8/12/2014

♪ တန်ဖိုး ၉၉,၀၀၀ ကျပ်ဝန်းကျင်ခန့် ရှိတဲ့ OPPO Joy နည်းပညာမြင့် စမတ်ဖုန်း ♫


အားသာချက်
OPPO Joy သည် တန်ဖိုးနည်း ဖုန်းတစ်လုံးဟု ဆိုသော်လည်း တန်ဖိုးမှာ ၉၉,၀၀၀ ကျပ် ဝန်းကျင်ခန့်တွင် ရှိနေပြီး နည်းပညာမြင့် စမတ်တစ်လုံးကဲ့သို့ ဖုန်းအသုံးပြုစနစ်များ ပါဝင်သော ဖုန်းဖြစ်သည်။ တန်ဖိုး အနေဖြင့် ကျပ်တစ်သိန်းအောက်တွင်သာ ရှိသော်လည်း အသုံးပြုနိုင်မှု စွမ်းရည်ကောင်းမွန်သော ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပြီး Gesture Sensor စနစ်နှင့် Screen မြင်ကွင်းပိုင်း စနစ်များတွင် ကောင်းမွန်သည်။

အားနည်းချက်
ဖုန်းတွင် ပါဝင် ဖွဲ့စည်းထားသော ကင်မရာမှာ Mega Pixel နည်းသောကြောင့် ဓာတ်ပုံကောင်းကောင်း ရိုက်နိုင်မည် မဟုတ်သော်လည်း ကင်မရာ၏ လုပ်ဆောင်နိုင်စွမ်းနှင့် တုန့်ပြန်မှုမှာ မြန်ဆန်သည်။

ဒီဇိုင်း
ဒီဇိုင်းအနေဖြင့် ဖုန်းသည် ကျစ်လျစ်သော ပုံစံမျိုးတွင်ရှိနေပြီး အရွယ်အစားမှာလည်း အလွန်ကြီးမားလွန်းခြင်း မရှိဘဲ ဘေးတိုက်အကျယ် ၆.၃ စင်တီမီတာနှင့် အထက်အောက်အမြင့် ၁၂.၄ စင်တီမီတာအရွယ် အစားရှိသော ဖုန်းဖြစ်သည်။ ဖုန်း၏ ဘေးဘောင်များမှာ သတ္တုကိုယ်ထည် ဖွဲ့စည်းမှုဖြစ်ပြီး နောက်ဘက် ကာဗာမှာ ဖြုတ်နိုင်၊ တပ်နိုင်သော ပလတ်စတစ်ကာဗာ ဖြစ်သည်။ GSM 2G/ 3G ကွန်ရက် စနစ်များ တွင် ထောက်ပံ့ပေးနိုင်သော ဖုန်းဖြစ်ပြီး Micro SIM တစ်ကတ်နှင့် Mini SIM တစ်ကတ်၊ နှစ်ကတ် အသုံးပြုနိုင်သော Dual sim ဖုန်းအမျိုးအစား ဖြစ်သည်။ ပြည်တွင်း၏ Ooredoo ကွန်ရက်စနစ် အပါအဝင် အခြား ကွန်ရက်စနစ်များတွင်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။ ဖုန်းမှာ အနည်းငယ်ထူသည်ဟု ထင်ရသော်လည်း အရွယ်အစားနှင့် နောက်ဘက် ကာဗာ အခုံးပုံစံစနစ်ကြောင့် လက်ဖြင့်ကိုင်တွယ်ရာတွင် အဆင်ပြေနိုင်သော အရွယ်အစားမျိုးဖြစ်သည်။ အသုံးပြုထားသော Screen မှာ IPS LCD Screen ဖြစ်ခြင်းကြောင့် ကြည်လင်သော ရုပ်ပုံများအား ခံစားကြည့်ရှုနိုင်မည်ဖြစ်ပြီး Screen Resolution မှာ 480x800 Pixel Resolution ရှိသော Screen ဖြစ်သည်။ Screen အရွယ်အစားမှာ ၄.၀ လက်မရှိပြီး ပုံမှန် အရွယ်အစားမျိုးရှိသော ဖုန်းဖြစ်သည်။


အသေးစိတ်ဖော်ပြချက်
OPPO Joy တွင် အသုံးပြုထားသော CPU မှာ Dual-core 1.3GHz CPU အမျိုးအစားဖြစ်ပြီး ဂရပ်ဖစ် စနစ်အတွက်မူ GUP သီးသန့် ထည့်သွင်း အသုံးပြုထားခြင်းမရှိဘဲ ဖုန်းအတွင်း ပါဝင်သော ဂရပ်ဖစ် စနစ် ဖြင့်သာ အသုံးပြုရမည် ဖြစ်သည်။ ဖုန်းမှတ်ဥာဏ် အနေဖြင့် Internal Memory 4GB ROM စနစ်နှင့် 512MB RAM စနစ်များ ပါဝင်မည်ဖြစ်ပြီး မှတ်ဥာဏ်ထပ်တိုး အသုံးပြုခြင်းအတွက် Micro SD Card 32GB အထိ ထပ်တိုး အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းတွင် အသုံးပြုထားသော Android OS မှာ OPPO ၏ လိုင်စင် OS တစ်ခုအနေဖြင့် ပြန်လည်ပြုပြင် ရေးဆွဲထားသော Android Color OS ကို အသုံးပြု ထားပြီး Version မှာ 4.2.2 ဖြစ်သည်။ မြန်မာစာစနစ်မှာ ဖုန်းအတွင်း တစ်ပါတည်း ပါဝင်မည်ဖြစ်ပြီး Bluetooth 2.1, USB 2.0 စနစ်များဖြင့် ဖွဲ့စည်းထားသည်။ နောက်ဘက် ကင်မရာမှာ 3.0 Mega Pixel ရှိသော ကင်မရာဖြစ်ပြီး ရှေ့ကင်မရာမှာ 0.3 Mega Pixel ကင်မရာဖြစ်သည်။ စမတ်ဖုန်းများအတွက် အရေးပါသော စနစ်တစ်ခုဖြစ်သည့် ဘက်ထရီ စနစ်ပိုင်းတွင်လည်း 1700mAh ဘက်ထရီကိုအသုံးပြုထားပြီး Screen Resolution မှာလည်း အရမ်းမြင့်မားခြင်း မရှိသောကြောင့် ဘက်ထီရီအချိန်ကြာကြာ အသုံးပြုနိုင်သည်။

နည်းပညာ
Joy သည် တန်ဖိုးနည်းသော စမတ်ဖုန်း အမျိုးအစားတစ်ခုဖြစ်သော်လည်း ဖုန်း၏ Gesture Sensor နည်းပညာပိုင်းများအား အသုံးပြုနိုင်ရန် ပြုလုပ်ထားသည်။ ၄င်းဖုန်းတွင် ဖုန်းဝင်လာချိန်၌ ဖုန်းကိုင်သည့် ခလုတ်အား နှိပ်ရန် မလိုအပ်ဘဲ ဖုန်းကို နားတွင် ကပ်လိုက်ရုံဖြင့် ဖုန်းအား ပြန်လည်ဖြေကြားနိုင်သော Easy Answer စနစ်၊ ဖုန်း၏ Screen Off အခြေအနေ၌ မိမိအသုံးပြုလိုသော ကင်မရာ၊ Flash မီး၊ ဓာတ်ပုံ၊ သီချင်း အစရှိသော စနစ်များအား Screen ပေါ်တွင် သတ်မှတ်ထားသော Shortcut စနစ်တစ်ခုအား ရေးဆွဲလိုက်ရုံဖြင့် ဖွင့်ပေးနိုင်မည်ဖြစ်သော Custom Gesture စနစ်နှင့် Screen Off အခြေအနေတွင် Screen အားလက်နှင့် နှစ်ချက်ပုတ်လိုက်ရုံဖြင့် Screen ဖွင့်ပေးနိုင်သော Screen Off Gesture စနစ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။ Screen Off Gesture စနစ်တွင် အသုံးပြုနိုင်သော စနစ်များ များစွာပါဝင်နေသည်။ ထို့ပြင် Screen ပေါ်၌ လက်နှစ်ချောင်းဖြင့် အထက်အောက်ဆွဲချိန်တွင် အသံအတိုးအကျယ် ပြုလုပ်နိုင်သော Adjust Volume With Two Fingers စနစ်၊ Screen ပေါ်တွင် လက်သုံးချောင်းနှင့် ဆွဲလိုက်ရုံဖြင့် Screenshot ပြုလုပ်ပေးနိုင်သော Gesture Screenshot စနစ်၊ ဖုန်းဝင်လာချိန်တွင် Ringtone သံအား အလျင်အမြန် ပိတ်နိုင်သော Flip to mute စအရှိသော စနစ်များ မှာလည်း Joy ကို အသုံးပြုသူများ ထိတွေ့ ရမည်ဖြစ်သော နည်းပညာများဖြစ်သည်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးအား ခြုံငုံ သုံးသပ်ကြည့်ရာတွင် Joy သည် ဖုန်းတွင် ပါဝင်ဖွဲ့စည်းထားသော Hardware စနစ်များနှင့် ဖုန်းတွင်းအသုံးပြု စနစ်ပိုင်းများမှာ တန်ဖိုးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သုံးပျော်သော အခြေ အနေမျိုးတွင် ရှိနေသော်လည်း တန်ဖိုးနည်း ဖုန်းတစ်လုံးအနေဖြင့် ကြည့်မည်ဆိုပါက တန်ဖိုးမှာ ကျပ်တစ်သိန်း ၀န်းကျင်တွင်ရှိနေသောကြောင့် အနည်းငယ် မြင့်မားနေသည်။ သို့ရာတွင် ဖုန်း၌ဖွဲ့စည်း တည်ဆောက်ထားသော စနစ်များမှာ နည်းပညာမြင့် စမတ်ဖုန်းများကဲ့သို့ပင် အသုံးပြုနိုင်စေရန် ပြုလုပ်ထားခြင်းကြောင့် ဖုန်းအသုံးပြုသူ အတွက် စိတ်ကျေနပ်စရာ ဖြစ်စေနိုင်ပြီး အင်တာနက် အသုံးပြုရာတွင်လည်း မည်သည့် ဆင်းမ်ကတ် အမျိုးအစားများကိုမဆို အင်တာနက် Setting ပြုလုပ်ရန်မလိုအပ်ဘဲ အင်တာနက်စနစ်အား ဖုန်းမှ အလိုအလျောက် ပြုလုပ်ပေးနိုင်ခြင်းမှာလည်း အသုံးပြုသူများအတွက် လွယ်ကူစေသော စနစ်ဖြစ်သည်။

တန်ဖိုး
၉၉,၀၀၀ ကျပ်
ဆက်သွယ်ဝယ်ယူရန်
၀၁-၁၂၂၃၅၁၃
ဝန်ဆောင်မှု
တစ်နှစ်အာမခံ
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>