6/18/2014

♪ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင် နှင့်တွေ့ဆုံခြင်း ♫

Photo: ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန ဒုဝန်ကြီး ဦးသောင်းတင် နှင့်တွေ့ဆုံခြင်း
ကျော်သွင်ကို
=====================================================

ယမန်နှစ်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သော MyanmarConnect 2013 ဖိုရမ်တွင် Tech Space ကွန်ပျူတာ၊သိပ္ပံနှင့်နည်းပညာဂျာနယ်မှ သတင်းအယ်ဒီတာ ကိုကျော်သွင်ကို MCIT ဒုဝန်ကြီး ဦးသောင်းတင်နှင့် ဆက်သွယ်ရေးကိစ္စရပ်များနှင့်ပတ်သက်ကာ တွေ့ဆုံမေးမြန်းခဲ့သည်များကိုဖော်ပြလိုက်ပါသည်။(အယ်ဒီတာ)

TSJ-မြန်မာ အင်တာနက် လွတ်လပ်ခွင့်ဖိုရမ်လုပ်ခဲ့တယ်။ MICT မှာလုပ်တော့ တယ်လီကွန်းကဏ္ဍကော reform process ကောဆရာပြောသွားပါတယ်။ အဲဒီမှာ function unit ၃ ခု Liberalization လုပ်တာရယ် reform လုပ် တာရယ် ဘယ်အဆင့်ကို ရောက်ပြီဆိုတာသိချင်ပါတယ်။

ံUTT-ကျွန်တော်တို့က ဆက်သွယ်ရေးနဲ့ အိုင်စီတီပေါ့နော်။ အိုင်စီတီလုပ်တဲ့အခါမှာ အရေးကြီးဆုံးက ဆက်သွယ်ရေး ကော်မရှင်မရှိလို့မရဘူး။ တစ်ခါနောက်ဆက်သွယ်ရေးလို့ ပြောရင် ပထမဦးဆုံး basic လူတွေကမြင်တာ တယ်လီဖုန်းပေါ့။ စကားပြောဖို့ပေါ့။ အဲဒါလည်းမလုံလောက်သေးဘူးပေါ့။ အဲဒါပြီးတောမှ အဲဒီအပေါ်မှာ data လာမယ်။ data ပေါ်မှာမှ တစ်ခါ (ICT application) တွေအများကြီးလာကြတာ ပေါ့နော်။ အဲဒီတော့ အဲဒီလိုဖြစ်ဖို့ဆိုတော့ ကျွန်တော်တို့ ၀န်ကြီးဌာနအနေနဲ့ လုပ်နေတာပေါ့လေ။ လုပ်နေပေမယ့် ခုဆိုသိသာသွားပြီပေါ့။ ကျွန်တော်တို့က ကမ္ဘာမှာ နောက်အကျဆုံးလိုဖြစ်နေတယ်။ ဆိုတော့ ဒီပုံစံနဲ့တော့ မလုံလောက်တော့ဘူး။ အဲဒီတော့ တခြား ဘယ်လို လုပ်မလဲဆိုတော့ တခြားနည်းလမ်း စဉ်းစားကြည့်တယ်။ ရှာကြည့်တယ်။ သူများတွေဟာကို လေ့လာကြည့်တော့ တစ်နည်းပဲရှိတယ်။Liberalization, telecom liberalization ပေါ့။ Telecom liberalization ဆို တဲ့အခါမှာ reform လည်းခေါ်တယ်။ ဒါပေမယ့် ကျွန်တော်တို့က liberalization လို့သုံးနေတာပေါ့။ Liberalization လုပ်တဲ့အခါမှာတော့ idea ကတော့ ရှင်းရှင်းလေးပါပဲ။ ၀န်ကြီးဌာနက policy ကိုကိုင်မယ်။ ဒါမျိုးအဲ့ဒါကတစ်ခု၊ ဒုတိယတစ်ခုကျတော့ တကယ့်လက်တွေ့ service ပေးထား။ Product ရောင်းတာ။ အဲဒါကျတော့ အဓိက တစ်ကမ္ဘာလုံးမှာသိသာတဲ့ trend က ဒါက private ကပဲလုပ်တာကောင်းတယ်။ ဟုတ်တယ်မလား။ Service provide လုပ်တာ၊ product ရောင်းတာ၊ private ကလုပ်တာ။ အဲဒီတော့ အဲဒါတွေကို ကျွန်တော်တို့က operator တွေအနေနဲ့ ခေါ်လိုက်တယ်ပေါ့။ service operator တွေကို ကျွန်တော်တို့က private လုပ်ခိုင်းလိုက်တယ်ပေါ့။ တစ်ခုရှိတာက private ဆိုတာနဲ့တစ်ပြိုင်နက်ကောင်းတာရော၊ မကောင်းတာရော ပြိုင်ကြပေါ့။ ဈေးကွက်ရဖို့၊ သူက ethical ဖြစ်တာမဖြစ်တာ အဲဒါဆိုတော့ ဒီလူတွေကို ကျွန်တော်တို့က သူတို့ပြောတဲ့အတိုင်း ထိန်းနိုင်အောင်၊ ဈေးမကြီးအောင်၊ quality ကောင်းအောင် အဲဒါတွေကို ထိန်းချုပ်ဖို့ဆိုပြီး regulator ဆိုတာလိုလာတယ်။ အဲဒီတော့ နိုင်ငံတကာမှာလည်း ခုနကပြောတဲ့ function သုံးခုဖြစ်သွားတာပေါ့နော်။ တစ်ခုက ဝန်ကြီးဌာန၊ ဝန်ကြီး ဌာနက ပေါ်လစီကိုင်တာဖြစ်သွားလိမ့်မယ်။ operator တွေအများကြီး ဖြစ်လာလိမ့်မယ်။ လေးဖွဲ့ပေါ့နော်။ ပြီးတော့ regulator ကိုလုပ်မယ်ပေါ့။ အဲဒါတွေကို လုပ်တယ်ဆိုတော့ ကျွန်တော်တို့က နှုတ်ကပြောပြီးတော့ လုပ်ကွာဆိုပြီး တန်းလုပ်လို့မရဘူး။ ကျွန်တော်တို့က Law ရဲ့ဘောင်အတွင်းကနေ အလုပ်လုပ်ကြရတာ။ ကျွန်တော်တို့က လက်ရှိ Law အရကြည့်လို့ရှိရင် ခုနကပြောတဲ့ liberalization လုပ်လို့မရဘူး။ လက်ရှိရှိတဲ့ Law အရဆိုရင် operator တွေအကုန်လုံး လုပ်ကွာလို့ ပြောလို့မရဘူး။ အဲဒီတော့ ကျွန်တော်တို့က Law ကိုပြင်ရတယ်ပေါ့နော်။ Law ပြင်ပြီးလို့ နောက်ဆုံးသမ္မတကြီး လက်မှတ်ထိုးပြီးရင် အကြမ်းဖျင်ပဲ ပြောတယ်။ ဒါတွေကို လက်တွေ့လုပ်ဖို့ဆိုရင် နည်းဥပဒေဆိုတာ ရှိရတယ်။ နည်းဥပဒေကို ကျွန်တော်တို့က ဆက်ဆွဲ၊ နည်းဥပဒေပြီးပြီလို့ရှိရင်တော့ ခုနပြောတဲ့ ဟိုအဖွဲ့တွေ operator တွေကို ပေးလို့ရပြီ။ အော်ပရေတာလို့ပြောရင် မိုဘိုင်း ၄ ယောက်ပဲ မမြင်စေချင်ဘူးလေ။ ဘာတွေပါလာမလဲဆိုတော့ ခင်ဗျားတို့အခုထားပါတော့ ringtone လုပ်တယ်ဆိုရင်လည်း အများ ကြီးဖြစ်လာမယ်။ call center ဆိုရင်လည်း အများကြီးဖြစ်လာမယ်ပေါ့။ ISP တွေအများကြီးဖြစ်နိုင်တာပေါ့။ ဆိုလိုတာ ခင်ဗျားတို့စိတ်ထဲမှာ နိုင်ငံခြားသွားရင် တွေ့ရတဲ့ service တွေပေါ့။ တယ်လီကွန်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ service တွေအကုန်လုံး သူတို့လုပ်ခွင့်ရသွားမှာပေါ့။ လိုင်စင် ကျွန်တော်တို့က ပေးသွားမှာပေါ့။ resource ကန့်သတ်ချက်ရှိတဲ့ဟာကိုသာ ကန့်သတ်ရမှာပေါ့။ ကျန်တဲ့ဟာတော့ လွယ်လွယ်ပြောရင် ဈေးကွက်က ဆုံးဖြတ်မှာပေါ့။ အဲဒီတော့ (အခုမေးတဲ့) မေးခွန်းက ဘယ်အဆင့်ရောက်ပြီလဲဆိုတော့၊ reform process က Law ကိစ္စ ပြီးသလောက်ရှိပြီပေါ့။ ပြီးတော့ regulation လုပ်နေတယ်ပေါ့။ ဒါပြီးတာနဲ့တစ်ပြိုင်နက် ကျွန်တော်တို့က Law ကို တင်ပြီးတာနဲ့ မစောင့်ပဲနဲ့ရွေးတဲ့ ကိစ္စကိုလုပ်ထားလိုက်တယ်။ ခင်ဗျာတို့လည်းတွေ့ပါလိမ့်မယ်။

ွှTSJ-e-government ကို ဆရာတို့ အကောင်အထည်ဖော်ပေးနေတယ်ဆိုတော့ ဝန်ကြီးဌာနတွေနဲ့ ချိတ်ဆက်ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်တွေ ဘယ်အထိ ခရီးရောက်နေပြီလဲ ဆိုတာ ရှင်းပြပေးပါ။

UTT-အဲဒါကလည်း  ခုနကပြောသလိုပဲ။ ခရီးဘယ်လောက်ရောက်တယ်ဆိုတာ ဘယ်နှစ်မိုင်လို့ သတ်မှတ်လို့ မရဘူး။ ဒါတွေအားလုံးက  never ending process တွေပဲ။ e-government ဘယ်တော့ပြီးမလဲ။ ဘယ်တော့မှ မပြီးဘူး။ ကျွန်တော်တို့ နိဗ္ဗာန်ဘယ်တော့ ရောက်မလဲဆိုတာမျိုး၊ ကျွန်တော်တို့ နိဗ္ဗာန်ကမှ နိဗ္ဗာန်ရောက်သွားပြီ ဆိုတာမျိုး ပြောလို့ ရသေးတယ်။ ကျွန်တော်တို့မှာတော့ ဘာလဲဆိုတော့ socio-economic development ပဲ။ စီးပွားရေး၊ လူမှုရေးပြောင်းလဲမှု အပေါ်မှာ လူတွေရဲ့ လိုအင်ဆန္ဒတွေက  တဖြည်းဖြည်းတိုးလာမှာပဲ။ နိုင်ငံကလည်း တိုးတက်နေမှာပဲ။ အဲဒီအတွက်ကြောင့် ဘယ်နေ့ပြီးမှာလဲ ဆိုတာမျိုးထက်၊ ကျွန်တော်တို့က ဒီလုပ်ငန်းလေး တစ်ခုပြီးအောင် လုပ်တယ်။ အဲဒီအချိန်ရောက်ရင် ကျေနပ်ကြမှာလား။ ကျေနပ်မှာ မဟုတ်ဘူး။ နောက်တစ်ဆင့် သွားရမယ်။ ပိုကောင်းတဲ့ ကိစ္စကို သွားနေကြတာ။ နောက်တစ်ခုက democracy process တစ်ခုလုံးမှာ ဒီအတိုင်းပဲ သွားရမှာပဲ။
ဝန်ကြီးဟောင်းလက်ထက်မှာ ဆရာရယ် ၂၀၁၃ အပြီး ဝန်ကြီးဌာနအားလုံး ဝက်ဘ်ဆိုက်တင်ရမယ်ဆိုတဲ့ ဟာမျိုး။
အဲဒါမျိုးက ပြောလို့ရတယ်။ ဒါပေမယ့် ဝက်ဘ်ဆိုက်တင်လိုက်တာနဲ့ ၊ ဝက်ဘ်ဆိုက်ရှိ သွားတာနဲ့ e-government လုပ်လို့ရတာနဲ့ မတူဘူး။ ဝက်ဘ်ဆိုက်မှာ static website က ကျွန်တော်တို့  ဝန်ကြီးဌာန ဘယ်နေရာမှာ ဘယ်လိပ်စာရှိပါတယ်ဆိုတာမျိုး ဝက်ဘ်ဆိုက်။ အဲ့တော့ ကျွန်တော်တို့က ဒီအချိန်မှာ ဝက်ဘ်ဆိုက် ရှိရမယ်လို့ ပြောရင်၊ ဝက်ဘ်ဆိုက်ရှိသွားရင် တစ်ခါ နောက်တစ်ဆင့် ထပ်လုပ်ရတော့မယ်။ ဒီဝက်ဘ်ဆိုက်က အကြံပေးတာကို လက်ခံရမယ်။ အပြန်အလှန်ဆက်သွယ်မှု (interactive) ရှိရမယ်။ နောက်တစ်ဆင့်ကျရင် form တွေ လက်ခံရမယ်။ အဲဒီအချိန်မှာပဲ mobile payment တွေရောက်လာမယ်ဆိုရင် ဝန်ကြီးဌာနကို မလာဘဲ ပိုက်ဆံကို ဝက်ဘ်ဆိုက်မှာ သွင်းလို့ရတယ် ဆိုတာမျိုး။ အဲဒီတော့ ဘယ်ခရီးရောက်ပြီလဲဆို၊ ခရီးကတော့ သွားနေတာပဲ။ သွားနေတော့ ဘယ်ဟာပန်းတိုင်လဲဆိုရင်၊ ရောက်ပြီ ဆိုလို့ရှိရင် ကျွန်တော်တို့က နောက်ထပ် race လုပ်ရပါမယ်။ bar  ကိုမြှင့်၊ မြှင့်သွားမှာပဲ။ e-government ကလည်း ပြန်ပြောမယ်ဆိုလို့ရှိရင်၊ အရင်ဝန်ကြီးရယ်၊ နောက်အစိုးရရယ် မဟုတ်ဘဲနဲ့ တောက်လျှောက်သွားနေ ရမှာပဲ။ အမြဲတမ်းတိုးတက်အောင် လုပ်နေရမယ့် ကိစ္စတွေပဲ။ အဲဒီတော့ telecom service လည်း ဒီအတိုင်းပဲ။ (အခုမေးတဲ့)။ မေးခွန်းတွေကို ကျွန်တော်ပြောချင်တာက ကွန်ပျူတာသမားအနေနဲ့ ပြောရရင် ဒစ်ဂျစ်တယ် အဖြေတွေတော့ ရမှာမဟုတ်ဘူး။ ဒါတွေက quantative မဟုတ်ဘူး။ ဆိုလိုတာက လုပ်နေတယ်။ ခုနကပြောသလို ဝန်ကြီးဌာနတွေကို ကျွန်တော်တို့က focal ဖြစ်နေတော့ တိုက်တွန်းတယ်။ အကူအညီပေးတယ်။ အခုဆိုရင် ဘတ်ဂျက်ကို ကျွန်တော်တို့က တောင်းတာမျိုး သမ္မတရုံးကလည်း လမ်းညွှန်ပေးတယ်။ (e-government အကောင်းအထည်ဖော်ဖို့ကို) ဝန်ကြီးဌာနတိုင်းအတွက် ဘတ်ဂျက်တင်ခိုင်းတယ်။ ကျွန်တော်တို့က train လုပ်ပေးတယ်။ နည်းပညာအကူ အညီပေးတယ်ပေါ့။ သင်တန်းကတော့ ၁ နှစ်လုံး ရှိနေတာပဲ။ အချိန်မရွေး သင်တန်းက ရှိနေတယ်။ ဝန်ထမ်းတွေကို ဝန်ကြီးဌာနတွေက တောင်းတယ်။ လွယ်လွယ်ပြောရရင် e-government တာဝန်ယူနိုင်သူကို ကျွန်တော်တို့က ပေးခိုင်းတာပေါ့။ ထောင်နဲ့ချီပြီးတော့ ကျွန်တော်တို့ training လုပ်ပေးပြီးသွားပြီ။ ဘယ်အချိန်၊ ဘယ်အခါမဆို e-government သင်တန်းတွေ ရှိတယ်။ ရန်ကုန်မှာလည်း ရှိတယ်။ နေပြည်တော်မှာလည်း ရှိတယ်။
ကောင်းပါပြီ ဆရာ။ နောက်တစ်ခုက PTD က ၂၀၁၅ အထိ သူက regulator အဖြစ်ရှိမယ်။ ပြီးမှ independent ရှိမယ်ဆိုတော့။ လောလောဆယ် PTD ကို…။
Independent ဖြစ်လည်း regulator ပဲ။ regulator ကရှိပြီးသားပဲလေ။ ဒါပေမယ့် ကျွန်တော်တို့က နောက်ပေါ်လာမယ့် အခင်းအကျင်းသစ်က  အော်ပရေတာ တွေ အများကြီး ရှိလာမယ်။ သူတို့ကို ထိန်းချုပ်ဖို့ဆိုရင် အတတ်ပညာ၊ လုပ်ပုံကိုင်ပုံ အများကြီး ပြောင်းရမယ်။ regulator က ရှိပြီးသား။ အသစ်ဖွဲ့တာ မဟုတ်ဘူး။ တစ်ခုရှိတာက လုပ်ငန်း ပြောင်းလဲမှု အပေါ်လိုက်လျောညီထွေဖြစ်အောင် ကျွန်တော်တို့က ပြန်ဖွဲ့ရတာပေါ့။ အဲဒီတော့ independent ဖြစ်လို့ ရှိရင် ဘာဖြစ်သွားမလဲ ဆိုတော့ သူက သူ့ဘတ်ဂျက် သူဖြစ်လာမယ့် ပုံစံမျိုးပေါ့။ ပြီးရင် ဝန်ကြီးဌာနက ပေါ်လစီပြောပြီး ဒါလုပ်၊ ဟိုဟာလုပ်ဆိုပြီး အသေးစိတ် မညွှန်ကြားတော့ဘူးပေါ့ဗျာ။ အဲဒါမျိုး ဖြစ်သွားတာပေါ့။ အဲဒီတော့ regulator ကအဲဒီ (အချိန်)မှ ထောင်မှာ မဟုတ်ဘူး။

TSJ-Telecom investor တွေ၊ တင်ဒါအောင်သွားတဲ့ ဟာတွေအပြင်၊ တခြား supplier တွေပေါ့။ သူတို့က ရင်းနှီးမြှပ်နှံမယ်ဆိုရင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုဥပဒေနဲ့ ရှိမှာပေါ့။ အဲ့ဒီမှာ ဘယ်ပစ္စည်းကိုသွင်းရမယ်၊ အခွန်ဘယ်လောက် ကင်းလွတ်ခွင့်ရှိမယ်။ Machinery အတွက်ဆို ဘယ်လောက်၊ ရင်းနှီးမြှုပ်နှံမှုတစ်ခုအတွက်ကို ဘယ်လောက်၊ သတ်မှတ်ထားတော့ကာ ဒီနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကန့်သတ်ထားတော့ သူတို့ကို တင်ဒါခေါ်တာတို့၊ သွင်းကုန်ကိစ္စတွေမှာ ပွင့်လင်းမြင်သာမှုရှိအောင် PTD အနေနဲ့ ဘယ်လိုကြီးကြပ်သွားဖို့ရှိလဲခင်ဗျ။

UTT-MIC မှာက Permit ရတဲ့သူဆိုရင် ကျွန်တော်အသေးစိတ်မသိဘူး။ ကျွန်တော့်လိုင်း မဟုတ်ဘူး။ ထားပါတော့။ Tax ဘယ်နှစ်နှစ် Free ရမယ်။ ဒီလုပ်ငန်းအတွက် သွင်းတဲ့ပစ္စည်းဆိုလို့ရှိရင် အခွန်ကင်းလွတ်ခွင့်ရမယ်။ ဒါတွေက ရှိပြီးသားပဲ။ ဒါက ကျွန်တော်တို့အပိုင်းမဟုတ်တော့ဘူး။ MIC ကနေ Permit ပေးတဲ့အခါမှာ Term & Condition ပါမယ်။ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ လုပ်ငန်းကဏ္ဍတွေဖြစ်သွားပြီ။ PTD က အဲဒီမှာ သူအလုပ်လုပ်တဲ့ကိစ္စရှိတယ်။ သူက (ခေါ်ဆိုခ) တစ်မိနစ်ကို ၂၅ ကျပ်လို့ ပြောတယ်။ ပြီးတော့မှ သူကမဟုတ်ပဲနဲ့ ခင်ဗျားကို Charge လုပ်တာ တစ်မျိုးဖြစ်နေမယ်ဆိုရင် အရေးယူမယ်ပေါ့နော်။ ပြီးတော့ သူ့ (လိုင်စင်ရအော်ပရေတာ) ကို ပြောထားတယ်။ ၁ နှစ်အတွင်းမှာ မြို့ပေါင်းဘယ်လောက်လောက်မှာ Service ရရမယ်။ မရဘူးဆိုရင် တစ်မျိုးပေါ့နော်။ ပြီးလို့ရှိရင် Dropped-call rate (နည်းပညာချို့ယွင်းမှုကြောင့် ဖုန်းဆက်သွယ်မှုပြတ်တောက်သည့်အကြိမ်ကို ရာခိုင်နှုန်းဖြင့် တွက်ချက်သတ်မှတ်ခြင်း) ကို အခါ ၁၀၀ ခေါ်လို့ရှိရင် ၂ ကြိမ်ထက်ပိုပြီး Dropped မဖြစ်ရဘူးလို့ ကျွန်တော်တို့ က ပြောတယ်။ သူကလည်း သဘောတူတယ်။ လိုင်စင်ထဲမှာ အဲဒါတွေ အသေးစိတ်ရေးထားပါတယ်။ အဲဒါတွေကို မပြေလည်လား၊ ပြေလည်လားဆိုတာ ကျွန်တော်တို့က စစ်မှာ။

TSJ-မနေ့က Myanmar Connect 2013 မှာ ပြင်သစ်လူမျိုး နိုင်ငံရေးသုတေသီက ပြောသွားပါတယ်။ မငြိမ်းချမ်းတဲ့ ဒေသတွေမှာ ဆက်သွယ်ရေးအခြေခံ အဆောက် အဦးတွေ၊ တာဝါတိုင်လိုဟာမျိုးတွေ ဆောက်ဖို့အတွက် အခက်အခဲတွေရှိတယ်။ အဲဒါတွေက ၂၀၁၅ မတိုင်ခင်အထိ ကြုံရမယ့်ဟာတွေပေါ့။ ပြီးတော့ ရွေးကောက်ပွဲအလား အလာတွေကိုလည်း ရှင်းပြသွားတယ်။ အဲဒီတော့ ပြည်ပတင်မဟုတ်ပဲ ပြည်တွင်းက Investor တွေကလည်း ဒီ Teleco Investor အသစ်တွေ ရောက်လာတဲ့အတွက် ရင်း နှီးမြှုပ်နှံမှာဆိုတော့ မြန်မာ့တယ်လီကွန်းဈေးကွက်ရှေ့ရေးကို သူသုံးသပ်ပြထားတာ ဆရာဘယ်လိုပြောချင်ပါသလဲ။

UTT-ကျွန်တော်ကတော့ မြန်မာ့ဆက်သွယ်ရေး Telecom အနေနဲ့ကတော့ Exciting Area ကြီးပဲ။ တကယ့်စိတ်လှုပ်ရှားစရာကြီးပဲ။ ပြည်တွင်းကလည်း စိတ်လှုပ်ရှားဖို့ ကောင်းတယ်။ ကျွန်တော်တို့လည်း မြင်တယ်။ စိတ်လှုပ်ရှားနေကြတာပေါ့။ ဟာ ဒီအော်ပရေတာတွေလာတော့မယ်။ Functional Division တွေ မတူတော့ဘူး။ ခုတော့ ၁၅၀၀ နဲ့ရောင်းတယ်။ Demand နဲ့ Supply မမျှသေးဘူး။ အဲဒါကြောင့် MPT ကိုပြောနေတယ်။ ဒါပေမယ့် မကြာခင်လပိုင်းအတွင်း Regulation ထွက်တာနဲ့ ဒီပစ္စည်းဟာ ဒီ MPT ကပဲ ဝယ်လို့ရမှာမဟုတ်တော့ဘူးလေ။ ကျန်တဲ့လူတွေဆီက ရတော့မှာ။ ကျွန်တော် မြင်တာက လူတိုင်းကလည်း စိတ်လှုပ်ရှားနေတာပေါ့နော်။ ဆိုလိုတာက တယ်လီဖုန်း Service ကို အလွယ်တကူရလာတော့မှာမို့လို့ ခုနပြောတဲ့ Investor တွေကလည်း ဒါမြန်မာပြည်အနေနဲ့ ကျွန်တော်ပြောမယ်ဆိုလို့ရှိရင် Foreign Direct Investment ငွေပါလာတာပေါ့။ Trading က ဝယ်လိုက်ရောင်းလိုက်နဲ့။ အဲဒါမျိုးမဟုတ်ပဲနဲ့ ပိုက်ဆံတွေတခါတည်း သွင်းလာတာ။ ဥပမာ တာဝါတိုင် ၁ တိုင်ဆောက်မယ်ဆိုလို့ရှိရင် ဒေါ်လာ ၁ သိန်းလောက်ကုန်ပါတယ်။ ပြီးတော့ အဲဒီ ၁ သိန်းကို တာဝါကြီးပြန် ယူပြီးတော့ ၁ သိန်းနဲ့ ပြန်ရောင်းလို့ရတာမဟုတ်ဘူး။ တနည်းအားဖြင့် ကျွန်တော့်မြန်မာပြည်ထဲမှာ အဲဒီပိုက်ဆံကို မြှုပ်လိုက်ရတာ။ ဒါကြီး ပြန်ယူသွားလို့လည်း မရတော့ဘူး။ ဒါပေမယ့် အဲဒါကို သူက ၁၀ နှစ် ၁၅ နှစ်တန်သည် အလုပ်လုပ်မှရတဲ့အပေါ်မှာ သူက လုပ်ရမှာ။ ပြောမယ်ဆိုလို့ရှိရင် တယ်လီကွန်းနဲ့ ပတ်သက်လို့ရှိရင် ကျွန်တော်ကတော့ မြန်မာပြည်အတွက် ဝင်လာတာအကုန်လုံးက Investment မြန်မာမြေထဲမှာ ကျန်ခဲ့တာ။ အကုန်လုံးက အကျိုးအမြတ် ရသွားမှာပဲ။ ဒါက ကျွန်တော်တို့ အလုပ်အကိုင်အခွင့်အလမ်း၊ ငွေကဝင်လာကတည်းကိုက အကုန်လုံးကိုပြန့်သွားမှာပေါ့။ တာဝါဆောက်တယ်၊ ဖိုင်ဘာလုပ်တယ်။ ပထမ ခင်ဗျားပြောသလို Investor အနေနဲ့ နိုင်ငံခြား Investor ကလည်း စိတ်လှုပ်ရှားပြီးတော့ သူ့ (အကျိုးအမြတ်) အတွက် မျှော်လို့လာတာပေါ့။ ကျွန်တော်တို့ ခပ်လွယ်လွယ်တွေးရင် ယူလာပြန်သွား။ အဲဒီလိုတော့ မရဘူး။ ၁၀ နှစ်၊ ၁၅ နှစ် သူ့ကို ကျွန်တော်တို့ လိုင်စင်ပေးထားတာ ၁၅ နှစ်၊ ၁၅ နှစ်အတွင်း မြတ်နိုင်ဖို့ သူက တော်တော်ကြိုးစားလုပ်ရမှာပေါ့။ အဲဒီမှာ ခင်ဗျားပြောသလို ရာသီဥတုအခြေအနေလည်း ဖြစ်နိုင်တယ်။ မိုးလေဝသအခြေအနေ၊ အစုံပေါ့နော်။ စီးပွားရေးဆိုတာက ကျွန်တော်တို့ တတ်နိုင်သရွေ့ ခန့်မှန်းပေမယ့် အမြင်ရတဲ့ဟာတွေလည်း ရှိတယ်။ သူတို့က နောက်တစ်ခုက ပြိုင်ကြမှာ။ ပြိုင်တယ်ဆိုကတည်းက ရှုံးနိုင်တယ်။ အရင်းပါရှုံးမှာ။ ပြီးတော့ ထိုးပြီးတော့ ကျန်တဲ့သူရောင်းရင်လည်း ရောင်းသွားရမှာ။ ဒီတစ်သက်လုံး ၄ ယောက်ဖြစ်ချင်မှဖြစ်မှာ။ ဘယ်နှစ်ယောက်ကျန်မယ် မသိဘူး။ အဲဒီတော့ ကျွန်တော်တို့မှန်းထားတာက အနည်းဆုံး ၂ ဘီလီ ယံဒေါ်လာ။ တစ်ယောက်ကို အဲဒီလောက် ရင်းရလိမ့်မယ်။ ရင်းပြီးတော့မှ Service စရောင်းလို့ရမယ်။ မရင်းပဲနဲ့မရဘူး။ အဲဒီတော့ Local သမားတွေကလည်း သူ့နေရာ။ ဒီတော့ ကျွန်တ်ာတို့က၊ ထားပါတော့။ ကျွန်တော့်ရွာဆို သာလွန် ပေါ့။ သာလွန်မှာ လုပ်မယ်ဆိုရင် သာလွန်က လူခိုင်းရမှာပဲ။ ရန်ကုန်က လူခိုင်းတာနဲ့ သူက စရိတ်မကိုက်တော့ဘူး။ အဲဒီတော့ နေရာအနှံ့မှာ ကျွန်တော်မြင်တာက Investment ဝင်သွားလိမ့်မယ်။ အခုပဲကြည့်လိုရှိရင် Telenor, Orredoo အလုပ်ခေါ်နေပြီ။ သူတို့က ကျွန်တော်တို့ရဲ့သတ်မှတ်ချက်အရ ပြည်တွင်းဝန်ထမ်းတွေ ဘယ်လောက်ခန့်မလဲ ကျွန်တော်တို့ မေးတယ်။ အဲဒီတော့ ကျွန်တော် မေးခွန်းပေါင်း ၂၀၀ မေးထားတယ်။ အဲတာက question ကြို out ထားတာ။သူ့ပဲပေးတာ မဟုတ်ပါဘူး။ လူပိုခန့်မယ်။ ဟန်းဆက်တွေဈေး ပိုလျှော့ရောင်းမယ်ဆိုရင် အမှတ်ပိုရမှာပါ။ အောင်တာရှုံးတာမရှိပါဘူး။ အားလုံးပေါင်းလိုက်တဲ့ အခါကျတော့ အမှတ်အများဆုံးလူကို အဲဒီတော့မှ ကျွန်တော်တို့က ငွေကိစ္စလုပ်တာ အဲဒီတော့ ခင်ဗျားပြောတဲ့ transparent ဆိုတာဖြစ်သွားတာပေါ့။ အဲဒီတော့ Investment ကိစ္စကလည်း ကျွန်တော်တို့ ဝန်ကြီးဌာနက ဘာမှကိုပတ်သက်တော့မှာ မဟုတ်တော့ပါဘူး။ ကျွန်တော်ပြောသလိုပဲ ပေါ်လစီကိစ္စ၊ ပြီးတော့ ဘာလဲ regulator ထိန်းမယ့်ကိစ္စ၊ အဲဒီ့  investment တွေ အားလုံးကသူ့နယ်ပယ်နဲ့ သူဝင်သွားကြမှာချဉ်ပဲ။ ဒီကုမ္ပဏီတွေက SIM Card ရောင်းတာကအစ။ ၅ နှစ်အတွင်းမှာ ဆိုင်ပေါင်း ၇၀၀၀၀ လုပ်မယ်ပြောတယ်။ အလုပ်အကိုင် အခွင့်အလမ်းက အများကြီးထွက်လာမှာ။ ပြီးရင် အင်ဂျင်နီယာ သူတို့စခေါ်တာ။ လူထောင်ကျော် ခေါ်တာ အင်ဂျင်နီယာ၊ ပြီးတော့ သူတို့တွေက အင်ဂျင်နီယာက မတတ်သေးဘူးဆိုရင် နိုင်ငံခြားပို့ပြီးတော့ သင်ပေးနေတာ။ အဲဒီတော့ သူတို့က ၅ နှစ်အတွင်းမှာ သူတို့ ၂ ယောက်လုံးက ဘာအာမခံလဲဆိုတော့ ၉၉ ရာခိုင်နှုန်း အထက်အလုပ်ခန့်မယ်လို့ ပြောထားတာ။ ကျွန်တော်တို့က ဒါကြောင့်  သူတို့ကို ရွေးထားတာ။ သူတို့ပြောတိုင်း ကျွန်တော်တို့က ရွေးတာမဟုတ်ဘူး။ ကျွန်တော်တို့က ဘာလုပ်ထားလဲဆိုတော့ လိုင်စင်ထဲမှာ ထည့်ထားတယ်။ ပြီးရင် ဒေါ်လာသန်း ၂၀၀ ကို deposit တင်ထားတယ်။ ဒီပြောတဲ့ဟာတွေ မဖြစ်ခဲ့ရင် မဖြစ်တဲ့ အတိုင်း ဒဏ်တပ်တယ်။ နောက်ဆုံး လိုအပ်လို့ရှိရင် လိုင်စင်ပြန်ရုပ်သိမ်းနိုင်တယ်။ transparent ဆိုတာ၊ ပွင့်လင်းမြင်သာမှု ဆိုတဲ့ definition ကမျိုးစုံ။ အဲဒီမှာ တစ်ခုက ဘာပါလဲဆိုတော့ ကြိုတင်ပြီးတော့ နှစ်ဦးနှစ်ဘက်က သဘောတူထားတဲ့ အချက်တွေကို ကြိုတင်ပြီးတော့ သိအောင် ပြောထားတာ။ အဲ့ဒီအတိုင်း ဆောင်ရွက်တာ။ အခု ကျွန်တော်တို့က ဒေါ်လာသန်း ၂၀၀ deposite တင်တာတို့၊ သူတို့က ဒါလုပ်မယ်ပြောတိုင်း ဒီလောက် ပိုက်ဆံရှိတယ်ဆိုတိုင်းမဟုတ်ဘူး။ ကျွန်တော်တို့က due diligence (ပဋိဥာဉ်မချုပ်ဆိုခင် ကြိုတင် စုံစမ်းစစ်ဆေးခြင်း) ခေါ်ပါတယ်။ ပြောရင် document တွေ တကယ့် တကယ်က အများကြီး။ ဒီစာရွက်တင်တဲ့ မေးခွန်း ၂၀၀ ကို တင်တဲ့ဟာအတွက် supporting ဖြစ်မယ့်ဟာတွေ အများကြီးလိုပါတယ်။ အဲဒီတော့ လိုအပ်တဲ့ ထောက်ခံစာတွေ၊ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို  ကျွန်တော်တို့ ပြန် confirm ပြန်လုပ်ပါတယ်။ ပြန်ပြောရရင်တော့ ကျွန်တော်တို့ မြင်တာက နိုင်ငံခြားကုမ္ပဏီမှာ အလုပ်အကိုင်အခွင့်အလမ်းရမယ်ဆိုပြီးတော့ လူတွေက excite ဖြစ်နေကြ တာ။ တက်ကြွနေကြတယ်။ ပျော်နေကြတယ်။ ပြီးတော့ သူတို့က ၅ နှစ်အတွင်းမှာ လူ ၁၀၀၀ လောက် ထပ်တိုးခန့်မယ်။ ဒါတိုက်ရိုက်ခန့်တာ။ အဲဒီပေါ်မှာ ခုန ဘာခေါ်လဲ SIM Card ရောင်းတာ။ ဖုန်းပြင်တာ ဒါတွေထပ်လာမှာပဲ။ ပြီးတော့ တာဝါကလည်း ဆောက်နေရဦးမှာပဲ။ ဘယ်တော့ပြီးမလဲဆိုတော့ ဒီနှစ်တာဝါ ၃၀၀ ပြီးတာနဲ့ ဆောက်နေ ရဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လူတွေက တယ်လီဖုန်းလေးဆက်လို့ ရလာပြီးရင် quality ကောင်းချင်တယ်။ အင်တာနက်လေး ရချင်တယ်။ ပြီးရင် ဒီအပေါ်မှာ touch ဖုန်းလေးသုံးချင်တယ်။ ပြီးရင် ဒီကနေပြီးတော့ ဘဏ် account လွှဲချင်တယ်။ လိုအပ်ဆန္ဒတွေက တစ်ခုပြီးတစ်ခု တက်လာမှာ။ ပြီးရင် ဒီလောက်မြန်ရင် နှေးသေးတယ်ဆို ဖြစ်နေမှာ။ မရသေးတာကနေ တစ်ဆင့်။ အဲဒီအတွက် ထပ်ဖြည့်နေရမှာ။ ဒီကာလအတွင်းမှာ တာဝါတိုင် ၁ တိုင် ဆောက်လို့လည်း ပြီးမှာမဟုတ်ဘူး။ ပြီးရင် မြို့ထဲမှာ အင်တင်နာ ထပ်တင်ရဦးမယ် roof top မှာ။ အဲဒီတော့ ပိုင်ရှင်ကလည်း အဲဒီမှာ သူ့ခေါင်းမိုးမှာ ဒါလာတင်တဲ့ အတွက် ပိုက်ဆံရလိမ့်ဦးမယ်။ အဲဒီတော့ အဲဒီအတိုင်းပဲ ဘက် ထရီသမားလည်း ရလိမ့်ဦးမယ်။ ကျွန်တော်မြင်တာကတော့ အကုန်လုံးအတွက် စိတ်လှုပ်ရှားစရာကြီးပါ။ ကျွန်တော်တို့ နိုင်ငံအတွက် အရင်တုန်းက မရှိခဲ့တဲ့ဟာကို ချက်ချင်း၊ အကြမ်းအားဖြင့်ပေါ့လေ။ တစ်ခုတော့ ရှိတယ်။ မနက်ဖြန်တော့ မဖြစ်ဘူးပေါ့။ အခုဆိုရင် ဆရာဆိုရင် နည်းနည်း idea ရလာပါပြီ။ အကြမ်းဖျဉ်း ၁ နှစ်ခွဲ၊ ၂ နှစ် လောက် အတွင်းမှာ ကျွန်တော်တို့ တော်တော်ပြောင်းလဲသွားပါလိမ့်မယ်။ အင်တာနက်သမားကလည်း အင်တာနက် မြန်လာရင် သူ့အတွက် အလုပ်ရှိလာပါလိမ့်မယ်။ indirect job opportunity တွေ အများကြီးနော်။ အရေးကြီးတာက ကျွန်တော်က တာဝါမြေတူးတာ ချည့်ပြောနေတယ် ဖြစ်မှာစိုးလို့။ ဘာလဲဆိုတော့ semi-skill တွေ လာလိမ့်မယ်။ အင်ဂျင်နီယာတွေလိုလာပြီ။ သူတို့ခန့်မယ့် လူ ၈၀၀၀ တို့ ၁ သောင်းတို့ဆိုတာ အင်ဂျင်နီယာတွေ၊ ခုခေါ်တဲ့ လူ ၁၀၀၀ ဆိုတာ အင်ဂျင်နီယာတွေ၊ management တွေ၊ accountant တွေခေါ်တာလေ။ အဲဒီတော့ အောက်ခြေအဆင့်ကနေ အလွှာစုံပေါ့။ စိတ်လှုပ်ရှားစရာကြီးပါ။ ကျွန်တော့်တော့ အားတက်တယ်။ အကောင်းမြင်တယ်။ နောက်တစ်ခုက တယ်လီဖုန်း ရပြီဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝက အများကြီး ပြောင်းသွားမှာ။ သူတယ်လီဖုန်းရသွားတာနဲ့ သူရဲ့တွေးခေါ်ပုံ၊ လုပ်ပုံ ကိုင်ပုံ၊ သွားပုံလာပုံ အားလုံးပြောင်းသွားမှာ။ အင်တာနက် ရလာရင် ပိုပြောင်းသွားမယ်။ 

TSJ-ဒါဆို အခု အများပြည်သူတယ်လီဖုန်းတွေနဲ့ လုပ်ကိုင်စားသောက်နေသူတွေဆို အဲဒီနှစ်နှစ်အတွင်း teledensity ကလည်း တိုးလာပြီဆိုရင် သူတို့တွေရဲ့ အခန်းကဏ္ဍ သူတို့တွေက ထမင်းအိုးပျောက်သွားမှာလား။ ဌာနမှာ ဝန်ထမ်းအနေနဲ့ ခန့်သွားဖို့ ရှိလား။
 
UTT-အဲဒါကတော့ ဒီလိုပဲလေ။ ကမ္ဘာသမိုင်းတစ်လျှောက်လုံးကြည့်ရင် constructive destruction ဆိုတာ ရှိတာပဲ။ လက်နှိပ်စက် သင်တန်းကျောင်း မရှိတော့ဘူး လေ။ ဘာကြောင့်လဲဆိုတော့ ကွန်ပျူတာပေါ်လာတာကို။ ဟုတ်တယ်မို့လား။ ဒီတော့သူက adapt လုပ်ရမှာပဲ။ for example ကျွန်တော်က ဆိုက်ကားနင်းတယ်။ မြို့က တ ဖြည်းဖြည်းဖွံ့ဖြိုးလာရင် ဆိုက်ကားမဝင်ရဆိုတာ ဖြစ်လာမှာပဲ။ အဲဒီအချိန်ကျရင် ကျွန်တော်ဆိုင်ကယ်တက္ကစီပြောင်းဖို့ ကြိုးစားရမှာပဲ။ မြို့က တဖြည်းဖြည်း ဖွံ့ဖြိုးလာရင် ဆိုက်ကားမဝင်ရဆိုတာ ဖြစ်လာမှာပဲ။ အဲဒီအချိန်ကျရင် ကျွန်တော် ဆိုင်ကယ်တက္ကစီ ပြောင်းဖို့ ကြိုးစားရမှာပဲ။ လူတိုင်းလူတိုင်းက ကိုယ့် trand လေးနဲ့ ပေါ်လစီ move လုပ်တာကို ကြည့်ပြီး ပြောင်းရမှာပဲ။ ဒါပေမယ့် အဲဒီဟာတွေ အတွက်ဆိုပြီးတော့ နေနေလို့ရှိရင် ကျွန်တော်တို့က မတိုးတက်နိုင်ဘူးလေ။
 ဝန်ကြီးဌာနဆိုတာကလည်း ဘက်ဂျက်ရှိတယ်။ ဝန်ထမ်းတစ်ယောက်ကို ချက်ချင်းဖြုတ်လို့ မရဘူး။ ချက်ချင်းခန့်လို့ မရဘူး။ သူ့မှာ procedure တွေ အကုန်လုံး ရှိတယ်။ ဝန်ထမ်းတစ်ယောက်ကို ခန့်လိုက်တာနဲ့ ကျွန်တော်တို့က လစာတစ်ခုတည်း စဉ်းစားလို့ မရဘူး။ သူ့နေရေးထိုင်ရေး၊ သွားရေး၊ လာရေးပါ။ ကျွန်တော်တို့က စဉ်း စားရတယ်။ အဲဒီတော့ ကျွန်တော်တို့က အဲဒီလောက် မလွယ်ဘူးပေါ့နော်။ ဒါက အပြင်ကုမ္ပဏီတွေပဲ စဉ်းစားထား။ ဒါတောင် အပြင်ကုမ္ပဏီတွေက ပင်စင်ကို စဉ်းစားစရာ မလိုဘူး။ ဒါတော့ တဖြည်းဖြည်းတော့ လာမှာပေါ့နော်။ သက်ပြည့်သွားပြီးတော့ မသေခင်ထိ၊ သေတဲ့အထိပေါ့လေ အဲဒါမျိုးစဉ်းစားရတာ။ အဲဒီလို ခပ်လွယ်လွယ် ဒီဟာလုပ် လိုက်၊ ဟိုဟာလုပ်လိုက်တော့ မရဘူး။ လုပ်ငန်းကြီးတာနဲ့ အမျှ ရှေ့ရေးနောက်ရေးတွေ စဉ်းစားရတာပေါ့နော်။ သူတို့ အလုပ်ပြုတ်သွားတာနဲ့ ဒါဆို ကျွန်တော်တို့ နောက်ထပ် မေးခွန်းက မလုပ်ကြဘဲ နေကြမလား။ အဲတော့ အလုပ်ရလို့ ပျော်နေကြတဲ့သူတွေ ရှိတယ်။ ပျော်ပါစေလားဗျာ။ ဖုန်းတွေရနေတာ ပျော်ပါစေလားဗျာ။ လူအများ စုကို ပိုကြည့်ရင် ကောင်းမယ်။ ပိုတိုးတက်တဲ့ ပိုကောင်းမွန်တဲ့ အနာဂတ်ကို ကြည့်စေချင်တယ်။ ကျွန်တော်ကတော့ တယ်လီဖုန်းဈေးသက်သာအောင် ဘယ်လိုလုပ်မလဲ။ ကွာလတီ ဘယ်လိုကောင်းအောင်လုပ်မလဲ။ ကျွန်တော်တို့ identify လုပ်လိုက်မယ်။ liberalization ကို liberalize လုပ်လိုက်လို့ရှိရင် အဲဒီလူတွေ အလုပ်ပြုတ်မှာ ဆိုလို့ ရှိရင် ဘာမှ လုပ်လို့ မရတော့ဘူး။ အဲဒီတော့ ကျွန်တော့်တို့ကတော့ ပိုကောင်းသော ဘဝကိုသွားဖို့ အတွက်တော့ constructive destruction ပေါ့။  ကျွန်တော်တို့က particular case တစ်ခုချင်းစီကို စဉ်းစားမယ့် အစား ပိုကောင်းတဲ့ အနာဂတ်အတွက် စဉ်းစားစေချင်တယ်။ technology နဲ့ future ပေါ်မူတည်ပြီးတော့ တချို့အလုပ်အကိုင် တွေကတော့ ပျောက်သွားမယ်။ အဲဒီလို မပျောက်ခင်မှာ ပြင်ဆင်ထားရမှာပေါ့။

TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>