8/04/2014

♪ ရွှေနဲ့ ပြုလုပ်ထားတဲ့ iPhone 6 ကို ကြိုတင်မှာယူနိုင်ပြီ ♫

Photo: ရွှေနဲ့ ပြုလုပ်ထားတဲ့ iPhone 6 ကို ကြိုတင်မှာယူနိုင်ပြီ

Apple က iPhone 6 ကို တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် အမေရိကန် ပြည်ထောင်စု Los Angeles အခြေစိုက် တန်ဖိုးကြီး Accessories များကို ထုတ်လုပ်ရောင်းချနေတဲ့ Brikk က ၂၄ ကာရက်ရွှေ ဒါမှမဟုတ် ပလက်တီနမ်နဲ့ ပြုလုပ်ထားတဲ့ iPhone 6 ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ အ၀ါနဲ့ ရွှေ ဒါမှမဟုတ် ပန်းရောင်နဲ့ ရွှေကို ပေါင်းစပ်ထားတဲ့ အရောင်များ ရွေးချယ်နိုင်ပါတယ်။ 

Brikk က သူ့ရဲ့ iPhone အမျိုးအစားများကို Lux iPhones များလို့ အမည်ပေးထားပါတယ်။ Lux iPhones များရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၄၉၅ ကနေ ၈၇၉၅ အထိကျသင့်မှာပါ။ ဈေးအမြင့်ဆုံးအနေနဲ့ iPhone 6 ရဲ့ အနောက်ဘက်မှ လိုဂိုကို စိန်စီပေးထားမှာပါ။ Lux iPhones အမျိုးအစား ၁၄ မျိုး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်လို့ Brikk က ရေးသားထားပါတယ်။

Apple က iPhone 6 ကို စက်တင်ဘာလမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Apple ရောင်းချအပြီး တစ်လအကြာမှာ Brikk က Lux iPhones များကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Brikk အတွက် ရွှေ iPhone 6 များကို များစွာ ထုတ်လုပ်ပေးနိုင်တဲ့ လုံလောက်တဲ့ အချိန်ပမာဏဖြစ်ပါတယ်။ 

ကြိုတင်မှာယူသူများအနေနဲ့ ဒေါ်လာငါးရာကို Deposit ပေးသွင်းထားရမှာဖြစ်ပြီး ကြိုတင်မှာယူမှုကို ပယ်ဖျက်ချင်ရင်တော့ ပေးသွင်းထားတဲ့ ငွေများကို ဆုံးရှုံးမှာပါ။ 

Brikk က သူ့ရဲ့ iPhone 6 အခွံများဟာ ၄.၇ လက်မအရွယ်မျက်နှာပြင်နဲ့ 128GB Storage အတွက် ရည်ရွယ်ဒီဇိုင်းလုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မှန်းဆချက်သာမှန်မယ်ဆိုရင် iPhone 6 ဟာ သတင်းတွေထွက်ပေါ်နေသလို အရွယ်ကြီးတဲ့ iPhone မဟုတ်သေးပါဘူး။ နောက်ပြီး 128GB ပမာဏ ဆန့်ဝင်တဲ့ ပထမဆုံး iPhone ဖြစ်လာမှာပါ။ 

KTY

Link- http://mmconsumerguide.com/?p=4112

LIKE (y) SHARE ✓ LOVE <3 Myanmar Consumer Guide

www.mmconsumerguide.com | The Best Product Reviews Radio Talk Show, Magazine & Website in Myanmar

ဘာပဲဝယ်ဝယ် Myanmar Consumer Guide ဖတ်ပြီးမှ ဝယ်ပါ။

Apple က iPhone 6 ကို တရားဝင်ကြေညာခြင်းမရှိသေးပေမယ့် အမေရိကန် ပြည်ထောင်စု Los Angeles အခြေစိုက် တန်ဖိုးကြီး Accessories များကို ထုတ်လုပ်ရောင်းချနေတဲ့ Brikk က ၂၄ ကာရက်ရွှေ ဒါမှမဟုတ် ပလက်တီနမ်နဲ့ ပြုလုပ် ထားတဲ့ iPhone 6 ကို ကြိုတင်မှာယူခွင့်ပြုလိုက်ပါပြီ။ အ၀ါနဲ့ ရွှေ ဒါမှမဟုတ် ပန်းရောင်နဲ့ ရွှေကို ပေါင်းစပ်ထားတဲ့ အရောင်များ ရွေးချယ်နိုင်ပါတယ်။ 

Brikk က သူ့ရဲ့ iPhone အမျိုးအစားများကို Lux iPhones များလို့ အမည်ပေးထားပါတယ်။ Lux iPhones များရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ ၄၄၉၅ ကနေ ၈၇၉၅ အထိကျသင့်မှာပါ။ ဈေးအမြင့်ဆုံးအနေနဲ့ iPhone 6 ရဲ့ အနောက်ဘက်မှ လိုဂိုကို စိန်စီပေးထားမှာပါ။ Lux iPhones အမျိုးအစား ၁၄ မျိုး ထုတ်လုပ်ရောင်းချမှာ ဖြစ်ပါတယ်လို့ Brikk က ရေးသားထားပါတယ်။

Apple က iPhone 6 ကို စက်တင်ဘာလမှာ ရောင်းချမယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ Apple ရောင်းချအပြီး တစ်လအကြာမှာ Brikk က Lux iPhones များကို ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Brikk အတွက် ရွှေ iPhone 6 များကို များစွာ ထုတ်လုပ်ပေးနိုင်တဲ့ လုံလောက်တဲ့ အချိန်ပမာဏဖြစ်ပါတယ်။ 

ကြိုတင်မှာယူသူများအနေနဲ့ ဒေါ်လာငါးရာကို Deposit ပေးသွင်းထားရမှာဖြစ်ပြီး ကြိုတင်မှာယူမှုကို ပယ်ဖျက်ချင် ရင်တော့ ပေးသွင်းထားတဲ့ ငွေများကို ဆုံးရှုံးမှာပါ။ 

Brikk က သူ့ရဲ့ iPhone 6 အခွံများဟာ ၄.၇ လက်မအရွယ်မျက်နှာပြင်နဲ့ 128GB Storage အတွက် ရည်ရွယ်ဒီဇိုင်းလုပ်ထားတယ်လို့ ဆိုပါတယ်။ သူ့ရဲ့ မှန်းဆချက်သာမှန်မယ်ဆိုရင် iPhone 6 ဟာ သတင်းတွေ ထွက်ပေါ်နေသလို အရွယ်ကြီးတဲ့ iPhone မဟုတ်သေးပါဘူး။ နောက်ပြီး 128GB ပမာဏ ဆန့်ဝင်တဲ့ ပထမဆုံး iPhone ဖြစ်လာမှာပါ။ 

KTY

 
Myanmar Consumer Guide



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>