နော်ဝေဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့၏ဆင်းမ်ကတ်များနှင့် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများကို လာမည့်စက်တင်ဘာလတွင်ရောင်းချသွားမည်ဖြစ်သည်။ Telenor Myanmar သည် 4G ကွန်ရက်အထိ အသုံးပြုနိုင်မည့် ဆင်းမ်ကတ်အရေအတွက်
သန်း ၃၀ ကို ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် Video Call, Voice Mail
ကဲ့သို့သောဝန်ဆောင်မှုများလည်း ပါဝင်လာမည်ဖြစ်ပြီး Telenor
ဆင်းမ်ကတ်များတွင် အင်တာနက်စနစ် တစ်ခါတည်းပါဝင်လာမည်ဖြစ်သည်။ Telenor
ဆင်းမ်ကတ်များကို မှတ်ပုံတင်ကတ် တစ်ခုဖြင့် အကန့် အသတ်မရှိ
ဝယ်ယူနိုင်မည်ဖြစ်ပြီး နော်ဝေဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ်များကို
မြို့ကြီးများတွင်သာမက ကျေးလက်ဒေသတွင် နေထိုင်သူများအတွက်ပါ အဓိက ဦးစားပေး
ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
8/01/2014
♪ စက်တင်ဘာလတွင် ရောင်းချမည့် Telenor ဆင်းမ်ကတ်များ 4G ကွန်ရက်အထိ အသုံးပြုနိုင်မည် ♫
အမျိုးအစား:
Mobile သတင်းရေးရာအဖြာဖြာ