8/10/2014

♪ ဖုန်းပြောခ ကျပ်သိန်းဂဏန်းအထက် အသုံးပြုသူများကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ကျပ်၁၅ဝဝတန် ဆင်းမ်ကတ်သုံးကတ် ဝယ်ယူခွင့်ပေး ♫


ဖုန်းပြောဆိုခတစ်လလျှင် ကျပ်သိန်းဂဏန်းနှင့် အထက်အသုံးပြုသူများကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက ကျပ် ၁၅ဝဝတန် ဆင်းမ်ကတ်သုံးကတ်ကို စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း သိရသည်။

ယင်းသို့အသုံးပြုသူများအနေ ဖြင့် WCDMA ဆင်းမ်ကတ်များကို ရရှိနိုင်မည်ဖြစ်ကာ ဖုန်းပြောဆိုခများစွာ သုံးစွဲသည့်သူများကို ဦးစား ပေးဆောင်ရွက်ပေးခြင်းဖြစ်သည် ဟုသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းအင်ဂျင်နီယာဌာနမှ ဦးအောင် ကျော်သက်က ''MPT သုံးစွဲတဲ့ Customer တွေကို တခြားအော် ပရေတာတွေရဲ့ Customer တွေ မဖြစ်ဖို့အတွက် ဝန်ဆောင်မှုပေးတာ ပါ၊ အခုဝန်ဆောင်မှုကတော့ ဖုန်း ဘီလ်များများ အသုံးပြုတဲ့သူတွေကို ရွေးချယ်လိုက်တော့ အလုံးရေ ငါး သောင်းလောက် ထွက်လာတယ်၊ ဒီ ဖုန်းပိုင်ရှင်တွေက အီလိုက်ခ် ဖုန်း ဆိုင်တွေမှာ ဆင်းမ်ကတ်တွေ ထုတ် နိုင်ပါတယ်။ ဒီအစီအစဉ်ကို စတင် လုပ်တာက ရက်ပိုင်းလေးပဲရှိပါသေး တယ်'' ဟု ပြောသည်။

အဆိုပါဝန်ဆောင်မှုကို ရရှိသူ များအနေဖြင့် မိမိနှင့်နီးစပ်သည့် အီလိုက်ခ်တက်ခ်ဖုန်းဆိုင်များတွင် ဝယ်ယူ နိုင်ရန် မတ်ဆေ့ခ်ျပေးပို့ခြင်း တို့ကို တစ်ရက်လျှင် အလုံးရေ ငါး ထောင်ခန့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ ဆောင်ရွက်ပေးနေသည် ဟုသိရသည်။ ''နောက်ပိုင်းမှာတော့ KDDI တို့နဲ့ပဲပေါင်းပြီး ဆင်းမ်ကတ်တွေ ကို ရောင်းမှာပါ၊ လက်ရှိကတော့တခြား ဝန်ဆောင်မှုပေးမယ့်အစီအစဉ်တွေ အတွက် ပြင်ဆင်နေတယ်'' ဟုပြောသည်။

လက်ရှိတွင် ပြည်ပအော်ပရေ တာများမှ ဆင်းမ်ကတ်များ စတင် ရောင်းချနေခြင်းများနှင့် ရောင်းချ ရန် ပြင် ဆင်နေသည့် ကာလဖြစ်သ ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ယင်းတို့၏ ဝန်ဆောင်မှုများဖြစ်သည့် ဖုန်းပြောဆိုခ၊ ဖုန်းလိုင်းများနှင့် အင် တာနက် လိုင်းများ ကောင်းမွန်လာ စေရန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

MPT မှ ဂျီအက်စ်အမ်ဖုန်း အသုံးပြုသူ ဦးသူရက ''ရောင်းပေး မယ်ဆိုလဲ တစ်ခါတည်း ကျပ်၁၅ဝဝ နဲ့ ပြည် သူတွေကို ရောင်းပေးတာတော့ ကောင်းတာပေါ့၊ ဖုန်းများများပြော နိုင်တယ်ဆိုကတည်းက သူဌေးလုပ် ငန်းရှင်တွေဖြစ်မှာပဲ၊ သူတို့ကပဲ ဆင်းမ် ကတ်ဝယ်နိုင်အောင် လုပ်ပေးနေ တော့ သိပ်တော့သဘော မကျဘူး'' ဟု ပြောသည်။

PPT
(ဓါတ်ပုံ - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကကျပ် ၁၅၀၀တန် ဆင်းမ်ကတ်များအား ပြည်သူများထံ မဲနှိုက်ရောင်းချပေးနေစဉ်။)
‪#‎Democracytoday‬




<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>