9/08/2014

♪ ဆက်သွယ်ရေးက ကျပ်ငါးထောင်ထက်နည်းသည့် ငွေဖြည့်ကတ်များ ရောင်းချမည် ♫


မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မိုဘိုင်းဖုန်းအသုံးပြုသူများ အဆင်ပြေစေရန်အတွက် တန်ဖိုးနည်းငွေဖြည့် ကတ်များ ထုတ်လုပ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။ ‘‘လက်ရှိမှာ ငွေဖြည့်ကတ်က အနည်းဆုံး ငါးထောင်တန်ပဲ ရှိသေးတယ်။ လူတိုင်းအလွယ်တကူဝယ်သုံးနိုင်တဲ့ နှုန်းထားနဲ့ တန်ဖိုးနည်းငွေဖြည့်ကတ်တွေ ထပ်ပြီး ထုတ်လုပ်သွားဖို့ ဆွေးနွေးနေပါတယ် ’’ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဒုအင်ဂျင်နီယာ ချုပ်ဦးသိန်းဟုတ်ကပြောသည်။

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီဖြစ်သည့်အူရီးဒူးသည် ၎င်းတို့၏ ငွေဖြည့်ကတ်များကို ငွေကျပ်တစ်ထောင်မှ စ၍ရောင်းချပေးနေသည့်အတွက် အဆိုပါနှုန်းထားမျိုးဖြင့် တန်ဖိုးအနည်းဆုံးဖြင့် ၀ယ်ယူအသုံးပြုနိုင်စေရန် စီစဉ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် စက်တင်ဘာ ၁ ရက် မှစ၍ ၎င်းတို့၏ ၀န်ဆောင်မှုပုံစံများကို ပြုပြင်ပြောင်းလဲမှုများ စတင်ပြုလုပ်ခဲ့ပြီး ဆင်းမ်ကတ်များ အကန့် အသတ်ဖြင့် ရောင်းချခြင်း ပယ်ဖျက်၍ နိုင်ငံတစ်ဝန်းရှိ အရောင်းကိုယ်စားလှယ်များနှင့် လက်လီ အရောင်းဆိုင်များတွင် ရောင်းချပေးခဲ့သည်။ ထို့အပြင် MPT ဆင်းမ်ကတ်အသုံးပြုသူများအတွက် စက်တင်ဘာ ၄ ရက်မှ ၁၂ ရက်အတွင်း ငွေဖြည့်ပါက ငါးထောင်ကျပ်ဖြည့်လျှင် အပိုတစ်ထောင်ကျပ်နှင့် တစ်သောင်းကျပ်ဖြည့်လျှင် အပိုသုံးထောင်ကျပ်ရရှိမည့်အစီအစဉ်ကိုလည်း ပြုလုပ်ပေးထားသည်။

7Day News Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 







**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download