11/01/2014

♪ အများပြည်သူပိုင် စာကြည်တိုက်(၅၅)ခုတွင် Tablet များဖြင့် အင်တာနက်အသုံးပြုနိုင်ရန်စီစဉ် ♫

Beyond Access Myanmar 2

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြန်ကြားရေး ၀န်ကြီး ဌာန ၊ The Myanmar Book Aid & Preservation Foundation (MBAPF), IREX နှင့် အတူ Ooredoo မြန်မာ ဆက်သွယ်ရေး ကုမ္ပဏီတို့ ပူးပြီး Beyond Access Myanmar ဟုခေါ်သော အစီအစဉ် တစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

၂၀၁၄ ခုနှစ် အတွင်းတွင် Beyond Access Myanmar သည့် အများပြည်သူပိုင် စာကြည့်တိုက် ၅၅ ခုတွင် tablet ကွန်ပြူတာများ ကို တပ်ဆင် သွားမည်ဖြစ်ပြီး ၊ Ooredoo မြန်မာ ဆက်သွယ်ရေး ကုမ္ပဏီကြီးက အင်တာနက် ချိတ်ဆက်ခြင်း နှင့် ထောက်ပံ့သွားမည် ဖြစ်သည်။ စာကြည့်တိုက်မှူးများနှင့် စာကြည့်တိုက် ၀န်ထမ်းများ လူအများ၏ ဘ၀များ တိုးတက်မြင့်မား ပြောင်းလဲရေးစေမည့် အသုံးချ နည်းပညာ ကို ကျွမ်းကျင် ပိုင်နိုင်စွာ လုပ်ဆောင်နိုင်စေရန် လိုအပ်သော သင်တန်းများလည်း ပေးသွားမည် ဖြစ်သည်။ စာကြည့်တိုက်မှူးများသည် အင်တာနက် ကို အသုံးပြုသူ မိဘပြည်သူများ ပထမဦးဆုံး အနေနှင့် အစဉ်ပြေ ချောမွေ့စွာ ၊ ကျွမ်းကျင် လိမ္မာစွာ အသုံးပြုနိုင်ရေးအတွက် သင်ကြားမှု စွမ်းရည်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်သွား ကြမည် ဖြစ်သည်။ ရပ်ရွာတွင်း မှ ပြည်သူအများ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ ၏ တရားဝင် အင်တာနက် စာမျက်နှာများ ကိုမည်သို့ မည်ပို့ သွားရောက် လေ့လာနိုင်ပုံ၊ ကလေးသူငယ်များ နောက်ဆုံးပေါ် နည်းပညာကို အသုံးချပြီး စာပေများ လေ့လာနိုင်ပုံ စသည်များကို ဤ အစီအစဉ်တွင် ပါဝင်မည်ဖြစ်သည်။ အများပြည်သူ မည်သူမဆို အစီအစဉ်တွင် ပါဝင်သော စာကြည့်တိုက် ၅၅ ခုဆီသို့ သွားရောက် ၍ tablet ကွန်ပြူတာများ နှင့် အင်တာနက် တို့ကို အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။ တီထွင်ကြံဆခြင်းများ နှင့် ဖေးမ ရိုင်းပင်းကူညီကြသော အလေ့အထများ က တဆင့် အများပြည်သူ မည်သူကိုမဆို မြန်မာပြည်ရှိ အများပြည်သူပိုင် စာကြည့်တိုက်များတွင် အင်တာနက်များ ၊ သင်ယူနိုင်သော အထောက် အပံ့ပစ္စည်းများ ၊ အကူအညီများကို ပေးနိုင်တော့ မည်ဖြစ်သည်။

စာကြည့်တိုက်မှူးများ သည်ယင်း အစီအစဉ်၏ ရည်မှန်းချက် ပန်းတိုင်များ ပြည့်မှီ စေရန် မိမိတို့ တစိုက်မတ်မတ် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း ဖေါ်ပြခွင့်ရနိုင်သော လျှောက်ထားပုံ အဆင့်ဆင့် အပေါ်တွင် အခြေခံပြီး MBAPF က ၁၁ ခုသော “စာကြည့်တိုက် အစုအဝေး” များကို ပထမဦးဆုံး အဆင့် အနေနှင့် ရွေးချယ်ထားသည်။ ယင်း “စာကြည့်တိုက် အစုအဝေး” တစ်ခုစီတွင် ခရိုင် (သို့မဟုတ်) မြို့နယ်အဆင့်ရှိ စာကြည့်တိုက်ကြီး တစ်ခု နှင့် ၃ခု မှ ၅ခု အထိ အရည်အတွက် ရှိသော ရပ်ကွက် ကျေးရွာ အဆင့် စာကြည့်တိုက်အသေးများ ပါဝင် ဖွဲ့စည်းထားသည်။ အောက်တိုဘာလအတွင်း တွင် ဤ အစီအစဉ်တွင် ပါဝင်သည့် စာကြည့်တိုက်များ နေရာ နှင့် အမည်များကို ကြေညာ မည်ဖြစ်သည်။ ၂၀၁၅ တွင်မူ ပိုမိုများပြားသော အရည်အတွက် ဖြင့် စာကြည့်တိုက်များကို ထောက်ပံ့သွားရန် ရည်ရွယ်ထားသည်။
မြန်မာပြည်သည် ယခု အစီအစဉ်နှင့် အတူ “အများပြည်သူပိုင် စာကြည့်တိုက်များကို ၂၁ ရာစု၏ လိုအပ်ချက်များ ဖြင့် ထောက်ပံ့ပေးနေသော နိုင်ငံများ” ဟူသည့် အပြည်ပြည်ဆိုင်ရာ အသင်းအဖွဲ့ ကို Beyond Access ၏ အစီအစဉ်တစ်ရပ် အဖြစ် ပူးပေါင်းပါဝင် နေပြီ ဖြစ်သည်။ ယင်းအသင်းအဖွဲ့တွင် ပါဝင်လျှက်ရှိသော နိုင်ငံများမှာ ဖိလစ်ပိုင်နိုင်ငံ၊ ဥရုကွေးနိုင်ငံ၊ ဂျော်ဂျီယာနိုင်ငံ၊ နိုင်ဂျီးယီးယားနိုင်ငံ နှင့် နာမီးဘီးယားနိုင်ငံတို့ဖြစ်သည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com