SE ကိုတော့သိပြီသားလို့ ယူဆပါတယ် ။ ဒီတော့အခုကျနော်ရေးမယ့်အကြောင်းအရာကတော့
SE နဲ့ပတ်သတ်တဲ့ပုံပြင်လေးတွေဆိုရင်မမှားပါဘူး ။ ကျနော်ဖတ်ခဲ့ဖူးသော သိထားသော စဉ်းစားမိသော
SE အကြောင်းရာလေးတွေကိုပုံပြင်တွေလိုမျိုးရေးသားဖို့ ဆုံးဖြတ်ပြီး ရေးသားလိုက်ရခြင်းဖြစ်ပါတယ် ။
စာဖတ်သူတို့ အနေနဲ့ လည်း english လိုရေးသားထားတဲ့ se ebook အမြောက်အမြားကို ရှာဖတ်နိုင်ပါတယ် ။
ဒါပေမယ့်မြန်မာလိုရေးထားတာတော့ကျနော်မတွေ့ ဖူးသေးပါဘူး ။ ဒါနဲ့ ဘဲတော်ယုံစိတ်ဝင်စားသူတစ်ယောက်လည်းဖတ်ရှုနိုင်စေတော့
ဟု ရေးသားလိုက်ရခြင်းဖြစ်ပါတယ် ။
Why important Information Gathering?
Mati ဟာ Company ရဲ့  အချက်လက်တွေကို ရဖို့ အတွက် စိတ်အားထက်သန်နေပါတယ် ။
သို့ သော် ဒီ Information ရဖို့အတွက်လမ်းစကတော့ သူအတွက် ဘာမှမရှိသေးပါဘူး ။
ဒါနဲ့ ဘဲ Mati ဟာ Company Staff တွေရဲ့  အခြေနေကိုစောင့်ကြည့်နေပါတော့တယ် ။
တစ်နေ့ မှာ Mati ဟာ Company ကအရေးပါတဲ့ Staff တစ်ယောက်ကို Forum တစ်ခုထဲမှာသွားတွေ့ ခဲ့တယ် ။
ဒါဟာ Mati အတွက်လမ်းစတစ်ခုဖြစ်နိုင်ပါတယ် ။ အဲဒါနဲ့  Mati ဟာ ဒီ staff ရဲ့ အခြေနေကိုတခါစောင့်ကြည့်ပြန်တယ်။
ဟော ဒီနေ့ တော့ Company Staff က forum ထဲမှာ Stamp တွေကိုလိုချင်တယ်လို့ ပြောတဲ့ thread တစ်ခုကိုတွေ့ လိုက်ရတယ် ။
ဆက်သွယ်ရမယ့် email နဲ့  phone number ကိုပါဖော်ပြထားတယ် ။
ဒါနဲ့ Mati ဟာ Stamp Collection ဆိုတဲ့ website ကိုချက်ချင်းဆိုသလိုဖန်တီးတော့တာပေါ့ ။
နောက်တော့ Company Staff ဆီကို email ပို့ လိုက်တယ် ။
ချစ်လှစွာသော လူကြီးမင်းခများ
ကျနော့်မှာ လူကြီးမင်းလိုချင်တဲ့ တံဆိပ်ခေါင်းတွေကို ဘိုးဘွားတွေဆီကရထားပါတယ် ။
အခုကျနော်ဒါတွေကိုရောင်းဖို့ ရှိပါတယ် ။
လူကြီးမင်းလိုချင်တယ်ဆိုရင်တော့ ကျနော့်ရဲ့  stamp collection ဆိုတဲ့ website မှာ ဖော်ပြထားပါတယ် ။
stampcollections.com
သွားရောက်လေ့လာပြီးကျနော့်အားအကြောင်းပြန်စေလိုပါတယ် ။
လေးစားစွားဖြင့် Mati
ဒီလိုမျိုးသဘောရှိတဲ့ email တစ်စောင်ကိုပို့ လိုက်တယ် ။ နောက်ပြီး Forum မှာတွေ့ခဲ့တဲ့  ဖုန်းနံပါတ် ကိုဆက်ပြီး
လူကြီးမင်းလိုချင်တဲ့ stamp တွေကျနော်ရောင်းဖို့ ရှိပါတယ် ။အသေးစိတ်ကိုတော့ mail ပို့ပြီးပါပြီ ။
ဆိုပြီး phone ဆက်လိုက်တယ် ။
Mati တစ်ယောက်ထိုင်စောင့်လိုနေပါတယ် ။ ဟော သိပ်မကြာပါဘူး Company Staff ဟာ Mati ပေးလိုက်တဲ့
link ကိုနှိပ်လိုက်ပုံရပါတယ် ။
Mati ဟာအခုဆိုသူလိုချင်တဲ့ Company ရဲ့  information အချို့ ကို ရလိုက်ပါပြီ ။
Mati ဟာ stampcollections.com ဆိုတဲ့ website ကို SET ဆိုတဲ့ Social Engineering Framework သုံးပြီး
website ကိုဖန်တီးထားတာပါ ။
မှတ်ချက် ။ ။ Information အပိုင်းဆလေးတစ်ခုဟာ ဘယ်လောက်ထိကြောက်ဖို့ ကောင်းတယ်ဆိုတာကိုသိစေလိုပါတယ် ။
Regard rEvolt! ,
The Art Of Human Hacking စာအုပ်မှကောက်နှုတ်သည် ။
Greetz :: Raw-x :: Jerryfate :: Mad Mike :: Lout Ta Yu :: Scod3 :: Shwe Kayin :: 133720 ::
MHU Alarm :: Moe Tain :: All Myanmar Hackers and all MSF members
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။