contributors List ထဲကသူငယ်ချင်းတွေကိုလည်း Add, Remove  လုပ်နိုင်ပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>