8/12/2015

♪ တယ်လီနော မြန်မာမှ ဖုန်းပိတ်ထားစဉ် သို့မဟုတ် ဆက်သွယ်မှုဧရိယာ ပြင်ပရောက်ရှိနေစဉ် သတိပေးသည့်စနစ် Miss Call Alert ၀န်ဆောင်မှုကို အခမဲ့ အသုံးပြုနိုင်ပြီ ♫

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc_ayzgxseB74L9w36kMNfXcgZM5_VVFSy_oAXL5TQa_yTGpCLszpirFryqC_KXMZwkGZrGEmmeuBdKWBcZ1de2DMDsdInnOx3zTrZs3pCvQlDsOSfabehgs330Lj_Xs4ABGFii-mu88B8/s1600/Telenor_logo_horisontalt_tcm69-86649.jpg

တယ်လီနော မြန်မာမှ ၄င်းတို့၏ မိုဘိုင်းဖုန်းသုံးစွဲသူများအား ဖုန်းပိတ်ထားစဉ် သို့မဟုတ် ဆက်သွယ်မှု ဧရိယာ ပြင်ပရောက်ရှိနေစဉ် သတိပေးသည့်စနစ် Miss Call Alert ၀န်ဆောင်မှုကို ဇွန်လ ၂၅ ရက်နေ့မှ စတင်၍ အခမဲ့အသုံးပြုနိုင်ပြီဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ အခမဲ့အသုံးပြုခွင့်ပေးလိုက်သော Miss Call Alert ၀န်ဆောင်မှုသည် ယခင်က တစ်ပတ်လျှင် ၀န်ဆောင်ခ ၃၀၀ ကျပ်ကောက်ခံခဲ့ခြင်ဖြစ်ပြီး ယခုမှသာ အခမဲ့အသုံးပြုခွင့်ပေးလိုက်ခြင်းဖြစ်သည်။ တယ်လီနောမြန်မာ၏ မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် မိမိဖုန်း ဆက်သွယ်မှု ဧရိယာပြင်ပရောက်ရှိနေစဉ် သို့မဟုတ် ဖုန်းပိတ်ထားစဉ်တွင် အခြားသူ တစ်ဦးဦးမှ မိမိဖုန်းအား ခေါ်ဆိုထားပါက တယ်လီနောမြန်မာ၏ မိုဘိုင်းကွန်ယက်ရရှိသောနေရာဖြစ်စေ သို့မဟုတ် ဖုန်းပြန်ဖွင့်လိုက်သောအခါတွင် SMS Notification ရရှိမည်ဖြစ်သည်။

အဆိုပါ ၀န်ဆောင်မှုအား ရယူလိုပါက” 222 သို့ MCA ON” ဟု SMS ပေးပို့ကာ Subscribe ပြုလုပ်ကာ အသုံးပြုနိုင်မည်ဖြစ်သည်။ သို့သော် Miss Call Alert ၀န်ဆောင်မှုနှင့် Voice Mail ၀န်ဆောင်မှု နှစ်ခုတို့အား တစ်ပြိုင်တည်း အသုံးပြု၍ ရနိုင်မည်မဟုတ်ကြောင်းသိရသည်။ Voice Mail ၀န်ဆောင်မှုကို ရယူလိုပါက လစဉ် ၀န်ဆောင်ခ ၁၀၀၀ ကျပ်ကောက်ခံနေကြောင်းသိရသည်။

တယ်လီနော၏ ပြိုင်ဘက်အော်ပရေတာ များဖြစ်သော အော်ဒီဒူး၊ မှာလည်း Call Forward , Call Waiting စသော ၀န်ဆောင်မှုများကို အခမဲ့အသုံးပြုခွင့်ပေးထားပြီး မြန်မာ့ဆက်သွယ်ရေး(MPT)ျမှာ ၄င်း Voice Mail , Miss Call Alert, Call Forward နှင့် Call Waiting ၀န်ဆောင်မှုတို့အား ဆွေသဟာ အစီစဉ် အသုံးပြုနေသူများကို အခမဲ့ အသုံးပြုခွင့်ပေးထားသည်။


Credit to ==>TechSpace Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com