8/05/2014

♪ MSI GS 60 2PC (Gaming Notebook) ♫


အသေးစိတ်ဖော်ပြချက်  MSI အမှတ်တံဆိပ် GS 60 2PC သည် ဂိမ်းအတွက်ထွက်ရှိထားသော Series အတွင်းမှ စွမ်းဆောင်ရည် ကောင်းများစွာပါဝင်မည့် အမျိုးအစားတစ်ခုဖြစ်သည်။ Intel ၏ 4th Gen Core i7(4700HQ) ကိုအသုံးပြုထား ပြီး Smart Cache 6MB ပါရှိမည်ဖြစ်သည်။ Memory ကို DDR3L အမျိုးအစားဖြင့် 8GB ပါရှိမည်ဖြစ်ပြီး 16GB အထိတိုးမြှင့်နိုင်မည်ဖြစ်သည်။ Graphic ပိုင်းတွင် Navidia GTX860M တပ်ဆင်ထားပြီး Graphic Memory GDDR5 2GB အထိပါရှိသည်။ ၁၅.၆ လက်မ အရွယ်အစားဖြင့် HD (1920x1080) Display ရရှိမည်ဖြစ်သည်။ ထို့အပြင် HDMI နှင့် Display Port တို့ဖြင့်ချိတ်ဆက်၍ နောက်ထပ် Display နှစ်ခုဖြင့် ချိတ်ဆက် နိုင်မည်ဖြစ်သည်။  Data သိမ်းဆည်းနိုင် ရန်အတွက် 1TB Sata ပါဝင်ပြီး DVD Super Multi Drive ထည့်သွင်းထားမည်ဖြစ်သည်။ 
အသံစနစ်ပိုင်းတွင် Sound Blaster Cinema2 ထားပြီး Speaker နှင့် Head Phone တို့ကို ကိုယ်ပိုင် Home Theater ကဲ့သို့ခံစားနားဆင်နိုင်မည်ဖြစ်သည်။ Network ချိတ်ဆက်မှုတွင် WiFi အပြင် တည်ငြိမ်ပြီး ပိုမို မြန်ဆန်သည့် Killer E2200 Lan ကိုအသုံးပြုထားသည်။ HD Webcam, Bluetooth 4.0, USB 3.0 တို့ပါဝင်ပြီး Battery 6 cell ကိုထည့်သွင်းအသုံးပြုထားမည်ဖြစ်သည်။  ဒီဇိုင်း  Gaming Notebook အမျိုးအစားအတွင်း အပါးလွှာဆုံးနှင့် အပေါ့ဆုံးအမျိုးအစားတစ်ခုဖြစ်သည်။
Steelseris ကုမ္ပဏီမှ လွယ်ကူထိမိပြီး သက်သောင့်သက်သာဖြင့် ကြာရှည်အသုံးပြုနိုင်ရန် ဒီဇိုင်းထုတ်လုပ် ထားခြင်း ဖြစ်သည်။ ရိုးရှင်းကျစ်လျစ်သည့်ပုံစံဖြင့် တည်ဆောက်ထားပြီး အအေးပေးစနစ်အတွက် Dual fan Thermal Cooling နှစ်လုံး အသုံးပြုထားသည်။ အလျား ၁၅.၃၅လက်မ၊ အနံ ၁၀.၄၆လက်မနှင့် အထူ ၀.၇၈လက်မရှိပြီး အလေးချိန် ၁.၉၆ကီလိုဂရမ်ရှိမည်ဖြစ်သည်။  သုံးသပ်ချက်  Hardware နှင့် Software ပိုင်းကို Steel Series Engine က အချိုးကျကိုင်တွယ်ထားပြီး Keyboard Control များ စိတ်ကြိုက်ပြု လုပ်နိုင်ရန် စီမံထားပေးသည်။
Display နှစ်လုံးချိတ်ဆက်နိုင်သည့် Matric Display သည် လည်း MSI ၏ ပထမဆုံးဖန်တီးထားသော Multi-task အတွက် အသုံးဝင်နိုင်မည့် နည်းပညာတစ်ခုဖြစ်သည်။ အခြား Notebook များထက် ရုပ်ထွက် ပိုင်း ၊ အသံပိုင်း၊ Network ပိုင်းတို့အပြင် Keyboard Control များသည်လည်း သာလွန်နေမည်ဖြစ်သည်။
ဈေးနှုန်းနှင့် ၀ယ်ယူနိုင်သည့်နေရာ  ဈေးနှုန်း ကန်ဒေါ်လာ ၁,၅၅၀ ရှိပြီး Royal Smart Trading Co.,Ltd ဖုန်း-၂၄၀၁၁၀၊ ၀၉၇၃၀၂၀၉၈၁ သို့ ဆက်သွယ်နိုင်သည်။

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>