8/07/2014

♪ Xiaomi က Redmi Note 4G ကို ကြေညာ ♫

Photo: Xiaomi က Redmi Note 4G ကို ကြေညာ
==============================
 
Xiaomi က LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးသည့် Redmi Note 4G စမတ်ဖုန်းကို ကြေညာလိုက်ပါသည်။ 4G Version သည် မတ်လတွင်ရောင်းချခဲ့သော 3G Redmi Note ကို အဆင့်မြှင့်ထားခြင်း ဖြစ်ပါသည်။

Xiaomi Redmi Note 4G တွင် Quad-Core 1.6GHz CPU တပ်ဆင်ထားသည့် Qualcomm MSM8928 Snapdragon 400 Chipset နှင့် 2GB RAM ပါရှိပါသည်။ မူလရောင်းချခဲ့သည့် 3G အမျိုးအစားတွင် Octa-Core 1.7GHz CPU တပ်ဆင်ထားသော MediaTek MT6592 Chipset ကို အသုံးပြုထားပါသည်။ Redmi Note 4G တွင် 8GB Internal Storage နှင့် 64GB အထိဝင်ဆန့်သော MicroSD Card Slot ပါရှိပါသည်။ 

မူလ 3G Redmi Note ကဲ့သို့ SIM Card နှစ်ခု အသုံးပြု၍မရဘဲ 4G အမျိုးအစားတွင် SIM Card တစ်ခုသာ အသုံးပြုနိုင်ပါသည်။ Android 4.4.2 KitKat ကို MIUI 5.0 နှင့် တွဲဖက် အသုံးပြုထားပါသည်။ 

Redmi Note 4G ၏ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash ကို တပ်ဆင်ထားပါသည်။ 3200mAh Battery ပါရှိပါသည်။ 720p Resolution ရှိသော ၅.၅ လက်မ IPS Display ကိုတပ်ဆင်ထားပါသည်။ အရွယ်အစားမှာ မူလ Redmi Note နှင့် တူညီပြီး 154 x 78.7 x 9.5mm ဖြစ်ပါသည်။ 

Xiaomi Redmi Note 4G ကို အနက်၊ အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။ ဈေးနှုန်းမှာ မူလ Redmi Note နှင့် တူညီပြီး ဒေါ်လာ ၁၆၂ (တရုတ်ယွမ် ၉၉၉) ဖြင့်ရောင်းချပေးမည် ဖြစ်သည်။ တရုတ်နှင့် မလေးရှားတွင် မကြာမီရောင်းချပေးမည် ဖြစ်သည်။

Xiaomi က LTE ဆက်သွယ်မှုကို အထောက်အပံ့ပေးသည့် Redmi Note 4G စမတ်ဖုန်းကို ကြေညာလိုက် ပါသည်။ 4G Version သည် မတ်လတွင်ရောင်းချခဲ့သော 3G Redmi Note ကို အဆင့်မြှင့် ထားခြင်း ဖြစ်ပါသည်။

Xiaomi Redmi Note 4G တွင် Quad-Core 1.6GHz CPU တပ်ဆင်ထားသည့် Qualcomm MSM8928 Snapdragon 400 Chipset နှင့် 2GB RAM ပါရှိပါသည်။ မူလရောင်းချခဲ့သည့် 3G အမျိုးအစားတွင် Octa-Core 1.7GHz CPU တပ်ဆင်ထားသော MediaTek MT6592 Chipset ကို အသုံးပြုထားပါသည်။ Redmi Note 4G တွင် 8GB Internal Storage နှင့် 64GB အထိဝင်ဆန့်သော MicroSD Card Slot ပါရှိပါသည်။

မူလ 3G Redmi Note ကဲ့သို့ SIM Card နှစ်ခု အသုံးပြု၍မရဘဲ 4G အမျိုးအစားတွင် SIM Card တစ်ခုသာ အသုံးပြုနိုင်ပါသည်။ Android 4.4.2 KitKat ကို MIUI 5.0 နှင့် တွဲဖက် အသုံးပြုထားပါသည်။

Redmi Note 4G ၏ အနောက်ဘက်တွင် 13MP Camera နှင့် LED Flash ကို တပ်ဆင်ထားပါသည်။ 3200mAh Battery ပါရှိပါသည်။ 720p Resolution ရှိသော ၅.၅ လက်မ IPS Display ကိုတပ်ဆင်ထားပါသည်။ အရွယ်အစားမှာ မူလ Redmi Note နှင့် တူညီပြီး 154 x 78.7 x 9.5mm ဖြစ်ပါသည်။

Xiaomi Redmi Note 4G ကို အနက်၊ အဖြူရောင်များ ရွေးချယ်နိုင်ပါသည်။ ဈေးနှုန်းမှာ မူလ Redmi Note နှင့် တူညီပြီး ဒေါ်လာ ၁၆၂ (တရုတ်ယွမ် ၉၉၉) ဖြင့်ရောင်းချပေးမည် ဖြစ်သည်။ တရုတ်နှင့် မလေးရှားတွင် မကြာမီရောင်းချပေးမည် ဖြစ်သည်။


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>