8/21/2014

♪ အပြည်ပြည်ဆိုင်ရာ နည်းပညာပြပွဲကို မြန်မာနိုင်ငံ၌ ၅ ကြိမ်မြောက် ကျင်းပမည် ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr44d8wWw0pf5FNwN-VDzc9ajdsxCCt1c8Vm8Er-jC-KSa4Z-iKLTgqbNlGEgxbJEKU0c1RdchXLMOQTEvAu7qxE4l2-GtIDFlTZJa-ERiMrvIYkOSSEkFQmIAIlPnda9Q8exXzSinEWdz/s640/ict-expo-sep-2011-2.jpg

အပြည်ပြည်ဆိုင်ရာ နည်းပညာပြပွဲ (ICT Exhibition) ကို မြန်မာနိုင်ငံ၌ နိုဝင်ဘာလ ၇ ရက်မှ ၉ ရက်နေ့အထိ လက်ခံ ကျင်းပသွားမည် ဖြစ်ကြောင်း၊ အဆိုပါပြပွဲသည် မြန်မာနိုင်ငံ၌ ၅ ကြိမ်မြောက် လက်ခံ ကျင်းပသည့် ပြပွဲ ဖြစ်ပြီး မည်သူမဆိုလာရောက် လေ့လာနိုင်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်က သတင်းထုတ်ပြန်ခဲ့သည်။ ဆော့ဖ်ဝဲနှင့် ဟာ့ဒ်ဝဲ နှစ်မျိုးစလုံး ပြသကြမည်ဖြစ်ပြီး နိုင်ငံတကာ တွင် အောင်မြင်နေသည့် အမှတ်တံဆိပ်မျိုးစုံ ပါဝင်မည်ဟု မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်မှ အလုပ် အမှုဆောင် တစ်ဦးဖြစ်သူ ဒေါ်ချောခင်ခင် က ပြောသည်။ စင်ကာပူ၊ မလေးရှား၊ အမေရိကန်၊ ဘရာဇီးနိုင်ငံများ အပါအဝင် အခြားသော နိုင်ငံပေါင်းစုံမှ နည်းပညာ အမှတ်တံဆိပ်များသည် အဆိုပါ ပြပွဲ၌ ဝင်ရောက်ပြသကြမည်ဟု သိရသည်။  အချို့သော အမှတ်တံဆိပ်များသည် ပြည်တွင်း၌ ကိုယ်စားလှယ်များ ထားရှိပြီးဖြစ်သည့်အတွက် အဆိုပါ ကိုယ်စားလှယ်များနှင့် ချိတ်ဆက်၍ ဝင်ရောက်ပြသကြ မည် ဖြစ်သော်လည်း အချို့သော အမှတ်တံဆိပ် များသည် ပြည်ပမှတိုက်ရိုက်လာရောက် ပြသကြမည်ဟု သိရသည်။

Microsoft နှင့် Cisco အပါအ၀င် Data Center အတွက် လိုအပ်သော နည်းပညာများကိုလည်း ပြပွဲ၌ ပြသသွား မည်ဟု ဒေါ်ချောခင်ခင်က ဆိုသည်။  ပြပွဲကို ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ပြုလုပ်ရန် စီစဉ် ထားပြီး ပြခန်းပေါင်း ၁၀၀ ဝန်းကျင် စီစဉ်ထားသည်ဟု သိရသည်။ အဆိုပါပြခန်းများကို A အဆင့်ပြခန်း အတွက် အမေရိကန်ဒေါ်လာ ၈,၀၀၀ သတ်မှတ် ထားပြီး B အဆင့်ပြခန်းအတွက် အမေရိကန်ဒေါ်လာ ၆,၀၀၀ သတ်မှတ်ထားသည်။ ပြပွဲကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်မှ ဦးစီးထားပြီး မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းတို့ အကောင်အထည်ဖော် ဆောင်ရွက် သည်ဟု သိရသည်။ ပြခန်းများကို စီစဉ်ရာ၌ မြန်မာနိုင်ငံကွန်ပျူတာအသင်းများ က A အဆင့် B အဆင့်အပြင် C အဆင့် D အဆင့် E အဆင့် ဟူ၍လည်း စီစဉ်ထားကြောင်း သိရသည်။
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>