7/24/2014

♪ Microsoft က ဈေးသက်သာသည့် Nokia Lumia 530 ၀င်းဒိုးဖုန်းကို ကြေညာ ♫

Photo: Microsoft က ဈေးသက်သာသည့် Nokia Lumia 530 ၀င်းဒိုးဖုန်းကို ကြေညာ
====================================================

Microsoft က  Nokia Lumia 530 ကို ကြေညာလိုက်ပြီး Single-SIM နှင့် Dual-SIM နှစ်မျိုးထုတ်လုပ်ပေးထားပါသည်။ သြဂုတ်လတွင် ဒေါ်လာ ၁၁၅ (ယူရို ၈၅) ဖြင့် တစ်ကမ္ဘာလုံးတွင် ရောင်းချပေးမည် ဖြစ်သည်။ စွမ်းဆောင်ရည်နိမ့်ပြီး ဈေးသက်သာသည့် ၀င်းဒိုးဖုန်း ဖြစ်ပါသည်။ 

Nokia Lumia 530 တွင် လေးလက်မရွယ် 854x480 Resolution  Display တပ်ဆင်ထားပါသည်။ မျက်နှာပြင် အမျိုးအစားမှာ LCD ဖြစ်ပါသည်။ Snapdragon 200 Chipset ပေါ်တွင် 1.2GHz Cortex-A7 Processor တပ်ဆင်ထားပါသည်။ Adreno 302 GPU နှင့် 512 MB RAM ပါရှိပါသည်။ Windows Phone 8.1 ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ Internal Storage မှာ 4GB ဖြစ်သော်လည်း Apps များကို SD Card သို့ပြောင်းရွှေ့နိုင်ပြီ ဖြစ်သည်။ 128GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။ ၀ယ်ယူသူများအတွက် OneDrive တွင် 15GB Storage ရရှိမည် ဖြစ်သည်။ 

အနောက်ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပြီး 854x480 Video များကို ရိုက်ကူးပေးနိုင်ပါသည်။ 1430mAh Battery တပ်ဆင်ထားပြီး ဖုန်းပြောဆိုလျှင် ၁၃.၄ နာရီ အသုံးခံပါသည်။ ဗီဒီယိုကြည့်လျှင် ၅.၅ နာရီ အသုံးခံပါသည်။ အရွယ်အစားအပြည့်အစုံမှာ 119.7 x 62.3 x 11.7mm ဖြစ်ပါသည်။ 

Nokia Lumia 530 ကို အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်နှင့် အညိုရောင်များ ထုတ်လုပ်ပေးထားပါသည်။


Microsoft က Nokia Lumia 530 ကို ကြေညာလိုက်ပြီး Single-SIM နှင့် Dual-SIM နှစ်မျိုးထုတ်လုပ်ပေး ထားပါသည်။ သြဂုတ်လတွင် ဒေါ်လာ ၁၁၅ (ယူရို ၈၅) ဖြင့် တစ်ကမ္ဘာလုံးတွင် ရောင်းချပေးမည် ဖြစ်သည်။ စွမ်းဆောင်ရည်နိမ့်ပြီး ဈေးသက်သာသည့် ၀င်းဒိုးဖုန်း ဖြစ်ပါသည်။

Nokia Lumia 530 တွင် လေးလက်မရွယ် 854x480 Resolution Display တပ်ဆင်ထားပါသည်။ မျက်နှာပြင် အမျိုးအစားမှာ LCD ဖြစ်ပါသည်။ Snapdragon 200 Chipset ပေါ်တွင် 1.2GHz Cortex-A7 Processor တပ်ဆင်ထားပါသည်။ Adreno 302 GPU နှင့် 512 MB RAM ပါရှိပါသည်။ Windows Phone 8.1 ကို မောင်းနှင်လည်ပတ်မည် ဖြစ်သည်။ Internal Storage မှာ 4GB ဖြစ်သော်လည်း Apps များကို SD Card သို့ပြောင်းရွှေ့နိုင်ပြီ ဖြစ်သည်။ 128GB အထိဝင်ဆန့်သည့် MicroSD Card အသုံးပြုနိုင်ပါသည်။ ၀ယ်ယူသူများအတွက် OneDrive တွင် 15GB Storage ရရှိမည် ဖြစ်သည်။

အနောက်ဘက်တွင် 5 Megapixel Camera တပ်ဆင်ထားပြီး 854x480 Video များကို ရိုက်ကူးပေးနိုင်ပါသည်။ 1430mAh Battery တပ်ဆင်ထားပြီး ဖုန်းပြောဆိုလျှင် ၁၃.၄ နာရီ အသုံးခံပါသည်။ ဗီဒီယိုကြည့်လျှင် ၅.၅ နာရီ အသုံးခံပါသည်။ အရွယ်အစားအပြည့်အစုံမှာ 119.7 x 62.3 x 11.7mm ဖြစ်ပါသည်။

Nokia Lumia 530 ကို အစိမ်းရင့်ရောင်၊ လိမ္မော်ရောင်၊ အဖြူရောင်နှင့် အညိုရောင်များ ထုတ်လုပ်ပေးထား ပါသည်။
Myanmar Digital Life Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>