
Alcatel က အိန္ဒိယတွင် စွမ်းဆောင်ရည်နိမ့် Onetouch Fire C စမတ်ဖုန်းကို ရောင်းချပေးလိုက်ပါသည်။ Flipkart အွန်လိုင်း အရောင်းဆိုင်တွင် အဆိုပါ Firefox OS စမတ်ဖုန်းကို အမြောက်အများ ၀ယ်ယူနိုင် မည် ဖြစ်သည်။
Onetouch Fire C ကို အိန္ဒိယ ရူပီး ၁၉၉၀ (ဒေါ်လာ ၃၂ ၀န်းကျင်) ဖြင့် အလွန်ဈေးသက်သာစွာ ရောင်း ချပေးမည် ဖြစ်သည်။ Flipkart တွင် မကြာမီရောင်းချပေးမည်ဟု ကြေညာထားသော်လည်း နေ့ရက်ကို အတိအကျကြေညာထားခြင်း မရှိပါ။
Alcatel Onetouch Fire C တွင် 1GHz CPU, 128MB RAM, 256MB Internal Storage, MicroSD Card Slot, ၃.၅ လက်မ HVGA(480x320) Display, 1.3MP Camera တပ်ဆင်ထားပါသည်။ ဆက်သွယ်မှုအပိုင်းတွင် Dual-SIM, Bluetooth 2.1 , WiFi b/g/n တို့ ပါရှိပါသည်။