Samsung ဆိုတာ အာရှတွင်သာမဘဲကမ္ဘာ မှာပါနာမည်ကြီးဖုန်းထုတ် လုပ် သူပေါ့။
Apple လည်း ထိုနည်း လည်းကောင်းပဲ။ ဒါပေမယ့်အာရှဈေးကွက်မှာ
သူတို့ကိုယှဉ်ပြိုင်အားစမ်းပြီး နေရာရစပြုလာတဲ့ ဖုန်းထုတ် လုပ်သူအသစ်
တွေရှိနေပြီ။ ဈေးလည်းသက်သာမယ်၊ Spec လည်းမြင့်မယ်ပေါ့။ အာရှမှာ အဲဒီဖုန်း
ထုတ်လုပ်သူကုမ္ပဏီအသစ်အတော်များများရှိနေတယ်။ ဒါတွေကတော့ သူတို့အကြောင်း
တစေ့ တစောင်းပေါ့။
China
Xiaomi
Xiaomi ကို လျော့မတွက်နဲ့။ ဒီနှစ်ထဲမှာ စမတ်ဖုန်းအရေအတွက် သန်း ၆၀ လောက်ထုတ်လုပ်ဖို့ စီစဉ်ထားတယ်။ ပြီးခဲ့တဲ့နှစ်က Google ကထွက်လာတဲ့ Android VP Hugo Barra ကို ငှားရမ်းခဲ့ပြီး ဈေးကွက်သစ် တာထွက်ဖို့ပြင် ဆင်ခဲ့ပါတယ်။ Xiaomi ရဲ့ လျှို့ဝှက်ချက်ကဘာလဲ။Samsung နဲ့ HTC က ထုတ်တဲ့အကောင်းဆုံးflag-ship phone တွေရဲ့ အရည်အသွေးမျိုးကို ခေါက်ချိုးဈေးနဲ့ ရောင်း ချပေးနိုင်ခြင်းပါပဲ။ MIUI လို့ ခေါ်တဲ့ Android skin ကလည်း stregth and versatility သိပ်ကောင်းတော့ Xiaomi ဖုန်းကိုင်သူ တွေစိတ်ထဲမှာ top-quality products တွေကိုင်ရတယ်လို့ အထင်ပေါက် စေတယ်။ Xiaomi ဖုန်းကို ဒီလိုဈေးချရောင်းနိုင်ခြင်းဟာကြော်ငြာခချွေတာ နိုင်လို့ပဲ။ ၇၀% ကို online ပေါ်ကရောင်း တယ်။ ကျန်တာကို telco Partner တွေကတစ်ဆင့်ရောင်းတယ်။ telco partner ဆိုတာ ဖုန်းဆက်ကြောင်း ၀န်ဆောင်မှုပေးတဲ့ ကုမ္ပဏီတွေကိုပြောတာ။ ဟောင်ကောင်း၊ ထိုင်ဝမ်းနဲ့ စင်္ကာပူတွေကို တင်ပို့တယ်။ အရှေ့တောင်အာရှနိုင်ငံတွေဆီလည်းပို့တယ်။ အထူးသဖြင့် မလေးရှားပေါ့။ ပြီးတော့ အိန်္ဒိယဆီပို့ဖို့ရှိ တယ်။ နောက်တိုးချဲ့ မယ့်ဈေးကွက်ကတော့ တောင်အမေရိကနိုင်ငံတွေပေါ့။
Apple လိုပဲ Xiaomi ဖုန်းတွေမှာသူနဲ့ လိုက်ဖက်စွာအလုပ်လုပ် တဲ့ media box တွေရှိတယ်။ MiTV ခေါ်တဲ့ Xiaomiက ထုတ်တဲ့ Smart TV မှာ ကိုယ် ပိုင်စမတ်ဖုန်းတွေနဲ့ လိုက်ဖက်ညီညီအလုပ်လုပ်နိုင်တဲ့ software တစ်မျိုး လည်းထည့်ထားပေးလိုက်သေးတယ်။ နောက်လာမယ့် Xiaomi flagship phone ကတော့ Xiaomi Mi4 ပေါ့။ သူက 5 inch 1080p HD screen, 2.5 GHz Snapdragon 801 processor, 3GB RAM နဲ့ လာပြီး ကျောဖက် 13MP ကင်မရာ နဲ့ ရှေ့ဖက် 8MP ကင်မရာထည့်ပေးထားပြီး Android 4.4 နဲ့မောင်းနှင် ထားတယ်။ 16 GB version က ၃၂၅ ဒေါ်လာဝန်းကျင်နဲ့ 64GB က ၄၀၅ ဒေါ်လာဝန်းကျင်ရှိတယ်။
Coolpad
Coolpad ကတော့တရုတ်ပြည်နံပါတ် (၃)အဆင့် အပေါက်ရောက်ဆုံး brand တစ်ခုလို့ Gartner ဈေး ကွက်လေ့လာရေးအဖွဲ့က အသိအမှတ် ပြုထားပါတယ်။ ဈေးပေါတဲ့ Android-based smartphone တွေ ထုတ်လုပ် တယ်။ တရုတ်ဖုန်းဆက်ကြောင်း ကုမ္ပဏီ (၃)ခု အတွက်လည်း special version တွေ ထုတ်လုပ်ပေးတယ်။ ဒီဇိုင်းဆုတံဆိပ်လည်း တစ်ခါမှမရဘူး။ စွဲဆောင်မှုလည်းကောင်းတာမဟုတ်ဘူး။ ဒါပေမယ့် သန်း ၁,၈၀၀ သော တရုတ်ပြည်သူတွေမှာ ဒေါ်လာ ၃၃၀ အထက် ၀ယ်ကိုင်နိုင်သူ ၁၃% သာရှိတာကြောင့် Coolpad အတွက် နေရာရှိလာတာပါ။ တရုတ်အများပြည် သူတွေအတွက် ယွမ် ၂,၀၀၀ အထက်ဆိုရင် အဲဒါဟာ လက်လှမ်းမမီတဲ့ဈေး ပဲ။ Coolpad တွင်ကျယ်တာ တရုတ်တင်မကဘူး။ နိုင်ငံခြား ဖုန်းဆက် ကြောင်း ကုမ္ပဏီအတော်များများက အော်ဒါမှာတဲ့ဖုန်းတွေလည်း ထုတ်လုပ် ပေးရတယ်။ အမေရိကန်T-Mobile ဖုန်းဆက်ကြောင်းမှာသုံးဖို့ MetroPCS Quatrro 4G phone ဆိုတာ Coolpad ကထုတ် လုပ်ပေးထားတာ။ တစ်ခြားဖုန်းတွေမှာသုံးတဲ့ အစိတ်အပိုင်းတွေ လည်း Coolpad လက်ရာပဲ။ ဒါပေမယ့် Coolpad က နိုင်ငံရပ်ခြားမှာ ကိုယ်ပိုင် brand နဲ့ ရပ်တည်ချင် နေတာပါ။ ပထမဆုံးခြေလှမ်း အနေနဲ့ အရှေ့တောင်အာရှပိုင် brand နဲ့ရပ် တည်ချင်နေတာပါ။ ပထမဆုံးခြေလှမ်းအနေနဲ့ အရှေ့တောင်အာရှနိုင်ငံမှာ စတင်မိတ်ဆက်တာပါ။ သူ့ရဲ့အကောင်းဆုံး flagship phone ကတော့ Coolpad Holo ဖြစ်ပါတယ်။ 7 inch 1080p HD screen, 1.7 GHz Octa-Core Media Tek MT 6592 processor, 2GB RAM, 13MP back camera, 5MP front camera, Android 4.2 နဲ့မောင်းနှင်ထားပြီး 8GB model ရဲ့ ဈေးနှုန်းဒေါ်လာ ၃၂၀ ကျပါမယ်။
Oppo
နိုင်ငံခြားမှာ ပိုပြီးပေါက်တဲ့တရုတ်ဖုန်းပါ။ ဟောလီဝုဒ်နာမည်ကြီး သရုပ် ဆောင်တွေနဲ့ ကြော်ငြာခပုံကာ သုံးခဲ့တာတောင်တရုတ်ပြည် တွင်းဈေးကွက် မှာ နာမည်ရဖို့ကြိုးစားနေရ တုန်းပါပဲ။ နိုင်ငံတကာဈေးကွက် ကိုဖောက်ဖို့ OPPO N1 နဲ့ OPPO find 7 ဆိုတာထုတ်လုပ်ထားတယ်။ ဒီဖုန်းအသစ်တွေ မှာ Oppo ကိုယ်ပိုင် Android skin (color OS) သုံးထားတယ်။ တချို့ဈေးကွက်ဖြန့်တဲ့ဖုန်းတွေမှာတော့ Cyanogen Mod new OS သုံးထား တယ်။ Android geeks တွေကတော့ ဒါကိုသိပ်သဘောကျမှာမဟုတ်ဘူး။ Oppo က ခွဲထွက်သွားတဲ့ OnePlus က ဒီနှစ်ထဲမှာspec မြင့်ပြီး ဈေးသက် သာတဲ့ ဖုန်းတစ်မျိုး ထုတ်လုပ်ဖြန့်ချိဖို့ စီစဉ်နေတယ်။ Oppo ရဲ့ အဓိကထိုး ဖောက်တဲ့ဈေးကွက်ကတော့ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဖိလစ်ပိုင်ပေါ့။ သူ့ရဲ့လက် ရှိအကောင်းဆုံး flagship phone ကတော့ Oppo Find 7 ဖြစ်ပြီး 5.5 inch quad-HD screen (2560×1440), 2.5 GHz Snapdragon quad-core processor, 3GB RAM, 13MP rear camera နဲ့ 5MP front camera ပါမယ်။ 13MP ကျောဖက် ကင်မရာမှာ software အကူအညီယူပြီး 50 MP image တွေရိုက်ယူနိုင်မယ်လို့ ဆိုပါတယ်။ Android 4.4 နဲ့ မောင်းထားပြီး unlocked phone တွေ ရဲ့ဈေးနှုန်း ၄၉၉ ဒေါ်လာဝန်းကျင်ဖြစ်ပါတယ်။
One Plus
တရုတ်ရဲ့ big-bang phone-maker ပေါ့။ ဒီနှစ်မေလမှာပေါ် ထွက်လာတာ။ Xiaomi လိုပဲ online အားကိုးတယ်။spec မြင့်မြင့် ဖုန်းတွေကို ဈေးသက်သက်သာသာနဲ့ ရောင်းမယ်ပေါ့။Xiaomi နဲ့ မတူတဲ့ အချက်က တရုတ်ဈေးကွက်ရော နိုင်ငံတကာဈေးကွက်ပါ တစ်ပြိုင်တည်း ထိုးဖောက်ခြင်းပဲ။ အမှန်ပြောရရင် တရုတ်မှာထက်နိုင်ငံတကာဈေးကွက်ကို ပိုထိုးဖောက်ဖို့ပြင်ထားတယ်။ နိုင်ငံခြားဈေးကွက်ဖုန်းတွေမှာ Cyanogen Mod OS တင်ပေးထားတယ်။ stock android ကိုမွမ်းမံထားတာပေါ့။ တစ်ခြား ဖုန်းတွေအားလုံးထက် very imely Android updates လုပ်နိုင် စေမယ်လို့ဆိုတယ်။ သူ့ရဲ့ အကောင်းဆုံး Flagship phone ကတော့ One Plus One ပေါ့။ 5.5 inch 1080p HD screen, 2.5 GHz Snapdragon 801 processor, 3GB RAM, 13MP back camera, 5MP Front camera Android 4.4 ဖြစ်ပြီး unlocked ဖုန်းတွေရဲ့ 16 GB model က ၂၂၉ ဒေါ်လာနဲ့ 64 GB model က ၃၄၉ ဒေါ်လာဖြစ်ပါမယ်။
India
Micromax
၂၀၁၃ ခုနှစ်တုန်းက အိန်္ဒိယကိုဖုန်း ၄၄ သန်းတင်သွင်းခဲ့တဲ့ အနက် ၃၈% ကSamsung နဲ့ ၁၆% က Micromax ကပါ။ Micromax ဟာ tablet နဲ့ feature phones တွေလည်း ထုတ်လုပ် ပါတယ်။ နိုင်ငံတကာဈေးကွက် ကိုတော့ မနှစ်ကစတင်ပြီး ရုရှားနဲ့ရိုမေနီးယားနိုင်ငံတွေဆီ တင်ပို့ခဲ့ပါတယ်။ သူ့ရဲ့flagship phone ကတော့ Micromax Canvas Nitro A310 ဖြစ်ပြီး 5 inch 720p HD screen, 1.7 GHz octa-core MediaTek MT6592 processor, 2dGB RAM, 13MP rear camera, 5MP front camera, Android 4.4 ဖြစ်ပြီး 8GB model ဈေးနှုန်း ၂၁၃ ဒေါ်လာဖြစ်ပါတယ်။
Karbonn
၂၀၁၃ ခုနှစ်အိနိ္ဒယကို တင်သွင်းတဲ့ smartphone တွေရဲ့ ၁၀%က Karbonn ထုတ်ဖုန်းတွေပါ။Micromax ထက်မဆိုသလောက် နည်းပေမယ့် သူတို့နှစ်ခုစလုံးရဲ့ ရောင်းအားတွေ အလျင်အမြန်ထိုးတက်လာနေ ပါတယ်။ သူ့ရဲ့ 1080p HD screen, 1.7 GHz MediaTek Octa-core processor, 13MP rear camera, 8MP front camera, Android 4.4 နဲ့ unlocked ဖုန်းရဲ့ဈေးနှုန်း ဒေါ်လာ၂၄၀ဖြစ်ပါတယ်။
Xolo
ပြိုင်ဖက်တွေဖြစ်တဲ့ Micromax နဲ့ Karbonnထက် နဲနဲသေး တယ်ဆိုပေမယ့် အနိမ့်စားlow-end နဲ့ အလတ်စား mid-range ဖုန်းတွေမှာ သူလည်းနာမည် ကြီးပါတယ်။ ဈေးကတော့ သိပ်မချနိုင်ဘူး ဖြစ်နေ တယ်။ သူ့ရဲ့flagship phone ကတော့ Xolo 8X-1000 ဖြစ်ပြီး 5inch 1080p HD screen 2GHz Octa-core MediaTek MT 6592 processor, 2GB RAM, 13 MP rear camera, 5MP Front Camera, Android 4.4 နဲ့ မောင်းနှင်ပေးထားပြီး 16GB model ကဒေါ်လာ ၃၃၀ ဖြစ်ပါတယ်။
Pakistan
Q Mobile
ပါကစ္စတန်ရဲ့ ပြည်တွင်းသုံးဖုန်းထုတ်လုပ်သူတွေထဲက အကြီးဆုံးပေါ့။ feature phone, smartphones, tablet လိုင်းစုံထုတ်လုပ်တယ်။ ၂၀၀၉ ခုနှစ်ဝန်းကျင်က ထူထောင်ခဲ့တာ။ နိုင်ငံတကာဈေးကွက် မှာမိတ်ဆက်ဖို့ ကြိုးစားနေရတုန်းပဲ။ လောလောဆယ်အားဖြင့် smartphone model အမျိုးအစားပေါင်း ၄၃ မျိုးလောက်ထုတ်လုပ် နေတယ်။Flagship phone ကတော့ Q Mobile Noir Quator Z4 ဖြစ်ပြီး 5inch 1080p screen, 1.5 GHz processor, (CPU အမှတ်တံဆိပ်ဖော်မပြထား) 2GB RAM, 13 MP rear camera, 5MP front camera, Android 4.2 နဲ့မောင်းထားပြီး unlock ဖုန်း တွေဈေးနှုန်း ဒေါ်လာ ၂၉၀ ဖြစ်ပါတယ်။
Indonesia
Smartfren
သူကတစ်ခြားဖုန်းထုတ်လုပ်သူတွေနဲ့ မတူဘူး။ ဖုန်းဆက်ကြောင်း ၀န်ဆောင် မှုပေးတဲ့ ကုမ္ပဏီဖြစ်ပြီး ဖုန်းလိုင်းအသုံးပြုသူ subscribers ၁၂.၅ သန်းရှိပါ တယ်။ ဖုန်းဆက်ကြောင်းထောင်ထားရင်း ကိုယ်ပိုင်စမတ်ဖုန်းတွေထုတ်လုပ် တဲ့ သဘောပါ။ ချည်ပြီးတုပ်ပြီးရိုက်တဲ့ သဘောပေါ့။ unlocked ဖုန်းတွေကတော့ ဒေါ်လာ ၂၀၀ ၀န်းကျင်ပါ။ ဒါပေမယ့် တော်တော်ကြီးကိုညံ့ တယ်။ ဒေါ်လာ ၁၃၀ တန်တဲ့ Xiaomi ဖုန်းကမှ သူ့ထက်အများကြီးပိုမြင့်ပြီး speed မြန်မြန် သုံးနိုင်သေးတယ်။ Flagship phone ကတော့ Smartfren Andromax Z ဖြစ်ပြီး 5.5 inch 720p HD screen, 1GHz Snapdragon processor, 1GB RAM, 8MP rear camera, 2MP front camera, Android 4.2 ဖြစ်ပြီး 5GB version ဖုန်းတွေရဲ့ ဈေးနှုန်း ၂၄၅ ဒေါ်လာပါ။
Himax
အင်ဒိုနီးရှားမှာတော့ သူကရိုက်စားမလုပ်ဘူး။ တစ်ကယ့် spec မြင့်မြင့်ဖုန်း ကို ဈေးသက်သက် သာသာနဲ့ ရောင်းချပေးတယ်။ Oppo နဲ့ Xiaomiတို့ရဲ့ လမ်းစဉ်အတိုင်းပေါ့။ သူ့ရဲ့Flagship phone ကတော့ Himax Polymer S ဖြစ်ပြီး 5inch 720p HD screen, 1.7 GHz MediaTek MT 6592 processor, 2GB RAM, 13MP rear camera, 5MP front camera, Android 4.4 နဲ့မောင်းနှင်ထား ပြီး 5 GB version ဈေးနှုန်းက ဒေါ်လာ ၁၇၀ ၀န်းကျင်။
Malaysia
Ninetology
မလေးရှားနိုင်ငံရဲ့ ဒုတိယအကြီးဆုံး ဖုန်းထုတ်လုပ်သူပေါ့။ သူ့ နောက်မှာ Samsung ရှိတယ်လို့ ပြောတာပဲ။ မလေးရှားထုတ်ဖုန်း တွေကို အင်ဒိုနီးရှားကို တင်ပို့ရောင်းချတယ်။ Flagship phone ကတော့ Ninetology ZIT ဖြစ်ပြီး 5inch 720p HD screen 1.2 GHz Quad-core Snapdragon 400 processor, Android 4.3 ဖြစ်ပြီး unlocked ဖုန်းဈေးနှုန်း ၃၁၅ ဒေါ်လာပါ။
Thailand
1 Mobile
ပုံတုပွားတဲ့ cloner ဘ၀ကနေ ကိုယ်ပိုင် Android phone တွေထုတ်လုပ် လာတာပါ။ Instagram ရူးတွေအတွက် ကင်မရာမြင့် မြင့်တပ်ထားတဲ့ ဖုန်းတွေကို ဒေါ်လာ ၃၀၀ လောက်နဲ့ ရောင်းချပေး နိုင်ခဲ့ တယ်။ သူ့ရဲ့နာမည်ကြီး Flagship phone ကတော့ 1 Mobile 1QXKEN ဖြစ်ပြီး 5 inch 1080p HD screen, 2.2GHz Snapdragon 300 processor, 2GB RAM, 13MP rear camera, 1.3 MP front camera, Android 4.2 ဖြစ်ပြီး ဈေးနှုန်း ၅၂၈ ဒေါ်လာပါ။
Philippines
Cherry Mobile
အင်ဒိုနီးရှားနဲ့ ဗီယက်နမ်လိုပဲ ဖိလစ်ပိုင်မှာစမတ်ဖုန်းဈေးကွက် က အကြီးအကျယ်ထွန်းကားလာတယ်။ ကိုရီးယားဖုန်းထုတ်လုပ်သူ Zen ရဲ့ ရိုးရှင်းမှုပြေပြစ်မှုပုံစံကို အရယူထုတ်လုပ်တယ်။ ဖုန်း model အမျိုးအစားပေါင်း ၈၄ မျိုးထုတ်လုပ်လျက်ရှိပါတယ်။ tablet နဲ့ feature phone တွေလည်းထုတ်လုပ်တယ်။ Cherry Mobile devices တွေအား လုံးဟာ တရုတ်နဲ့ အိန်္ဒိယမှာထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်း ချပါတယ်။ သူ့ရဲ့နာမည်အကြီးဆုံး Flagship phone ကတော့ Cherry Mobile COSMOS Z2 ဖြစ်ပြီး 5 inch 1080p HD screen, 1.7 GHz MediaTek MT6592 processor, 2GB RAM, 18MP rear camera, 8MP front camera,Android 4.2 နဲ့မောင်းနှင်ထားပြီး 16GB version နဲ့ ဈေးနှုန်းဒေါ်လာ ၃၀၀ပါ။
Sai Tint Htoo