8/24/2014

♪ LG က ဈေးသက်သာသော L Series စမတ်ဖုန်းများကို ကြေညာ ♫


LG က ဈေးသက်သာသော L Series စမတ်ဖုန်း နှစ်လုံးကို ကြေညာလိုက်ပါသည်။ 3G သာ အသုံးပြု နိုင်သော LG L Fino နှင့် L Bello တို့ဖြစ်ပြီး ဘာလင်တွင် ကျင်းပပြုလုပ်မည့် IFA ပွဲတွင် ပြသမည် လည်း ဖြစ်ပါသည်။ ဖုန်းနှစ်မျိုး စလုံးတွင် Android 4.4.2 KitKat နှင့် LG ၏ ကိုယ်ပိုင် UX Interface ကို တွဲဖက်အသုံးပြုမည် ဖြစ်သည်။ LG L Bello သည် Fino ထက်ပိုမိုစွမ်းဆောင်ရည်ကောင်းပါသည်။ L Bello ကို အဖြူ၊ အနက်၊ ရွှေရောင်များ ထုတ်လုပ်ပေးထားပြီး 1.3GHz Quad-Core CPU , ငါးလက်မ FWVGA (854x480 Pixels) IPS Display , 1GB RAM တပ်ဆင်ထားပါသည်။

အနောက်ဘက်တွင် 8MP Camera တပ်ဆင်ထားပြီး 8GB Internal Storage ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။ 2540mAh Battery တပ်ဆင်ထားပြီး အရွယ်အစားအပြည့်အစုံမှာ 138.2x 70.6x 10.7mm ဖြစ်ပါသည်။ LG L Fino တွင် ၄.၅ လက်မ WVGA Display နှင့် 1.2GHz Quad-Core CPU တပ်ဆင်ထားပါသည်။ အနောက်ဘက်တွင် 8 MP Camera တပ်ဆင်ထားပြီး 1GB RAM, 4GB Internal Storage , 1900mAh Battery ပါရှိပါသည်။ MicroSD Card အသုံးပြုနိုင်ပါသည်။ အရွယ်အစား အပြည့် အစုံမှာ 127.5 x 67.9 x 11.9mm ဖြစ်ပြီး အဖြူ၊ အနက်၊ ရွှေ ၊ အနီ၊ အစိမ်းရောင်များကို ဈေးကွက် အလိုက် ရောင်းချပေးမည် ဖြစ်သည်။

စမတ်ဖုန်းနှစ်လုံးကို ယခုလအတွင်းတွင် လက်တင်အမေရိကတွင် စတင်ရောင်းချပေးမည် ဖြစ်သည်။ ထို့နောက်တွင် ဥရောပ၊ အာရှနိုင်ငံများတွင် ရောင်းချပေးမည် ဖြစ်သည်။ ဈေးနှုန်းများကို စတင်ရောင်းချ ချိန်တွင် ကြေညာမည် ဖြစ်သည်။

Credit: Myanmar Digital Life Journal




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>