8/12/2015

♪ ZTE Obsidian အား T-Mobile မိတ်ဆက် ♫



ZTE ရဲ့စမတ်ဖုန်းသစ်တစ်လုံးကို T-Mobile ကကြေညာလိုက်ပါတယ်။ ZTE Obsidian လို့အမည်ပေးထားတဲ့ ဒီစမတ်ဖုန်းကို လောလောဆယ်မှာ T-Mobile ရဲ့အွန်လိုင်းနဲ့လက်လီအရောင်း ဆိုင်တွေမှာ ကနဦး ရောင်းချသွားမှာဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့ကစတင်ပြီး ဝယ်ယူနိုင်မယ်လို့ သိရပါ တယ်။

လုပ်ဆောင်ချက်အရကြည့်ရင် Obsidian က တန်ဖိုးနည်းဖုန်းတစ်လုံးပါ။မျက်နှာပြင်အရွယ်အစားက ၄.၅ လက်မရှိပြီး အရည်အသွေးက 854x480 Pixels ပဲရှိပါတယ်။ကင်မရာအနေနဲ့ကျောဘက်မှာLED အလင်းဖြည့် မီးပါဝင်တဲ့ 5MP ပါဝင်ပြီး မျက်နှာစာမှာ 2MP ပါဝင်ပါတယ်။

အတွင်းပိုင်းလုပ်ဆောင်ချက်တွေအရတော့ Obsidian မှာ MediaTek ရဲ့ MT6735M Chipset နဲ့အတူ 1 GHz Quad-Core CPU နဲ့ 1GB RAM တို့ပါဝင်ပါတယ်။မှတ်ညဏ်သိုလှောင်နိုင်စွမ်းကတော့ 4GB ဖြစ်ပြီး MicroSD နဲ့ထပ်မံတိုးချဲ့နိုင်မှာဖြစ်ကာ ဘက်ထရီကတော့1,800mAh ဖြစ်ပါတယ်။

OS အနေနဲ့ Android 5.1 Lollipop အသုံးပြုသွားမယ့် Obsidian ကတန်ဖိုးနည်းဖုန်းတစ်လုံးဆိုပေမယ့် 4G LTE စနစ်ကိုထောက်ပံ့ပေးနိုင်မှာဖြစ်ပါတယ်။လောလောဆယ်မှာတော့ Obsidianကို T-Mobile ကနေတစ်ဆင့် ရောင်းချသွားမှာဖြစ်ပြီး ဈေးနှုန်းကိုတော့၉၉.၉၉ဒေါ်လာသတ်မှတ်ထားပါတယ်။

အခြားနိုင်ငံတွေမှာ ဖြန့်ချိ သွားဖွယ်ရှိမရှိ ZTE က ထုတ်မပြောပေမယ့် Phone Arena ကတော့ အခြားဈေးကွက် တွေမှာနာမည် တစ်မျိုးနဲ့ ဖြန့်ချိသွားဖွယ်ရှိကြောင်း ခန့်မှန်းထားပါတယ်။

Credit to ==>TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com