11/01/2014

♪ အခပေး စတစ်ကာ ၁၀၀ ကျော်ကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ရယူနိုင်မည့် အထူးအစီအစဉ်ကို Viber စတင် ♫


Viber ၏ အခပေး စတစ်ကာများကို ပြည်တွင်းမှ သုံးစွဲသူများ အခမဲ့ download ရယူနိုင်မည့် အထူး အစီအစဉ်တစ်ရပ်ကို Viber မှ စတင်လိုက်ကြောင်း၊ Viber ကို ဖုန်းဖြင့် register ပြုလုပ်ထားသော ပြည်တွင်းမှ Viber သုံးစွဲသူများ Viber ၏ ထိပ်တန်းစတစ်ကာ ၁၀၀ ကျော်ကို သတ်မှတ်ထားသော အချိန်ကာလအတွင်း အခမဲ့ ရယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

Viber ၏ ဈေးကွက်ဖော်ဆောင်ရေး အရာရှိချုပ် (CMO) Mark Hardy က "ကျွန်တော်တို့ အနေနဲ့ မြန်မာနိုင်ငံက သုံးစွဲသူတွေအတွက် Viber ရဲ့ ရေပန်းအစားဆုံး အခပေး စတစ်ကာလေးတွေကို အခမဲ့ Download ရယူနိုင်အောင် စီစဉ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒါကြောင့် မြန်မာပြည်က Viber သုံးစွဲသူတွေအနေနဲ့ မိမိတို့ရဲ့ မိသားစု၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်းတွေအားလုံးကို Viber ရဲ့ စွဲမက်ဖွယ်ရာ စတစ်ကာတွေ ပေးပို့ဆက်သွယ်နိုင်ပါပြီ" ဟု ပြောသည်။

Viber ၏ အခပေး စတစ်ကာများကို အခမဲ့ရယူနိုင်သည့် အချိန်ကာလအားဖြင့် သုံးပတ်မှ လေးပတ် ကြာမြင့်မည်ဖြစ်ပြီး ယင်းအချိန်ကာလအတွင်း ကန်ဒေါ်လာ ၁.၉၉ တန်ဖိုးရှိ Viber ၏ ထိပ်တန်း စတစ်ကာများ ကို အခမဲ့ Download ရယူနိုင်မည်ဖြစ်သည်။
 

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com