8/21/2014

♪ Lenovo က စတာလင်ပေါင် ၂၂၉ တန် တန်ဖိုးနည်း Laptop ကို ရောင်းချ ♫

Photo: Lenovo က စတာလင်ပေါင်  ၂၂၉ တန် တန်ဖိုးနည်း Laptop ကို ရောင်းချ
==================================================
 
Lenovo က နောက်ဆုံးထုတ် တန်ဖိုးနည်း B50-30 ကို စတာလင်ပေါင် ၂၂၉ ဖြင့် ရောင်းချပေးလိုက်ပါသည်။ 
Lenovo B50-30 တွင် Windows 8 Operating System မောင်းနှင်လည်ပတ်မည် ဖြစ်ပြီး ဈေးနှုန်းသက်သာသော်လည်း လျှင်မြန်စွာ အသုံးပြုနိုင်ရန် လုံလောက်သည့် စွမ်းရည် ရှိပါသည်။ 
၁၅.၆ လက်မ 1920x1080 Full HD Display တပ်ဆင်ထားသည့်အတွက် အရွယ်အစားမှာ သာမာန် Laptop များထက် တစ်လက်မ ပိုမြင့်ပြီး ၂ ကီလို ပိုလေးပါသည်။ 

2.16GHz အမြန်နှုန်းဖြင့် လည်ပတ်နိုင်သော 64-bit Intel Dual-Core Celeron N2830 Processor ကို တပ်ဆင်ထားပါသည်။ 4GB RAM တပ်ဆင်ထားပြီး 8GB အထိ အဆင့်မြှင့်နိုင်ပါသည်။ 
320GB Hard Drive တပ်ဆင်ထားသော်လည်း ပိုမိုလိုအပ်သော သူများအတွက် အဆင့်မြှင့်နိုင်ပါသည်။ USB Port သုံးခုပါရှိပြီး တစ်ခုမှာ USB 3.0 Port ဖြစ်ပါသည်။ USB Port များမှ External Drive များတပ်ဆင် အသုံးပြုနိုင်ပါသည်။ Ethernet Port , VGA, HDMI Connectors များပါရှိပါသည်။

ဆက်သွယ်မှု အပိုင်းတွင် Bluetooth 4.0 ပါရှိသော်လည်း 5GHz အမြန်နှုန်းအတွက် 802.11ac စံနှုန်းကို အထောက်အပံ့မပေးသဖြင့် 2.4GHz သာရရှိနိုင်သော WiFi ဆက်သွယ်မှုကို သုံးနိုင်ပါသည်။ ဘက်ထရီ သက်တမ်းမှာ ခြောက်နာရီ အသုံးခံပါသည်။
B50-30 တွင် 720p Webcam ပါရှိပြီး McAfee LiveSafe Internet Security ကို ကြိုတင်ထည့်သွင်းထားပါသည်။ Settings များကို ပြုပြင်နိုင်ရန် Lenovo ၏ Settings Utility ပါရှိပါသည်။


Lenovo က နောက်ဆုံးထုတ် တန်ဖိုးနည်း B50-30 ကို စတာလင်ပေါင် ၂၂၉ ဖြင့် ရောင်းချပေးလိုက်ပါသည်။ Lenovo B50-30 တွင် Windows 8 Operating System မောင်းနှင်လည်ပတ်မည် ဖြစ်ပြီး ဈေးနှုန်း သက်သာသော်လည်း လျှင်မြန်စွာ အသုံးပြုနိုင်ရန် လုံလောက်သည့် စွမ်းရည် ရှိပါသည်။ ၁၅.၆ လက်မ 1920x1080 Full HD Display တပ်ဆင်ထားသည့်အတွက် အရွယ်အစားမှာ သာမာန် Laptop များထက် တစ်လက်မ ပိုမြင့်ပြီး ၂ ကီလို ပိုလေးပါသည်။

2.16GHz အမြန်နှုန်းဖြင့် လည်ပတ်နိုင်သော 64-bit Intel Dual-Core Celeron N2830 Processor ကို တပ်ဆင်ထားပါသည်။ 4GB RAM တပ်ဆင်ထားပြီး 8GB အထိ အဆင့်မြှင့်နိုင်ပါသည်။ 320GB Hard Drive တပ်ဆင်ထားသော်လည်း ပိုမိုလိုအပ်သော သူများအတွက် အဆင့်မြှင့်နိုင်ပါသည်။ USB Port သုံးခုပါရှိပြီး တစ်ခုမှာ USB 3.0 Port ဖြစ်ပါသည်။ USB Port များမှ External Drive များတပ်ဆင် အသုံးပြုနိုင်ပါသည်။ Ethernet Port , VGA, HDMI Connectors များပါရှိပါသည်။

ဆက်သွယ်မှု အပိုင်းတွင် Bluetooth 4.0 ပါရှိသော်လည်း 5GHz အမြန်နှုန်းအတွက် 802.11ac စံနှုန်းကို အထောက်အပံ့မပေးသဖြင့် 2.4GHz သာရရှိနိုင်သော WiFi ဆက်သွယ်မှုကို သုံးနိုင်ပါသည်။ ဘက်ထရီ သက်တမ်းမှာ ခြောက်နာရီ အသုံးခံပါသည်။ B50-30 တွင် 720p Webcam ပါရှိပြီး McAfee LiveSafe Internet Security ကို ကြိုတင်ထည့်သွင်းထားပါသည်။ Settings များကို ပြုပြင်နိုင်ရန် Lenovo ၏ Settings Utility ပါရှိပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>