8/08/2014

♪ LG က တောင်ကိုရီးယားတွင် G3 A ကို ကြေညာ ♫

Photo: LG က တောင်ကိုရီးယားတွင် G3 A ကို ကြေညာ
=================================

 
LG က တောင်ကိုရီးယားတွင် G3 ၏ မူကွဲဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ G3 A ဟု အမည်ပေးထားပြီး နိုင်ငံတကာတွင်ရောင်းချနေသော G3 ကို ဈေးသက်သာစေရန် စွမ်းဆောင်ရည် အနည်းငယ်လျှော့ချပေးထားသော အမျိုးအစားဖြစ်ပါသည်။ 

G3 A တွင် ၅.၂ လက်မ 1080p Display နှင့် 2.26GHz Quad-Core CPU တပ်ဆင်ထားသော Snapdragon 800 SoC တပ်ဆင်ထားပါသည်။ Adreno 330 GPU , 2GB RAM ပါရှိပါသည်။ 32GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် Optical Image Stabilization နှင့် Laser Auto Focus နည်းပညာ ပါသော 13 Megapixel Camera တပ်ဆင်ထားပါသည်။ LTE-A ဆက်သွယ်မှုကို ထောက်ပံ့ပေးပြီး 2610mAh Battery တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကိုမောင်းနှင်လည်ပတ်မည် ဖြစ်သည်။ 

G3 A သည် G3 ထက် အရွယ်အနည်းငယ်သေးငယ်သော်လည်း KnockOn, Knock Code , Smart Keyboard များပါရှိပါသည်။

ကိုရီးယားတွင် ၀မ် ၇၀၄ ၀၀၀ ( ဒေါ်လာ ၆၇၀) ဖြင့် ရောင်းချပေးနေပြီး အဖြူနှင့် တိုက်တေနီယမ် အရောင်များ ရွေးချယ်နိုင်ပါသည်။ ကိုရီးယားတွင် SKT မှ ရောင်းချပေးနေပြီး အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။

LG က တောင်ကိုရီးယားတွင် G3 ၏ မူကွဲဖုန်းတစ်လုံးကို မိတ်ဆက်လိုက်ပါသည်။ G3 A ဟု အမည်ပေး ထားပြီး နိုင်ငံတကာတွင်ရောင်းချနေသော G3 ကို ဈေးသက်သာစေရန် စွမ်းဆောင်ရည် အနည်းငယ်လျှော့ ချပေးထားသော အမျိုးအစားဖြစ်ပါသည်။

G3 A တွင် ၅.၂ လက်မ 1080p Display နှင့် 2.26GHz Quad-Core CPU တပ်ဆင်ထားသော Snapdragon 800 SoC တပ်ဆင်ထားပါသည်။ Adreno 330 GPU , 2GB RAM ပါရှိပါသည်။ 32GB Internal Storage နှင့် MicroSD Card အသုံးပြုနိုင်ပါသည်။ အနောက်ဘက်တွင် Optical Image Stabilization နှင့် Laser Auto Focus နည်းပညာ ပါသော 13 Megapixel Camera တပ်ဆင်ထားပါသည်။ LTE-A ဆက်သွယ်မှုကို ထောက်ပံ့ပေးပြီး 2610mAh Battery တပ်ဆင်ထားပါသည်။ Android 4.4 KitKat ကိုမောင်းနှင်လည်ပတ်မည် ဖြစ်သည်။

G3 A သည် G3 ထက် အရွယ်အနည်းငယ်သေးငယ်သော်လည်း KnockOn, Knock Code , Smart Keyboard များပါရှိပါသည်။

ကိုရီးယားတွင် ၀မ် ၇၀၄ ၀၀၀ ( ဒေါ်လာ ၆၇၀) ဖြင့် ရောင်းချပေးနေပြီး အဖြူနှင့် တိုက်တေနီယမ် အရောင် များရွေးချယ်နိုင်ပါသည်။ ကိုရီးယားတွင် SKT မှ ရောင်းချပေးနေပြီး အခြားနိုင်ငံများတွင် ရောင်းချမည့် သတင်းကို မသိရသေးပါ။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>