7/29/2014

♪ Facebook တွင် Chat ပြုလုပ်ရန် Messenger App လိုအပ်မည် ♫

Photo: Facebook တွင် Chat ပြုလုပ်ရန် Messenger App လိုအပ်မည်
============================================

မိုဘိုင်းဖုန်းများတွင် Facebook မှတဆင့် သူငယ်ချင်းများနှင့်  Chat ပြုလုပ်ရန် Facebook Messenger App ကို လိုအပ်တော့မည် ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ဖြစ်သော Facebook က Facebook App တွင် Chat စွမ်းဆောင်ချက်ကို ဖယ်ရှားတော့မည်ဟု ကြေညာလိုက်ပါသည်။ ထို့အတွက် သူငယ်ချင်းများနှင့် Chat ပြုလုပ်ရန် Messenger App ကို အသုံးပြုရမည် ဖြစ်သည်။ 

Facebook က Chat ပြုလုပ်ရန် Messenger ကို အသုံးပြုရသည့် စနစ်ကို ဧပြီလတွင် ဥရောပနိုင်ငံအချို့တွင် စတင် ကျင့်သုံးခဲ့ပါသည်။ ယခုအခါတွင် အဆိုပါစနစ်ကို တစ်ကမ္ဘာလုံးတွင် ကျင့်သုံးမည် ဖြစ်သည်။ Facebook ၏ ရည်ရွယ်ချက်မှာ Slingshot ကဲ့သို့ Standalone Apps များကို တီထွင်ရန် ဖြစ်ပါသည်။ 

“ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ Facebook ကနေ စာပို့ချင်ရင် Messenger App ကို ဒေါင်းလုပ် ရယူဖို့ လိုတယ်ဆိုတာကို လူတွေပိုပြီး သိလာအောင် ပြုလုပ်တော့မှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က Messenger ကို အကောင်းဆုံး မိုဘိုင်း Messaging App တစ်ခုဖြစ်အောင် ပြုလုပ်ဖို့နဲ့ Facebook App မှာ ရှုပ်ထွေးမှု မရှိအောင်ပါ။ “ ဟု Facebook မှ တာဝန်ရှိသူတစ်ဦးက Cnet ကို ပြောပါသည်။ 

Messenger မရှိသူများက Facebook App မှ စာပို့မည် ဆိုလျှင် Messenger ကို ဒေါင်းလုပ် ရယူရန် အသိပေးမည် ဖြစ်သည်။ Facebook App မှ Messages Button ကို နှိပ်လျှင် Messenger ကို ဖွင့်ပေးမည် ဖြစ်သည်။ 

Facebook ၏ အဆိုအရ လစဉ်လတိုင်း Messenger အသုံးပြုသူ သန်းနှစ်ရာကျော်ရှိပြီး မိုဘိုင်းဖုန်း အသုံးပြု၍ Facebook ကို တစ်လလျှင် တစ်ကြိမ် အနည်းဆုံးဖွင့်ကြည့်သူမှာ ၁.၁ ဘီလီယမ် ရှိပါသည်။ Facebook ၏ ဒုတိယလပတ် ၀င်ငွေ ကြေညာသည့်ပွဲတွင် CEO ဖြစ်သူ Mark Zuckerberg က အမေရိကန်ရှိ Facebook အသုံးပြုသူများသည် မိုဘိုင်းဖုန်းများတွင် တစ်နေ့လျှင် မိနစ်လေးဆယ် အသုံးပြုကြသည်ဟု ပြောပါသည်။ 

Facebook က Messenger App တွင် စာပို့ခြင်းသည် Facebook App တွင် စာပို့ခြင်းထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်သည်ဟု ပြောပါသည်။ လွန်ခဲ့သည့်လများအတွင်းတွင်လည်း Facebook သည် ဓါတ်ပုံနှင့် ဗီဒီယိုများ ပေးပို့နိုင်ခြင်း၊ Group Chat ပြုလုပ်နိုင်ခြင်း၊ အခမဲ့ ဖုန်းပြောနိုင်ခြင်း၊ Animated Stickers များအသုံးပြုနိုင်ခြင်း စသည့် စွမ်းဆောင်ချက်များကို Messenger တွင် ထည့်သွင်းပေးခဲ့ပါသည်။ 

Messenger App ကို iPhone, Android, Windows Phone, iPad အတွက် ပြုလုပ်ပေးထားပါသည်။ Desktop Computer များတွင် Facebook Chat ကို အသုံးပြုရန် Messenger App မလိုဟု သိရပါသည်။

မိုဘိုင်းဖုန်းများတွင် Facebook မှတဆင့် သူငယ်ချင်းများနှင့် Chat ပြုလုပ်ရန် Facebook Messenger App ကို လိုအပ်တော့မည် ဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ယက်ဖြစ်သော Facebook က Facebook App တွင် Chat စွမ်းဆောင်ချက်ကို ဖယ်ရှားတော့မည်ဟု ကြေညာလိုက်ပါသည်။ ထို့အတွက် သူငယ်ချင်းများနှင့် Chat ပြုလုပ်ရန် Messenger App ကို အသုံးပြုရမည် ဖြစ်သည်။

Facebook က Chat ပြုလုပ်ရန် Messenger ကို အသုံးပြုရသည့် စနစ်ကို ဧပြီလတွင် ဥရောပနိုင်ငံအချို့တွင် စတင် ကျင့်သုံးခဲ့ပါသည်။ ယခုအခါတွင် အဆိုပါစနစ်ကို တစ်ကမ္ဘာလုံးတွင် ကျင့်သုံးမည် ဖြစ်သည်။ Facebook ၏ ရည်ရွယ်ချက်မှာ Slingshot ကဲ့သို့ Standalone Apps များကို တီထွင်ရန် ဖြစ်ပါသည်။

“ လာမယ့် ရက်အနည်းငယ်အတွင်းမှာ ကျွန်တော်တို့ဟာ Facebook ကနေ စာပို့ချင်ရင် Messenger App ကို ဒေါင်းလုပ် ရယူဖို့ လိုတယ်ဆိုတာကို လူတွေပိုပြီး သိလာအောင် ပြုလုပ်တော့မှာပါ။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က Messenger ကို အကောင်းဆုံး မိုဘိုင်း Messaging App တစ်ခုဖြစ်အောင် ပြုလုပ်ဖို့နဲ့ Facebook App မှာ ရှုပ်ထွေးမှု မရှိအောင်ပါ။ “ ဟု Facebook မှ တာဝန်ရှိသူတစ်ဦးက Cnet ကို ပြောပါသည်။

Messenger မရှိသူများက Facebook App မှ စာပို့မည် ဆိုလျှင် Messenger ကို ဒေါင်းလုပ် ရယူရန် အသိပေး မည် ဖြစ်သည်။ Facebook App မှ Messages Button ကို နှိပ်လျှင် Messenger ကို ဖွင့်ပေးမည် ဖြစ်သည်။

Facebook ၏ အဆိုအရ လစဉ်လတိုင်း Messenger အသုံးပြုသူ သန်းနှစ်ရာကျော်ရှိပြီး မိုဘိုင်းဖုန်း အသုံးပြု၍ Facebook ကို တစ်လလျှင် တစ်ကြိမ် အနည်းဆုံးဖွင့်ကြည့်သူမှာ ၁.၁ ဘီလီယမ် ရှိပါသည်။ Facebook ၏ ဒုတိယလပတ် ၀င်ငွေ ကြေညာသည့်ပွဲတွင် CEO ဖြစ်သူ Mark Zuckerberg က အမေရိကန်ရှိ Facebook အသုံးပြုသူများသည် မိုဘိုင်းဖုန်းများတွင် တစ်နေ့လျှင် မိနစ်လေးဆယ် အသုံးပြုကြသည်ဟု ပြောပါသည်။

Facebook က Messenger App တွင် စာပို့ခြင်းသည် Facebook App တွင် စာပို့ခြင်းထက် ၂၀ ရာခိုင်နှုန်း ပိုမိုမြန်သည်ဟု ပြောပါသည်။ လွန်ခဲ့သည့်လများအတွင်းတွင်လည်း Facebook သည် ဓါတ်ပုံနှင့် ဗီဒီယို များပေးပို့နိုင်ခြင်း၊ Group Chat ပြုလုပ်နိုင်ခြင်း၊ အခမဲ့ ဖုန်းပြောနိုင်ခြင်း၊ Animated Stickers များအသုံးပြု နိုင်ခြင်း စသည့် စွမ်းဆောင်ချက်များကို Messenger တွင် ထည့်သွင်းပေးခဲ့ပါသည်။

Messenger App ကို iPhone, Android, Windows Phone, iPad အတွက် ပြုလုပ်ပေးထားပါသည်။ Desktop Computer များတွင် Facebook Chat ကို အသုံးပြုရန် Messenger App မလိုဟု သိရပါသည်။

Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>