အသစ်ထွက်ရှိမည့် Elite x3 Windows 10 စမတ်ဖုန်းနှင့် ပတ်သက်၍ HP က
အချက်အလက်အပြည့်အစုံကို ဖော်ပြခဲ့ချိန်တွင် ဈေးနှုန်းနှင့်
ရောင်းချမည့်အချိန်ကို ချန်လှပ်ထားခဲ့သည်။
သို့သော်လည်း ယခုအခါတွင် HP က ချန်လှပ်ခဲ့သည့် ၎င်းအချက်အလက်များကို အတည်ပြုပြောကြားခဲ့ကြောင်း အီတလီဆိုက် Plaffo မှ ဖော်ပြခဲ့သည်။
၎င်းဝက်ဘ်ဆိုက်တွင် Elite x3 ကို စက်တင်ဘာလတွင် ယူရို ၆၉၉ (ဒေါ်လာ ၇၇၀ ဝန်းကျင်ခန့်) ဖြင့် ရောင်းချမည်ဟု ပြောကြားခဲ့သော်လည်း ရက်အတိအကျကိုမူ မဖော်ပြခဲ့ပေ။

www.pyaephyo.com