မြန်မာနိုင်ငံတွင်
အင်တာနက်ပေါ်ရှိ လူမှုကွန်ရက် စာမျက်နှာများသုံးစွဲခြင်းနှင့်
ပတ်သက်ပြီးအသုံးပြုသူများကို အသိပညာများပေးရန်အတွက် Facebook နှင့် Google
ကဲ့သို့သောနည်းပညာ ကုမ္ပဏီကြီးများမှ တာဝန်ရှိသူ များနှင့်
ပြည်တွင်းနည်းပညာနယ်ပယ်မှ ပညာရှင်များ၊ အသုံးပြုသူများ ပါဝင်သည့်
တွေ့ဆုံဆွေးနွေးပွဲ တစ်ခု ကိုပြုလုပ်နိုင်ရန်အတွက် ဆက်သွယ်ရေးနှင့်
သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ ကူညီဆောင် ရွက်ပေးသွားရန်
အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
လူမှုကွန်ယက် စာမျက်နှာများပေါ်မှတဆင့် ပဋိပက္ခများ ဖြစ်ပွားနေခြင်းမျာကို လျော့ပါးစေရန်အတွက် ပြုလုပ် မည့် အဆိုပါဆွေးနွေးပွဲကို ယခုလတတိယပတ်အတွင်း အကောင်အထည်ဖော်နိုင်ရန် အထက်ပါဝန်ကြီး ဌာနက ညှိနှိုင်းကြိုးပမ်းနေကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ လူမှုကွန်ရက်စာမျက်နှာများကို အသုံးပြုရာ တွင် ဒေသတွင်း ပဋိပက္ခ ဖြစ်ပွားစေနိုင်မည့် ရေးသားချက်များကို နားလည်နိုင်ရန်နှင့် လက်ရှိဖြစ်ပေါ်နေ သည့် အခြေအနေများကို လျော့ပါးစေရန်အတွက်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Facebook နှင့် Google မှ တာဝန်ရှိသူများသည် လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ပဋိပက္ခအခြေအနေများကို ဖန်တီးရေးသားခြင်းများကို နည်းပညာဆိုင်ရာ ဥပဒေကြောင်းများအရ ထိန်းချုပ်နိုင်ရန်နှင့် စိစစ်ပေးခြင်းများကို Facebook က ကူညီပေးသွားရန်ရှိကြောင်း သိရသည်။

Internet Journal