ကျနော် SQL Injection နဲ့ ပတ်သတ်တဲ့ tutorials တွေအများကြီးတင်ခဲ့ပြီးပါပြီ ။
သို့ သော်ကျနော် မေ့နေတာလေးတစ်ခုအခုမှသွားသတိရတယ် စာဖတ်သူတို့ ရေ ။
SQL Injection ဆိုတာဘာလဲဆိုတာကိုကျနော်တခါမှမရှင်းပြခဲ့ပါဘူး ။
အခုတော့ ကျနော် Beginner တွေကို သိစေချင်တာကြောင့်ရေးသားလိုက်ရပါတော့သည်။
What is SQL Injection?
SQL Injection ဆိုတာဟာ SQL Database တွေကို SQL Query တွေသုံးပြီးထိုးဖောက်တယ်လို့ ပြောရပါလိမ့်မယ် ။
SQL ရဲ့ အရှည်ကောက်ကတော့ Structured Query Language လို့ ခေါ်ပါတယ် ။ မြန်မာလို ဆိုရင် Query တွေနဲ့ တည်ဆောက်ထားတဲ့ Language တစ်ခုပေါ့ ။
ဘာကြောင့် SQL Injection Vulnerable ဖြစ်ရတာလဲဆိုရင်တော့ develpoer တွေရဲ့ ညံဖျင်းမှုလို့ ဆိုရမှာဘဲ ။ နောက်တစ်ခုက Language ရဲ့ အားနည်းချက်လည်းဖြစ်ပါသေးတယ် ။
SQL Injector တွေတော်တော်များများပြောကြပါတယ် ။ Error ကနေသင်ယူပါဆိုတာလေ ။ ဟုတ်ပါတယ်
SQL ဟာ Error တွေမှာအဖြေကိုတော်တော်များများ ဖော်ပြကြပါတယ် ။ ဒီတော့ကျနော်တို့ အတွက်စဉ်းစားလို့ ရတာပေါ့ ။
ဥပမာအနေနဲ့ တစ်ခုပြောပြမယ်ညီကိုတို့ ။ ကျနော်တို့ အရင်က ဖုန်းတွေမှာ ဖုန်းဝင်သွားရင် တီ .... ဆိုပြီးအကြာကြီးမြည်နေတယ် မလား ။
တကယ်လို့ မ၀င်ရယ် တူ တူ တူ နဲ့ ပေါ့ ။ ဒါပေမယ့်အခုခောတ်ဖုန်းတွေမှာကျတော့အဲလိုမဟုတ်တော့ဘူး ။ စက်ပိတ်ထားပါတယ်ရှင်တဲ့ ။
ဒါဆိုစဉ်စားလို့ ရပီ ။ ဒီကောင်ဘာမဟုတ်တာလုပ်နေလဲပေါ့ ။ ဆက်သွယ်မှူဧရိယပြင်ပ ဆိုရင်လည်း ဖုန်းဘက်ထရီဘဲဖြုတ်ထားတာလား ။
ဘယ်တွေများသွားနေလဲ စဉ်းစားပြန်ပါပြီ ။
အဲဒီသဘောပါဘဲ SQL ဟာ အဲ့ဒီဖုန်းတွေလိုဘဲ အင်မတန်မှလျှာရှည့်ပါတယ် ။ Invalid ဆိုပြီးပြီပေါ့ ။ မဟုတ်ဘူးဗျ ။ဘယ်နေရာမှားနေပါတယ်တို့  ။
ဒါတော့မရှိဘူး ။ ဒါဘဲရှိတယ်တို့  ။ မှန်သွားရင်လည်း ထုတ်ဖော်ပြတတ်ပါတယ် ။ ကဲဒီတော့စဉ်းစားပြီပေါ့ ကွယ် ။
SQL ဟာ တခြား Web Hacking Method တွေနဲ့ မတူတဲ့အချက်တစ်ခုကိုလည်းပိုင်ဆိုင်ထားပါသေးတယ် ။
Browser တစ်ခုဘဲလိုတယ်မိတ်ဆွေ ။ သင် username နဲ့ password ကိုရဖို့ အတွက် Browser တစ်ခုဘဲလိုတယ်ဆိုတော့ ဒီနည်းလမ်းဟာ လူသုံးအများဆုံးနဲ့ 
အကောင်းဆုံးနည်းလမ်းတစ်ခုလည်းဖြစ်လာတော့တာပေါ့ ။ Admin ရဲ့ username နဲ့  password ကိုရပြီဆိုတော့ Admin Pannel ရှာပြီး ၀င်ယုံဘဲလေ ။
Shell တင် website ကိုသင်လည်းပိုင်သွားပြီပေါ့ ။
နောက်တစ်ခုကျန်ပါသေးတယ် ။ ကောင်းခြင်းတွေပေါ့လေ ။
CMS နဲ့ လည်းမဆိုင်ဘူး ။ ဘာ CMS ဘဲဖြစ်ဖြစ် မဆိုင်ပါဘူး ။ Database ကဘာဖြစ်တယ်ဆိုတာသာလိုပါတယ် ။
MySQL ဆိုရင် MySQL Injection နဲ့ လုပ်ရမယ် ။ MSSQL ဆိုရင် MSSQL Injection ပေါ့ ။ ဒီလိုမျိုးသွားပါတယ် ။
လက်ရှိ Website တော်တော်များများ Deface အုပ်ခံနေရတာဟာလည်း SQL Injection နည်းနဲ့ ခံနေရတာများပါတယ် ။
ဒီတော့ကျနော်တို့ နဲ့ အတူ SQL Injection ကိုလေ့လာလိုက်ရအောင်ဗျာ ။
SQL Injection အကြောင်းကိုကျနော့် blog ရဲ့ 
http://www.midnightcyberstalkers.org/search/label/SQL%20Injection
မှာသွားရောက်လေ့လာနိုင်ပါတယ် ။ SQL Injection နဲ့ ပတ်သတ်ပြီး Challenge တွေဖြေချင်သေးတယ်ဆိုရင်တော့
http://www.mmsecurity.net/forum/
ကိုသွားပါ ။
Thanks for the reading ,
Regard rEvolt!
Greetz :: 133720 ::Raw-x :: Mad Mike :: ~trojAn* :: G_26 :: Shwe Kayin :: Lout Ta Yu :: Jerry Fate :: Scod3 :: Moe Tain :: Dong0th ::
All Myanmar Hackers and MSF Members
** Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ
** Step-2. "5sec". လောက်စောင့်ပေးပါ။
** Step-3. " << SKIP AD >> ".ကိုနှိပ်ပေးပါ။
** Step-4. Download Link ကျလာပါလိမ့်မယ်။
** အဆင်ပြေပါစေဗျာ။