8/08/2014

♪ Window ဖုန်းသုံးစွဲသူများအတွက် ဗိုက်ဘာဗားရှင်းအသစ်တွင် အသံမက်ဆေ့ခ်ျဝန်ဆောင်မှုထည့်သွင်း ♫


Window ဖုန်းအသုံးပြု သူများအတွက် အသံဖြင့် မက်ဆေ့ခ်ျပို့ပေးနိုင်မည့် Hold & Talk နည်းပညာကို Viber ဗားရှင်း အသစ်ဖြစ်သော 4.2 တွင်  ထည့် သွင်းပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘Viber ရဲ့ နောက်ဆုံးပေါ် ဗားရှင်းအသစ်နဲ့အတူ ကျွန်တော် တို့ရဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့ Hold & Talk ကို Window ဖုန်းအသုံးပြုသူတွေအတွက် ယူဆောင်လာပါပြီ’’ဟု အမှုဆောင်အရာရှိချုပ် Mr.Talmon Marcoက ပြောသည်။     
အသံမက်ဆေ့ခ်ျများပေးပို့ ရာတွင် ခလုတ်ကိုဖိ၍ထားကာ မိမိဆက်သွယ်ပေးပို့လိုသည့် စကားသံကို ပြောဆို ရမည်ဖြစ်ပြီး လက်ခံသူသည် မိမိဘက်မှ ပေးပို့ နေချိန်တွင်ပင် စကားသံကို နား ထောင်နိုင်မည်ဖြစ်သည်။  Hold & Talk  အသုံးပြုခြင်းဖြင့် သုံးစွဲသူအချင်းချင်းမြန်ဆန်စွာ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ် သည်။  မြန်မာနိုင်ငံ၌ Viber အသုံး ပြုသူဦးရေမှာ ၂၀၁၃ ခုနှစ် ဒီဇင် ဘာ၌ သုံးသိန်းကျော်သာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် ဇူလိုင်တွင် အသုံးပြု သူ ငါးသန်းအထိတိုးတက်ခဲ့သည့် အတွက် ယခုနှစ်တွင် အသုံးပြုသူ ၄ ဒသမ ၆ သန်းအထိ တိုးတက် လာခြင်းဖြစ်ကြောင်း Viber မှ ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ ထားသည်။
ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Viber သုံးစွဲသူသန်း လေးရာကျော်ရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံး တွင် တရားဝင်စာရင်းသွင်းထားသူဦးရေ ၆၀၈ သန်းကျော်သွားပြီဖြစ်သည်။



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>