7/05/2016

♪ ရေအလုံအလောက်သောက်ဖြစ်လား သိစေမယ့် Android App ၂ ခု ♫


ရေဟာ လူ့ ကိုယ်ခန္ဓာကိုယ်မှာ အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်ပေမယ့် လူတော်တော်များများကတော့ ခန္ဓာကိုယ်ကြီး ကောင်းကောင်းလှုပ်ရှားနိုင်ဖို့ အတွက်နေ့ စဉ် ရေအလုံအလောက်သောက်ဖို့ လိုအပ်တယ် ဆိုတာကို မသိကြပါဘူး။ဒါတင် မကပါဘူး။ ခင်ဗျားဟာ ကိုယ်အလေးအချိန်ကို လျှော့ဖို့  ကြိုးစားနေတယ်ဆိုရင် ဒါမှမဟုတ် ပုံမှန် ကျန်းကျန်းမာမာလေး နေသွားချင်တယ်ဆိုရင် တစ်နေ့ ကို အနည်းဆုံးရေ ၈ ဖန်ခွက်မှ ၁၀ ခွက်သောက်ဖို့ လိုအပ်တယ်လို့  ကျွမ်းကျင်သူများက ဆိုပါတယ်။

ရေအလုံအလောက်မသောက်တာနဲ့ ပတ်သတ်ပြီး အပြစ်တင်ရမယ့်အထဲမှာ ကျွန်တော်တို့ ရဲ့ ရှုပ်ထွေးများမြောင်လှတဲ့ နေ့ စဉ်အချိန်ဇယားလည်း ပါနိုင်ပါတယ်။ပြောချင်တာက တစ်နေ့ တာ ၂၄ နာရီတိုတိုလေးအတွင်းမှာတောင် လုပ်စရာတွေက တစ်ပုံတစ်ပင်ကြီး ဖြစ်နေတာဆိုတော့ ကိုယ် ရေဘယ်နှစ်ခွက်သောက်ထားမိလည်း ဘယ်သူက မှတ်ထားမှာမလို့ လဲ။ မဟုတ်သေးပါဘူး။ ရေသောက်ဖို့  လိုအပ်ခြင်းဟာ အရေးကြီးတာဖြစ်ပြီး အဲသလို လုပ်ဖို့  အချိန်မရှိဘူးဆိုရင် ဒါမှမဟုတ် ရေဘယ်နှစ်ခွက်သောက်ပြီးပြီလဲ ရေတွက်ဖို့ မေ့နေတယ်ဆိုရင် ကိုယ့်ရဲ့ စမတ်ဖုန်းကို ဒီရည်ရွယ်ချက်နဲ့ သုံးတာက အကျိုးရှိပါလိမ့်မယ်။ဘာပဲပြောပြော ကိုယ်ကိုင်တဲ့ ဖုန်းဟာ ကိုယ်နဲ့ အချိန်တိုင်း ရှိနေတာဖြစ်လို့  ရေဘယ်နှစ်ခွက် သောက်ထားလဲဆိုတာကို ရေတွက်ရာမှာ ဖုန်းကို ဘာ့ကြောင့်မသုံးရမှာလဲ။ရေသောက်ဖို့ လိုအပ်လာပြီဆိုတိုင်း သင့်ကို သတိပေးသွားမယ့် Android Apps အလန်းစား ၂ မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

1.Hydro Coach


Hydro Coach app ကတော့ ရေဘယ်လောက်သောက်ဖြစ်လဲ စစ်ဆေးတဲ့ app တစ်ခုဖြစ်ပါတယ်။ ဒီapp ကို ထည့်ပြီး install လုပ်တဲ့အခါ အသက် ၊ လိင်အမျိုးအစား နဲ့ အလေးချိန်စတာတွေကို input အဖြစ် မေးမြန်းထားပါတယ်။ အဲဒီအချက်အလက်တွေကို သုံးပြီး တစ်နေ့ တာမှာ ကိုယ့်ခန္ဓာကိုယ်အတွက် ရေဘယ်နှစ်ဖန်ခွက်လိုအပ်လဲဆိုတာကို Algorithm သုံးပြီး တွက်ချက်ပေးပါတယ်။ပြီးတာနဲ့  ကိုယ်ရေဘယ်နှစ်ဖန်ခွက်သောက်နိုင်သလဲဆိုတာကို ပြောထားရပါတယ်။ အဲဒါပေါ်အခြေခံပြီး Algorithm  က တစ်နေ့ မှာ ကိုယ်ရေဘယ်နှစ်ခွက်ဖို့  သောက်ဖို့ လိုအပ်သလဲကို တွက်ချက်ပေးသွားမှာပါ။ ဒီ app ကလေးက ကိုယ့်ရဲ့ ရေသောက်နှုန်းကို ပြန်လည်စစ်ဆေးကြည့်ဖို့  နေ့ စဉ်မှတ်တမ်းတစ်ခုလို လုပ်သွားမှာဖြစ်ပါတယ်။ကိုယ်ကနေ အချိန်လေးတစ်ခု သတ်မှတ် ထားလိုက်တာနဲ့  ဒီ app လေးက ကိုယ် ရေသောက်ရမယ့် အချိန်ကို သတိပေးနေမှာပါ။
ဒါက ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကို ဂရပ်ဖ်ပုံအတိုင်း ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ နောက်ပြီး app ဖွင့်ကြည့်စရာမလို ဘဲ ကိုယ့်ရဲ့ Homescreen မှာပဲ ဒေတာတွေကို လွယ်လင့်တကူ သွင်းနိုင်ထားဖို့  ရိုးရှင်းတဲ့ widget တစ်ခုလိုမျိုးနဲ့ လည်း လာတာရှိပါတယ်။ Android Wear လိုမျိုးနဲ့ လည်း လာပါတယ်။ social media ကနေ တစ်ဆင့် ကိုယ့်သူငယ်ချင်းတွေနဲ့  ကိုယ့်ရဲ့ လှုပ်ရှားမှုတွေကိုလည်း Share လို့ ရပါတယ်။ Hydro Coach app ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Hydro Coach app for Android

  1. Water Drink Remainder


Water Drink Remainder ကတော့ အခုလောလောဆယ် ကျွန်တော် သုံးနေတဲ့ app လေးပါ။ကျွန်တော် ထင်တယ်။ ဒီapp လေးကို ကျွန်တော်သုံးနေတာ ၇လ ၈လလောက်တောင် ရှိနေပြီ။ သူကလည်း Hydro Coach နဲ့ အများကြီးဆင်ဆင်တူပါတယ်။ functions တွေက နှစ်မျိုးစလုံးမှာ တူတာတွေ ရှိထားပါတယ်။ Hydro Coach နဲ့ တူတာကတော့ ကိုယ့်အကြောင်း အချက်အလက်တွေကို သွင်းပေးထားရပြီး ကိုယ်တစ်နေ့ မှာ ရေဘယ်လောက်သောက်ဖို့ လိုအပ်သလဲကို တွက်ချက်မှုတွေ လုပ်ပေးပါတယ်။ ကိုယ့် လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့   ကိုယ့်မှာ ရေသောက်ခဲ့တဲ့ မှတ်တမ်းတစ်ခုနဲ့ Chart လေးတစ်ခု ရှိပါတယ်။ တစ်နာရီခြားတစ်ခါဆိုသလို အချိန်ကာလတစ်ခုကို အသေသတ်မှတ်ထားပြီး တစ်ကြိမ်နဲ့ တစ်ကြိမ် ရေသောက်နှုန်းကာလကို ချိန်ညှိထားနိုင်ပါတယ်။ ထပ်ပြောရမယ်ဆိုရင် Google Fit နဲ့ တွဲပြီး ကိုယ်အလေးအချိန်အချက်အလက်တွေကို လည်း ချိန်ထားလို့ ရပါတယ်။ Water Drink Remainder app ကိုအောက်က link မှာရယူနိုင်ပါတယ်။

Download Water Drink Remainder for Android
ဒီ app နှစ်ခုစလုံးဟာ လုပ်ဆောင်ချက်တွေ တူကြပြီး အတော်လေးကို ကောင်းပါတယ်။ ဒီတော့ ကိုယ်နဲ့  ကိုက်ညီတဲ့ app ကို ကိုယ်နှစ်သက်သလို ရွေးချယ်ကြဖို့ ပါပဲ။

Wai Lin Aung (Myanmar Mobile App)




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com