8/02/2014

♪ MEC Tel(၀၉၃၁xxxxxx) Sim CardအသုံးပြုသူများVMS နှင့်MCAထပ်တိုးဝန်ဆောင်မှုများအသုံးပြုနိုင် ♫

Photo: MEC Tel(၀၉၃၁xxxxxx) Sim CardအသုံးပြုသူများVMS နှင့်MCAထပ်တိုးဝန်ဆောင်မှုများအသုံးပြုနိုင်
===================================================(၂.၈.၂၀၁၄)
အောင်ရဲကျော်
===================================================
      မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အကျိုးတူပူးပေါင်းထားရှိသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC Tel )sim card များအနေဖြင့်(Voice Message Send) နှင့်(Miss Call Alarm) ၀န်ဆောင်မှုကိုထပ်တိုးဝန်ဆောင်မှုပေးသွားမည်ဟုသိရှိရသည်။
အဆိုပါVMS နှင့် MCA ၀န်ဆောင်မှုအတွက်၂၀၁၄ခုနှစ်ဇူလိုင် (၂၅) ရက်နေ့မှအစပြု၍ဇူလိုင် (၃၁) ရက်နေ့အထိအခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ထပ်တိုးဝန်ဆောင်မှုနှစ်ခု မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tel) Sim card များတွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။၂၀၀၉ခုနှစ်ဧပြီကာလမှအစပြု၍မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC TEl) အနေဖြင့် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအတွင်းစတင်ဝင်ရောက်လာခြင်းဖြစ်သည်။
       တန်ဖိုးနည်း CDMA 800 MHz  sim card များကိုသာသီးသန့်ရောင်းချပေးခဲ့ပြီး၂၀၁၄ဇူလိုင်မှအစပြု၍အင်တာနက်လျှောက်ထားခြင်းကိုmessage ပို့၍ လျှောက်ထားနိုင်ရန်စီစဉ်ခဲ့သည်။
“VMS ကိုအသုံးပြုမယ်ဆိုရင်တော့Open VMS ဆိုပြီး233 ကိုပို့ပေးရမှာပါ။MAC အတွက်Open MAC ဆိုပြီး233 ကိုပဲရိုက်ထည့်ရမှာပါ။ VMS ကတော့ဖုန်းခေါ်တဲ့လူရဲ့ဖုန်းကmiss call  ဖြစ်သွားရင်ဖုန်းပိုင်ရှင်ကိုmessageပို့ပြီးပြောပေးတာပါ။ဥပမာအစ်ကိုခေါ်တဲ့ဖုန်းကိုညီကမကိုင်လို့miss call  ဖြစ်သွားရင်ညီ့ဖုန်းကိုပဲmessage ပို့ပြီးသတိပေးတာပေါ့”ဟုMEC Tel Sim cardအသုံးပြုသူကိုသီဟအောင်က ပြောကြားခဲ့သည်။ လက်ရှိကာလတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tel) နှင့်ပူးပေါင်းထားသကဲ့သို့ KDDI, Sumitomo တို့နှင့်လည်းအကျိုးတူပူးပေါင်းထားရှိသည်။၂၀၁၄ခုနှစ်ဇူလိုင်ကာလအတွင်း ရောင်းချသွားမည့် ငွေကျပ် (၁,၅၀၀)တန်တန်ဖိုးနည်းsim card များတွင်CDMA 800 MHz(MEC Tel) Sim cardများထည့်သွင်းရောင်းချသွားမည် မဟုတ်ကြာင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့်သိရှိရသည်။                                       အောင်ရဲကျော် 
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့်အကျိုးတူပူးပေါင်းထားရှိသည့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း(MEC Tel ) sim card များ အနေဖြင့်(Voice Message Send) နှင့်(Miss Call Alarm) ၀န်ဆောင်မှုကိုထပ်တိုး ၀န်ဆောင်မှုပေးသွားမည်ဟုသိရှိရသည်။

အဆိုပါVMS နှင့် MCA ၀န်ဆောင်မှုအတွက်၂၀၁၄ခုနှစ်ဇူလိုင် (၂၅) ရက်နေ့မှအစပြု၍ဇူလိုင် (၃၁) ရက်နေ့ အထိအခမဲ့ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ထပ်တိုးဝန်ဆောင်မှုနှစ်ခု မြန်မာ့စီးပွားရေးကော် ပိုရေးရှင်း (MEC Tel) Sim card များတွင်သာအသုံးပြုနိုင်မည်ဖြစ်သည်။၂၀၀၉ခုနှစ်ဧပြီကာလမှ အစပြု၍မြန်မာ့ စီးပွားရေး ကော်ပိုရေးရှင်း (MEC TEl) အနေဖြင့် ပြည်တွင်းဆက်သွယ်ရေးကဏ္ဍအတွင်း စတင်ဝင်ရောက် လာခြင်းဖြစ်သည်။
 
တန်ဖိုးနည်း CDMA 800 MHz sim card များကိုသာသီးသန့်ရောင်းချပေးခဲ့ပြီး ၂၀၁၄ ဇူလိုင်မှအစပြု၍ အင်တာနက်လျှောက်ထားခြင်းကိုmessage ပို့၍ လျှောက်ထားနိုင်ရန်စီစဉ်ခဲ့သည်။ “VMS ကိုအသုံးပြုမယ် ဆိုရင်တော့Open VMS ဆိုပြီး233 ကိုပို့ပေးရမှာပါ။MAC အတွက်Open MAC ဆိုပြီး233 ကိုပဲရိုက်ထည့် ရမှာပါ။ VMS ကတော့ဖုန်းခေါ်တဲ့လူရဲ့ဖုန်းကmiss call ဖြစ်သွားရင် ဖုန်းပိုင်ရှင်ကို message ပို့ပြီးပြောပေး တာပါ။ဥပမာအစ်ကိုခေါ်တဲ့ဖုန်းကိုညီကမကိုင်လို့miss call ဖြစ်သွားရင်ညီ့ဖုန်းကိုပဲmessage ပို့ပြီးသတိပေး တာပေါ့”ဟုMEC Tel Sim cardအသုံးပြုသူကိုသီဟအောင်က ပြောကြားခဲ့သည်။ လက်ရှိကာလတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းအနေဖြင့် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC Tel) နှင့်ပူးပေါင်းထားသကဲ့သို့ KDDI, Sumitomo တို့နှင့်လည်းအကျိုးတူပူးပေါင်းထားရှိသည်။ ၂၀၁၄ခုနှစ်ဇူလိုင်ကာလအတွင်း ရောင်းချ သွားမည့် ငွေကျပ် (၁,၅၀၀)တန်တန်ဖိုးနည်းsim card များတွင်CDMA 800 MHz(MEC Tel) Sim cardများထည့်သွင်းရောင်းချသွားမည် မဟုတ်ကြာင်းမြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှတစ်ဆင့်သိရှိရသည်။

 အောင်ရဲကျော်
Myanmar Digital Life Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>