7/10/2014

♪ ဝန်ဆောင်မှု လုပ်ငန်းများကို ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှ အသိအမှတ်ပြု လက်မှတ်ထုတ်ပေးမည် ♫

http://www.translatingberlin.com/wp-content/uploads/wild-parts.jpg

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာလုပ်ငန်းရှင်အသင်းသည် ဒေသတွင်းရှိ ကွန်ပျူတာပြုပြင်ရေး စင်တာ များနှင့် မိုဘိုင်းဖုန်းပြုပြင်ရေး စင်တာများကို ၎င်းတို့၏ အသိအမှတ်ပြု လက်မှတ်များ ထုတ်ပေးသွား မည်ဟု ပြောဆိုခဲ့သည်။

သက်မှတ်ချက်များနှင့် ပြည့်စုံသည့် ဝန်ဆောင်မှုစင်တာများကို ကွန်ပျူတာ လုပ်ငန်းရှင်အသင်း အသိအမှတ်ပြု လက်မှတ်များထုတ် ပေးသွားရန် စီစဉ်ထားခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ဝန်ဆောင်မှုနှင့် ပတ်သက်၍ အဆင့်အတန်းတစ်ခု မြှင့်တင်ပေးနိုင်ရန် ဖြစ်သည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာလုပ်ငန်းရှင်အသင်း၏ အသိအမှတ်လက်မှတ်ကို ရယူလိုပါက ဝန်ဆောင်မှုလုပ်ငန်းနှင့် ပတ်သက်၍ ပစ္စည်းကိရိယာများ စုံလင်စွာ ရှိရမည်ဖြစ်ပြီး ဝန်ဆောင်မှုအတွက် အာမခံချက်များလည်း ပေးအပ်ရမည်ဟု သိရသည်။ စင်တာများ၌ ကျွမ်းကျင်မှုအဆင့် သက်မှတ်ချက်ရှိသည့် လက်မှတ်ကိုင်ဆောင်သူများသာ ခန့်အပ်ထားရမည်ဖြစ်ပြီး စုစုပေါင်းစည်းကမ်းချက် ၁၀ ချက် သက်မှတ်ထားသည် ဟုသိရသည်။

စည်းကမ်းချက် ၁၀ ခု၌အုပ်ချုပ်သူ အရည်အသွေးဟူသည့် အချက်တစ်ခုပါဝင်ကြောင်း၊ အဆိုပါ စည်းကမ်းချက်နှင့် ပတ်သက်၍ လက်မှတ်တစ်စုံတစ်ရာ မရှိခဲ့ပါက ရန်ကုန် တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းမှာ သင်တန်းပို့ချပေးသွားမည်ဟု သိရသည်။ သင်တန်းကြေး ၁ သိန်း ၃ သောင်းကျပ်သက်မှတ်ထားသည့် အဆိုပါသင်တန်း၌ စီးပွားရေးတက္ကသိုလ် ၊ အင်ဂျင်နီယာအသင်း ၊ ကွန်ပျူတာတက္ကသိုလ် ၊ အင်ဂျင်နီယာတက္ကသိုလ်တို့မှ ဆရာ ၊ ဆရာမများ လာရောက်သင် ကြားကြမည်ဟု သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူ တာလုပ်ငန်းရှင် အသင်း၏ အသိအမှတ်ပြု ဝန်ဆောင်မှုစင်တာကို ဖွင့်လှစ်လိုပါက အသင်းရုံးခန်းသို့ လာရောက်လျှောက်ထား ရမည်ဖြစ်ကြောင်း ၊ လျှောက်ထားသည့် အဆိုပါစင်တာများကို အရည်အသွေးစစ်ဆေးသည့် အဖွဲ့မှစီစစ်ပြီး အသိအမှတ်ပြု လက်မှတ်ကို ထုတ်ပေးခြင်းဖြစ်သည်။ အရည် အသွေးစစ်အဖွဲ့သည် စင်တာကိုသွားရောက် စစ်ဆေးမှုများပြုလုပ်ပြီး အသိအမှတ်ပြုလက်မှတ်ကို ထုတ်ပေးခြင်းဖြစ်ပြီး လက်မှတ်၏ သက်တမ်းမှာ ၁ နှစ်ဖြစ်သည်။

အသိအမှတ်ပြု လက်မှတ်ကို ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းက တစ်နှစ်စာအတွက် ၅ သိန်းကျပ်သက်မှတ်ထားပြီး ဒေသတွင်းရှိ နည်းပညာဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်လိုသူ များ လျှောက်ထားနိုင်သည်ဟု သိရသည်။ ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင် အသင်းသည် ၎င်းတို့ အသိအမှတ်ပြုသော ဝန်ဆောင်မှုစင်တာများကို အရည်အသွေးပြည့်ဝကြောင်း ထောက်ခံသည့် လက်မှတ်များ ထုတ်ပေးသွားမည် ဖြစ်သော်လည်း စင်တာနှင့် အသုံးပြုသူများအကြား ပေါ်ပေါက်လာ သည့် ပြသာနာများနှင့် အငြင်းပွားမှုများကို တာဝန်ယူဆောင်ရွက်ပေးမည် မဟုတ်ကြောင်းအတိအ လင်း ကြေ ညာထားသည်။
Internet Journal



<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>