7/01/2014

♪ ကျောင်းသားးများ အတွက် အဆင်ပြေဆုံး Acer Aspire E5-411 Laptop ♫

http://static.acer.com/up/Resource/Acer/Laptops/Aspire_E5/Photogallery/20140424/As_E5-431_E5-471_E5-411_red_nt_glare_gallery_04.png

ကျောင်းသားများ အသုံးပြုရန် အဆင်ပြေသော Acer အမှတ်တံဆိပ် မော်ဒယ် Aspire E5-411 ဖြင့် Laptop တစ်မျိုး ဝင်ရောက်လာပါတယ်။ Intel Celeron Processor N830 ကို အသုံးပြုထားပြီး 2.41GHz အထိ ရရှိနိုင်ပါတယ်။ RAM ပိုင်းအတွက်  DDR3 စနစ်ဖြင့်  2GB အသုံးပြုထားပြီး အချက်အလက်များ သိမ်းဆည်းရန်အတွက် 500GB HDD ကို အသုံးပြုထားပါတယ်။ ၁၄ လက်မ အရွယ်ရှိ HD Acer Cinecrystal LED LCD Display ကို အသုံးပြုထားတဲ့ အတွက် HD ရုပ်ထွက် အပြည့်အဝ ရရှိမှာဖြစ်သလို အလင်းရောင်များတဲ့ နေရာမှာတွေပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။  DVD Super Multi Double Layer,  AcerNplify 802.11 b/g/n, Buletooth, USB 2.0, USB3.0, HDMI, VGA, GbLAN, WLAN စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။ 6 Cell Li-ion ဘက်ထရီကို အသုံးပြုထားတဲ့အတွက်  အားအပြည့်သွင်းထားရင် ခုနှစ်နာရီကျော်ကြာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ အလေးချိန်က 2.3kg ပဲရှိလို့ သွားလေရာ ပေါ့ပေါ့ပါးပါးနဲ့ သယ် ဆောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SMART Computer (နေပြည်တော် )  ဖုန်း ၀၆၇-၂၁၂၇၆တွင် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်ပါတယ်။

 ကျော်ဇေယျ

Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>