7/01/2014

♪ အရောင်အသွေးစုံလင်စိုပြေတဲ့မျက်နှာပြင်ပါဝင်လာတဲ့ Samsung Galaxy Tab S ♫


Samsung Electronics ကမျက်မှောက်ခေတ်ရဲ့အပါးလွှာဆုံးအပေါ့ပါးဆုံး Tablet တစ်ခုဖြစ်တဲ့ Samsung Galaxy Tab S ကိုယနေ့မှာ မိတ်ဆက်လိုက်ပါသည်။ယင်း Super AMOLED tablet သည် အဆင့်အမြင့်ဆုံး ရုပ်ပုံ ဖော်ပြမှုနည်းပညာနှင့်အတူ Premium Content များကို ပြိုင်ဖက်မရှိ ဖျော်ဖြေရေး အတွေ့အကြုံတစ်ခုအနေဖြင့် ခံစားနိုင်စေ ရန် ရည်ရွယ်ပေါင်းစပ်ပေးထားခြင်းဖြစ်ပါသည်။ Galaxy Tab S သည် စတိုင်ကျ သေသပ်လှပရုံမျှမက လက်တွေ့ ဆန်သော ဒီဇိုင်း ပုံစံဖြင့် ဖန်တီးထားသည့်အပြင် လွယ်ကူလျှင်မြန်စွာဖြင့် အလုပ်များစွာကို တစ်ပြိုင်တည်း လုပ်ဆောင်အသုံးပြုနိုင်စွမ်း (multitasking) အတွက် ပိုမိုကောင်းမွန်အောင် စီမံထားသည့် စွမ်းရည်မြင့် လုပ်ဆောင်ချက်များဖြင့် အားဖြည့်ပါဝင်ပါသည်။ 


“Tablet တွေက ရသအမျိုးမျိုးခံစားနိုင်စေဖို့ရာ တကိုယ်ရည်သုံး စက္ခုအာရုံဖျော်ဖြေရေး ကိရိယာတစ်ခုအဖြစ် တွင်ကျယ်လာ တဲ့အတွက် ရုပ်ပုံဖော်ပြနိုင်စွမ်း (Display) ဟာအရေးပါတဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ် လာပါတယ်။” ဟု Samsung Electronics IT & Mobile Division ၏ ဥက္ကဌနှင့်အမှုဆောင်အရာရှိချုပ်ဖြစ်သူ JK Shin ကဆိုပါသည်။“Galaxy Tab S ကို မိတ်ဆက်လိုက်တာဟာ ဆိုရင် Samsung ရဲ့ထုတ်လုပ်မှုဆိုင်ရာ အညွှန်းမျဉ်းတန်းကို မိုဘိုင်းထုတ်လုပ်မှု လောကတစ်ခုလုံးရဲ့ အထက်ဆီ တွန်းပို့လိုက်တာ ဖြစ်ပါတယ်။ ဒီ Tablet ဟာ အမြင်အာရုံဆိုင်ရာ ဖျော်ဖြေရေးအတွေ့အကြုံကို သက်ဝင်လှုပ်ရှားနေတဲ့ အရောင်တွေ၊ ကျော့ ရှင်း သပ်ရပ်သော အလွန်တရာပါးလွှာတဲ့ သယ်ယူရလွယ်ကူမှုတွေကိုဆောင်ကျဉ်း လာမှာဖြစ်ပါတယ်။” ဟုလည်း ဖြည့်စွက်ပြောကြား ခဲ့ပါသည်။

Samsung Galaxy Tab s(8.4") >>>>>>456,000 ks

Samsung Galaxy Tab s( 10.5") >>>>>539,000 ks






<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>