5/14/2017

♪ Sony Xperia XZs Price : 899,000 ks ရဲ့ အားသာချက် အားနည်းချက် နှင့်အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်
ကင်မရာရဲ့ Megapixels ပိုင်းတွေမှာ မြင့်မားတဲ့အတွက် ဓာတ်ပုံပိုင်း မှာတော့ ကောင်းမွန်အားသာတဲ့ဖုန်းလို့ ဆိုရမှာပါ။ မှတ်ဉာဏ်ပိုင်းမှာလည်း မြင့်မားတဲ့အပြင် ရေစိုခံ ဖုန်းအမျိုးအစား ဖြစ်တာကလည်း ကောင်းမွန်တဲ့ အချက်တစ်ခုပါပဲ။ ဗီဒီယိုရိုက်ကူးတဲ့ အခါမှာလည်း 4K အရည်အသွေးရှိတဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်တဲ့အပြင် Screen ပိုင်းနဲ့ ဖုန်းမှာဖွဲ့စည်း တည်ဆောက်ပေးထားတဲ့ CPU, GPU ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့ဖုန်းပါ။ ဖုန်းထဲမှာ ဇော်ဂျီမြန်မာစာစနစ် တစ်ပါတည်း ပါလာတဲ့အတွက် အရင်တုန်းက Sony ဖုန်းတွေလိုမျိုး မြန်မာစာအဆင် မပြေမှာကို စိတ်ပူနေဖို့ မလိုအပ်တော့ပါဘူး။

အားနည်းချက်
Sim Card Adapter ဟာ ပျော့ပျောင်းတဲ့ ပလတ်စတစ်သားနဲ့ လုပ်ထားတာဖြစ်တဲ့အတွက် Card ကို ထုတ်သွင်းပြုလုပ်တဲ့အခါမှာ Adapter ကျိုးပဲ့နိုင်ခြင်းကို ဂရုစိုက်ရပါလိမ့်မယ်။ FM Radio စနစ်လည်း ပါဝင်တာ မတွေ့ရပါဘူး။

ဒီဇိုင်း
ပုံစံဒီဇိုင်းကတော့ အနားထောင့်လေးဖက်စလုံးဟာ ထောင့်ကျကျပုံစံမျိုး တည်ဆောက်ထားပြီး တည်တည်ငြိမ်ငြိမ်ရှိတဲ့ ပုံစံမျိုးလို့ သတ်မှတ်လို့ ရပါတယ်။ ဖုန်းရဲ့အနားဘေးဘောင်တွေ ပါးလွှာပြီး မျက်နှာပြင်ကိုလည်း Gorilla Glass နဲ့ ကာကွယ်ပေးထားပါတယ်။ ဖုန်းတစ်ခုလုံးရဲ့အရွယ်အစားကတော့ အထက်အောက်အမြင့် ၁၄.၆ စင်တီမီတာ၊ ဘေးတိုက်အကျယ် ၇.၂ စင်တီမီတာနဲ့ ထုထည်ကတော့ ၀.၈၁ စင်တီမီတာရှိပါတယ်။ အရွယ်အစားကတော့ လက်ထဲမှာ ကိုင်ပြီးအသုံးပြုဖို့အတွက် သက်သောင့်သက်သာ ရှိတဲ့အရွယ်အစားမျိုးဖြစ်ပေမယ့် အလေးချိန်ကတော့ ၁၆၁ ဂရမ်ဖြစ်ပြီး အလေးချိန် နည်းနည်းလေးရှိတယ်လို့ ခံစားရစေပါတယ်။

မြင်ကွင်း
၅.၂ လက်မရှိတဲ့ IPS LCD Screen ဖြစ်ပြီး Screen Resolution ကတော့ 1080 x 1920 Pixels ရှိတဲ့ Full HD Screen ပါ။

နည်းပညာ
Settings ထဲမှာ Assist ဆိုတဲ့ပါဝင်ပြီး ဒီစနစ်ထဲမှာတော့ Tips, Action, Battery Stamana, Battery Care, Smart Cleaner ဆိုတဲ့စနစ် တွေကိုအသုံးပြုနိုင်ပါတယ်။ အရင်တုန်းက Sony ဖုန်းတွေ သုံးမယ်ဆိုရင် မြန်မာစာရလား၊ မရလား မေးရသလို မြန်မာစာအတွက် ပြန်ထည့်သုံးရပေမယ့် ဒီဖုန်းမှာတော့ ဇော်ဂျီမြန်မာစာစနစ်က တစ်ပါတည်း ပါဝင်လာမှာပါ။ ကင်မရာပိုင်းမှာတော့ ဓာတ်ပုံရိုက်ဖို့ ကောင်းမွန်တဲ့ Object Tracking ဆိုတဲ့စနစ် ပါဝင်လာပါတယ်။ ဒီစနစ်ကတော့ ကိုယ်လိုချင်တဲ့ Focus ကို ထောက်ထားလိုက်တာနဲ့ ဖုန်းကိုဘယ်လိုပဲ လှုပ်ရှားရွှေ့ပြောင်းနေပါစေ Focus က မပြောင်းလဲပဲ ရှိနေမဲ့ စနစ်ပါ။ Lacer Focus နည်းပညာ၊ EIS Gyro Sensor စနစ်တွေလည်း ပါဝင်ပါတယ်။ ကီးဘုတ်ကိုလည်း ကိုယ်လိုချင်တဲ့ Themes ပုံစံတွေ၊ လက်ကွက်ပုံစံတွေ၊ အရောင်တွေ အစရှိသဖြင့် စိတ်ကြိုက်ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။ ဘက်ထရီ အားသွင်းနှုန်း မြန်ဆန်တဲ့ First Battery Charging (Quick Charge 3.0) စနစ်လည်း ပါဝင်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို ခြုံပြီးသုံးသပ် ကြည့်မယ်ဆိုရင်တော့ Sony Xperia XZs ဟာ ဖုန်းရဲ့မှတ်ဉာဏ်ပိုင်းနဲ့ ကင်မရာ Megapixels ပိုင်းတွေမှာ မြင့်မားကောင်းမွန်တဲ့ ဖုန်းလို့ဆိုနိုင်ပါတယ်။ Screen ပိုင်းမှာလည်း Full HD Screen နဲ့ IPS LCD, Triluminos display နည်းပညာ၊ X-Reality Engine စနစ်တွေကြောင့် ကောင်းမွန်တဲ့ ရုပ်ထွက်မြင်ကွင်းကို ခံစားရစေပါတယ်။ ကင်မရာပိုင်းမှာ Megapixels တွေမြင့်မားပြီး Sensor အရွယ်အစားနဲ့ Aperture တွေကောင်းမွန်ပေမယ့် ကင်မရာ Feature ပိုင်းမှာတော့ သုံးနိုင်တဲ့စနစ်က နည်းတယ်လို့ ခံစားရပါတယ်။ CPU, GPU ပိုင်းတွေမှာလည်း ကောင်းမွန်တဲ့အပြင် မြန်မာစာတစ်ပါတည်း ပါလာတာကလည်း ကောင်းတဲ့အချက် တစ်ခုပါပဲ။ Fingerprint ပါဝင်ပေမယ့် Fingerprint က ဖုန်းရဲ့ညာဖက် ဘေးဘောင်ပေါ်မှာ တပ်ထားတာ ဖြစ်တဲ့အတွက် ဘယ်သန်သမားတွေအတွက်တော့ နည်းနည်းအခက်အခဲ ရှိနိုင်မယ်လို့ ခံစားရပါတယ်။

Network     GSM – 2G/ 3G/ 4G
SIM              Dual SIM (Nano Sim Dual Standby)
OS                 Android OS, v7.1
CPU              Quad-core (2×2.15 GHz Kryo & 2×1.6 GHz Kryo)
GPU              Adreno 530
Memory      Internal 64GB, 4GB RAM, Micro SD 256GB
Camera       19 MP, f/2.0, 25mm, EIS (gyro), predictive phase detection and laser autofocus, LED
flash, 1/2.3″
sensor size, geo-tagging, touch focus, face/smile detection, HDR,
panorama Video, Secondary 13 MP,
f/2.0, 22mm, 1/3″ sensor size
Wi-Fi            802.11 a/b/g/n/ac, dual-band, Wi-Fi Direct, DLNA, hotspot
Bluetooth   4.2, A2DP, aptX, LE
Battery        i-Ion 2900 mAh Battery


သူတို့အမြင်

ကိုကျော်စွာစိုး (စမ်းသပ်အသုံးပြုသူ)
XZs က Screen ပိုင်းနဲ့ ဖုန်းရဲ့ Memory ပိုင်းတွေမှာ ကောင်းပါတယ်။ ကင်မရာပိုင်းမှာ ဆိုရင်လည်း ရှေ့ကင်မရာရော နောက်ဘက် ကင်မရာနှစ်ခုစလုံးက Megapixels မြင့်တဲ့ ကင်မရာတွေ ဖြစ်တဲ့အတွက် ဓာတ်ပုံပိုင်းအတွက်လည်း ကောင်းမွန်ပါတယ်။ ဒါပေမယ့် ကင်မရာရဲ့ Feature ပိုင်းတွေမှာတော့ နည်းနည်းလေး နည်းနေတယ် လို့ခံစားရတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းထွက် နည်းပညာ ဖုန်းတွေတော်တော်များများမှာ ကင်မရာ Feature တွေကတော်တော်လေး စုံလာကြတယ်။ အားသွင်းမြန်တဲ့ စနစ်ပါတယ်ဆိုပေမယ့် ဘက်ထရီကလည်း နည်းတယ်လို့ ခံစားရတယ်။ CPU, GPU တွေကတော့ကောင်းပါတယ်။ မြန်မာစာ တစ်ခါတည်း ပါလာတာနဲ့ ရေစိုခံ ဖြစ်နေတာကိုလည်း သဘောကျပါတယ်။

မသိမ့်သိမ့်သူ (စမ်းသပ်အသုံးပြုသူ)
ရေစိုခံ့ အကြမ်းခံဖုန်းဆိုတော့ အဲဒီအချက်မှာတော့ Sony ကိုအကြိုက်ဆုံးပဲလို့ ပြောလို့ရတယ်။ ပြီးတော့ မြန်မာစာတစ်ခါတည်း ပါလာတယ် ဆိုတာကိုလည်း ကြိုက်ပါတယ်။ ခုလက်ရှိ ကိုင်ထားတာက Sony Xperia Z5 ဖုန်းပါ။ Z5 တုန်းကလည်း မြန်မာစာက တစ်ခါတည်း မပါလို့ ပြန်ထည့်ရတယ်။ အချိန်လည်း စောင့်ရတယ်။ ခုတော့ မြန်မာစာပါတော့ အဆင်ပြေသွားတာပေါ့။ ကင်မရာတွေကလည်း ရှေ့ရော နောက်ရော Megapixels မြင့်တဲ့ ကင်မရာတွေဆိုတော့အဲ ဒီအချက်ကိုလည်း သဘောကျတယ်။ ကင်မရာ Feature တွေနည်း တယ်လို့ဆိုပေမယ့် Sony ရဲ့ ကင်မရာရုပ်ထွက်ကိုတော့ သဘောကျ ပါတယ်။ Memory ပိုင်းလည်း မြင့်တယ်။ Sim Card နှစ်ကတ်သုံး မယ်ဆိုရင် SD Card သုံးလို့ မရတာကိုတော့ သိပ်သဘောမကျဘူး။ ပြီးတော့ ဒီထပ် ဈေးနည်းနည်း ပိုသက်သာရင် ကောင်းမယ်လို့ ထင်မိတယ်။

ကိုချမ်းအေးဝင်း (စမ်းသပ်အသုံးပြုသူ)
ကြိုက်တာလေးတွေ အရင်ပြောရမယ် ဆိုရင်တော့ ကင်မရာရဲ့ Megapixels ပိုင်းတွေကြိုက်တယ်။ Memory ပိုင်းတွေလည်းကြိုက် တယ်။ ရေစိုခံ အကြမ်းခံတဲ့ အပိုင်းကိုလည်း သဘောကျပါတယ်။  ပြီးတော့ CPU, GPU ပိုင်းတွေ၊ Screen ပိုင်း၊ Sony Engine ပိုင်းတွေကိုလည်း ကြိုက်ပါတယ်။ မြန်မာစာ ပါလာတာလည်း ပြည်တွင်း ဈေးကွက်နဲ့ ပြည်တွင်း အသုံးပြုသူတွေအတွက် လိုက်ဖက်တဲ့ အချက်တစ်ခုပါပဲ။ ဖုန်းရဲ့လုပ်ဆောင်ချက်ပိုင်းတွေ၊ Screen ပိုင်းတွေနဲ့ Graphic Engine ပိုင်းတွေနဲ့ နှိုင်းယှဉ်လိုက်မယ်ဆိုရင် ထည့်ထားတဲ့ ဘက်ထရီက နည်းနေတယ်လို့တော့ ခံစားရတယ်။ SD Card သုံးမယ်ဆိုရင် Sim Card တစ်ကတ်ပဲသုံးလို့ ရတာကိုလည်း သိပ်သဘောမကျဘူး။ ဈေးလည်း နည်းနည်းလေး ဒီထပ်သက်သာရင်ပို ကောင်းမယ်လို့တော့ ခံစားရတယ်။

Settings ထဲမှာ Assist ဆိုတဲ့ ပါဝင်လာပါတယ်။ ဒီစနစ်ထဲမှာတော့ အသုံးတည့်တဲ့ Tips, Action, Battery Stamana, Battery Care, Smart Cleaner အစရှိတဲ့ စနစ်တွေ ပါဝင်ပါတယ်။


User ဆိုတဲ့ စနစ်ထဲမှာလည်း ဖုန်းအတွက်လိုအပ်တဲ့ အကောင့်တွေကို ခွဲခြားထားပြီး အသုံပြုနိုင်ပါတယ်။


ဘက်ထရီ အားပြန်သွင်းခြင်းအတွက် မြန်ဆန်တဲ့ အားသွင်းစနစ် ပါဝင်တဲ့အပြင် ဘတ်ထရီ အသုံးပြုခြင်း အတွက်လည်း ကောင်းမွန်တဲ့ Power Saving စနစ် ပါဝင်ပါတယ်။


ကင်မရာပိုင်းမှာတော့ Megapixels မြင့်မားတဲ့  ကင်မရာတွေကို အသုံးပြုထားပြီး ဓာတ်ပုံပိုင်းအတွက်လည်း ကောင်းမွန်တဲ့ စနစ်တွေ  ပါဝင်ပါတယ်။


ကင်မရာရဲ့ Settings စနစ်ထဲမှာလည်း အသုံးပြုနိုင်မယ့် စနစ်တွေ ရှိပါသေးတယ်။ Settings စနစ်ထဲမှာ Object Tracking ဆိုတဲ့ စနစ်ကလည်း ကောင်းမွန်တဲ့ စနစ်တစ်ခုပါ။ ကိုယ်က Focus ပြုလုပ်ချင်တဲ့ အရာတစ်ခုကို Focus ထောက်ထားလိုက်ပြီးပြီဆိုတဲ့ အချိန်မှာ  ကင်မရာကို လိုအပ်သလို ရွှေ့ပြောင်း ပြုလုပ်တယ်ဆိုရင်တောင် Focus ကနေရာ မပြောင်းလဲသွားပဲ ကိုယ်ရွှေ့တဲ့ နေရာတွေအထိ တိကျတဲ့ Focus အနေနဲ့ ပါလာမှာ ဖြစ်ပါတယ်။










Credit to ==> Internet Journal
 


<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>

 
 
 
 
 
 
 
 
www.pyaephyo.com