Telenor
Myanmarအနေဖြင့် ဆင်းကတ်များရောင်းချနိုင်ရန် အတွက်
အထူးဝန်ဆောင်မှုအဖြစ်အစုအဖွဲ့များသို့ တိုက်ရိုက်ရောင်း ချပေးရန်
မန္တလေးစက်မှုဇုန်မှ လုပ်ငန်းရှင်များနှင့် ၂၀၁၄ ခုနှစ်စက် တင်ဘာ ၁၀
ရက်နေ့ တွင် ကနောင်ခန်းမတွင်တွေ့ဆုံရှင်းလင်းခဲ့ပြီး ဆင်းကတ်များကို
အောက်တိုဘာ ၅ ရက်နေ့နောက်ဆုံး ထားရောင်း ချပေးသွားမည်ဖြစ်ကြောင်း Telenor
Myanmar မှ အကြီးတန်းတာဝန်ရှိသူ ဦးရေချမ်း ကပြော ကြားခဲ့သည်။
“အမြတ်အစွန်းတစ်ခုတည်း လုပ်တာမဟုတ်ပါဘူး။ လူကြီးမင်းတို့ ဆီကိုအတူပူးပေါင်းဆောင်ရွက်တဲ့ Partnership အနေနဲ့စီးပွားရေး လုပ်ငန်းစုတွေအောင်မြင်အောင် ၀န်ဆောင်မှုပေးခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ရောင်းချသွားမယ့်စနစ်ကို ရှင်းပြခြင်းဖြစ်ပြီး မိမိဝန်ထမ်းတွေ အတွက် စုပေါင်းဝယ်ယူသုံးစွဲ မယ်ဆိုရင် ၀န်ထမ်းအချင်းချင်းသုံးစွဲရာ မှာ သက်သာတဲ့ဝန်ဆောင်မှုတွေရမှာပါ”ဟု ဦးရေချမ်းကပြောကြား ခဲ့သည်။
အစုအဖွဲ့များအတွက်တယ်လီနော်မှ ၀န်ဆောင်မှုအဖြစ်ဆင်း ကတ်များရောင်းချပေးသွားရန် အစီအစဉ်ရှိပြီး လက်တလောတွင် မန္တလေးစက်မှုဇုန်လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ တိုက်ရိုက်ရောင်းချ ပေးမည့်စနစ်ကို ရှင်းလင်းခြင်းသာဖြစ်ကြောင်း တစ်မိနစ်လျှင် ၂၅ ကျပ်ထက်မပိုသော နှုန်းထားဖြင့် မည်သည့်ဖုန်းကို မဆိုပြောဆိုနိုင်မည် ဖြစ်ကြောင်း အင်တာနက်အပါအ၀င် အခြားနှုန်းထားများကို အနီးကပ် အသိပေးသွား မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
“စက်ရုံ၊ အလုပ်ရုံ၊ ကုမ်္ပဏီတွေမှာ ၀န်ထမ်းတွေအတွက်အစုလိုက် ဖုန်းကတ်ရောင်းချပေးမှာဖြစ်ပြီး အဲဒီ အတွက်ပုံမှန်နှုန်းထားထက် သက်သာတဲ့ ၀န်ဆောင်မှုတွေအကြောင်းလဲပါတယ်။ ဒါပေမယ့် နှုန်း ထားတွေ ကိုတော့ပြော မသွားဘဲ အနီးကပ်မှအားလုံးကို အသိပေး သွားမှာပါ””ဟု စက်မှုဇုန်လုပ်ငန်းရှင်တစ်ဦး ကပြောကြားခဲ့သည်။
စက်ရုံ၊ အလုပ်ရုံ၊ စက်မှုလုပ်ငန်းရှင်များ၊ ကုမ္ပဏီများအတွက် အိမ်တိုင်ရာရောက်ရောင်းချသည့် Enterprise Direct Sale ပုံစံဖြင့် ဖြန့်ချိသွားမှာဖြစ်ပြီး လုပ်ငန်းအများစုအတွက် အထူးစီစဉ်ဆောင်ရွက် ပေးခြင်းဖြစ်ပြီး အခြားအဖွဲ့အစည်းများဖြစ်သည့် Nonprofix, Profixများအတွက်လည်း ၀န်ဆောင်မှုလုပ်ပေးရန် အစီအစဉ် ရှိကြောင်းသိ ရသည်။
“၀န်ထမ်းအရေအတွက်ပေါ်မူတည်၍ ၀ယ်ယူရမှာဖြစ်ပါတယ်။ အစိုးရအဖွဲ့ရုံးတွေ၊ လူမှုရေးအဖွဲ့တွေ အတွက်လည်း ဆင်းကတ်အရေ အတွက်အတိအကျစာရင်းပေးဝယ်ဖို့လုပ်ပေးသွားမှာပါ။ လုပ်ငန်းစု အတွက် ၀န်ဆောင်ပေးတာဖြစ်လို့အပြင်မှာရောင်းစားဖို့မဟုတ်ပါဘူး”” ဟု ဦးရေချမ်းကဆက်လက်ရှင်းပြခဲ့သည်။
Telenor Myanmar သည်မြန်မာနိုင်ငံအတွင်း Network မု ဧရိ ယာ ၉၀% လွှမ်းခြုံနိုင်အောင် ၅ နှစ်အတွင်း လုပ်ဆောင်သွားရန် စီစဉ်ထားရှိပြီး တာဝါတိုင်စုစုပေါင်း ကိုးထောင်ကျော်တည်ဆောက် မည်ဖြစ်ကြောင်း မန္တလေး၊ ရန်ကုန်၊ နေပြည်တော်၊တို့တွင်2G/3G မိုဘိုင်းလ်ကွန်ရက်ရရှိမည်ဖြစ်ပြီး လက်တလောတွင် နယ်ဒေသများ၌ 2G သာရရှိမည်ဖြစ်ကြောင်း မန္တလေးမြို့တွင်အယ်လ်ဖာကုမ္ပဏီမှ ဖြန့်ချိပေး မည်ဖြစ်ကြောင်း အဆိုပါရှင်းလင်းပွဲမှတစ်ဆင့်သိရှိရသည်။
ကျော်ထက်