4/01/2015

♪ Samsung Galaxy A7 & Samsung Galaxy E7 တို့ကိုနှိုင်းယှဉ်ကြည့်ခြင်း ♫


Samsung ဟာ Galaxy A7 ကိုဇန်န၀ါရီလမှာ စတင်မိတ်ဆက်ခဲ့ပြီးနောက် ကမ္ဘာ့တစ်ဝှမ်းရှိ မိုဘိုင်း ဖုန်းဈေးကွက်မှာ ရောင်းအား အကောင်းဆုံးအဖြစ် ရပ်တည်လာနိုင်တာဖြစ်ပါတယ်။ Samsung ရဲ့အပါးလွှာဆုံးလို့ မသတ်မှတ်နိုင်ပေမယ့်လည်း 6.3mm အထူသာရှိတဲ့ စမတ်ဖုန်းမို့လို့ အရွယ်အစားနဲ့လိုက်ဖက်ညီနေတာကို တွေ့ရပါတယ်။ Galaxy A7 ဟာ အသစ်ထွက်ရှိထားတဲ့ Galaxy A-Series ထဲက အဖွဲ့ဝင်ဖုန်းတစ်လုံးဆိုတာကို ဖုန်းရဲ့သတ္တုကိုယ်ထည်အစိတ်အပိုင်းက ဖော်ပြနေပါတယ်။

A7 မှာ Full HD ဗီဒီယိုတွေ ရိုက်ကူးနိုင်တဲ့ 16MP rear camera နဲ့ 5MP ရှေ့ဘက်ကင်မရာ တို့ကို တွေ့ရနိုင်ပါတယ်။ သိုလှောင်မှုအတွက် Internet ကို 16GB ထားရှိပြီး 64GB ထိ microSD နဲ့တိုးမြှင့်နိုင်ပါတယ်။ Android OS 4.4.4 (KitKat) ကို Galaxy A7 ရော E7 မှာပါ အသုံးပြုနိုင်အောင် စီစဉ်ထားပါတယ်။ E7 မှာလည်း A7 ရဲ့ကင်မရာ အရည်အသွေးချင်း ဆင်တူပါဝင်နေတာဖြစ်လို့ စွမ်းဆောင်ရည် မလျော့ကျပါဘူး။ A7 ရဲ့ ဘက်ထရီပိုင်းအတွက် ဖြုတ်/တပ် လို့မရတဲ့ Li-Ion 2600mAh ကို တပ်ဆင်ထားပြီး E7 ကတော့ Li-Ion 2950mAh ဘက်ထရီ သုံးစွဲပေးထားပါတယ်။

Design - - -
Galaxy A7 ဟာ တမူထူးခြားတဲ့ အသွင်ဆောင်ပြီး ပလတ်စတစ် အစား သတ္တုကိုယ်ထည်ကို သုံးထားထားလို့ ကိုင်ရတာ တောင့်တင်းခိုင်မာနေပါတယ်။ ပါးလွှာပေါ့ပါးတဲ့အနေအထားနဲ့ လေးထောင့် ဆန်ဆန်ဒီဇိုင်းကြောင့် အမြင်ပိုင်းဆွဲဆောင်မှု ရှိပါတယ်။

ပလတ်စတစ်ကိုယ်ထည်နဲ့ E7 ကိုထည့်သွင်းတည်ဆောက်ပေးထားပြီး ဘေးဘောင်တွေဟာ A7 ထက်ပိုပြီး ထင်ရှားပေါ်လွင် တာတွေ့ရပါတယ်။ မျက်နှာပြင်ခပ်ပြပားပြားနဲ့ ဘေးဘောင်တွေဟာ ငွေရောင်နဲ့ ဖုံးအုပ်ထားလို့ ပိုခမ်းနားတဲ့ဒီဇိုင်းမျိုး ဖန်တီးထားပါတယ်။

Processor - - -
Samsung Galaxy A7 အတွက် လုံလောက်တဲ့ စွမ်းရည်ကို ပံ့ပိုးပေးနိုင်ဖို့ Qualcomm ရဲ့ 64bit Snapdragon 615 Octa-core processor က အသင့်ရှိနေပါတယ်။ Multi-tasking နဲ့ ဂိမ်းအတွက်ကို 2GB RAM နဲပ Adreno 405 ဂရပ်ဖစ်ရဲ့လုပ်ဆောင်ချက်တွေ ထားရှိပေးထားပါတယ်။

Qualcomm Snapdragon 410 Chipset ကို သုံးထားပြီး 1.2GHz အမြန်နှုန်းရှိတဲ့ quad-core procedssor ရဲ့ အလုပ်လုပ်ပေးနိုင်လို့ စွမ်းဆောင်ရည် အားကောင်းပါတယ်။ RAM 2GB ကိုလည်း ထည့်ပေးထားပြီး ဂရပ်ဖစ်ကတော့ Adreno 360 ဖြစ်ပါတယ်။

Display - - -
Super AMOLED Screen ဟာ အလွန်ကောင်းမွန်နေပြီး Full HD ရုပ်ထွက်အရည်အသွေးဖြစ်တဲ့ 1080x1920 pixels ပါဝင်ပါတယ်။ Galaxy Alpha ထက် ပိုကြီးမားတဲ့ 5.5 လက်မအရွယ် display ရှိပြီး Gorilla Glass 4 နဲ့ မျက်နှာပြင်ကို အကြမ်းခံနိုင်ဖို့ ဖုံးအုပ်ပေးထားပါတယ်။

E7 ရဲ့ Screen ဟာ ကြည်လင်ပြတ်သားပြီး အရောင်အသွေးစုံလင်ပါတယ်။ 5.5 လက်မအရွယ် display နဲ့ HD Resolution ကို ရရှိမှာဖြစ်ပြီး 267 ppi pixels density ပါဝင်ပါတယ်။ မြင်ကွင်းကောင်းစေ ဖို့ ဘေးဘောင်တွေကို သေးငယ်အောင် ပြုလုပ်ပေးထားပါတယ်။

Verdict - - -
Samsung Galaxy A7 ဟာ အတော်လေး ကြည့်လို့ကောင်းတဲ့ ဖုန်းအမျိုးအစားထဲမှာ ပါဝင်နေပါတယ်။ သူ့ရဲ့ လုပ်ငန်းစွမ်းဆောင်ရည်တွေအတွက် အမြဲတစေ စောင့်ကြည့်နေရမှာဖြစ်ပြီး သုံးရတာ အဆင်ပြေချောမွေ့စေပါတယ်။ အရည်အသွေးကောင်းတဲ့ ကင်မရာ ကိုလည်း တပ်ဆင်ပေးထားပြီး အရောင်မျိုးစုံ ရွေးချယ်နိုင်ပါတယ်။

Galaxy E7 ကို 4G Network ထဲ ချိတ်ဆက်ထားတာမို့ နေရာမရွေး နိုင်ငံမရွေး ဖုန်းပြောဆိုနိုင်ပါတယ်။ 5.5 လက်မ Screen ဟာ ဖုန်းတစ်လုံးအတွက် ရှိသင့်တဲ့ အရွယ်အစားဖြစ်တာကြောင့် ဂိမ်းနဲ့ ဗီဒီယိုတွေကို အဆင်ပြေပြေ အသုံးပြုနိုင်ပါတယ်။ လူကြိုက်များပြီး စိတ်ဝင်စားစရာကောင်းတဲ့ Samsung ရဲ့ E-Series အဖွဲ့ဝင် ဖြစ်ပါတယ်။

Credit : Net Guide Journal
Today's Technology မိုဘိုင်းဖုန်းပြုပြင်နည်းသင်တန်း

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ တန်ဖိုး - ၁၃၃,၀၀၀ ကျပ် Lenovo A3500 ရဲ့ အားသာချက် အားနည်းချက် အသေးစိတ်ဖော်ပြချက်များ ♫


တန်ဖိုး - ၁၃၃,၀၀၀ ကျပ်

အားသာချက် - SIM Card ထည့်သွင်း အသုံးပြုနိုင်တဲ့အတွက် ခရီးသွားလာလေ့ ရှိသူများ အလွယ်တကူ သယ်ယူပြီး Mobile Data ကို သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ပါးလွှာတဲ့ ဒီဇိုင်းနဲ့ ဖွဲ့စည်းတည်ဆောက် ထားတာကိုလည်း တွေ့မြင်ရမှာဖြစ်သလို၊ ဈေးနှုန်းကလည်း သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူအသုံးပြု နိုင်မှာဖြစ်ပါတယ်။

အားနည်းချက် - ကင်မရာပိုင်းမှာ Megapixel အမြင့်မားကြီး မဟုတ်ဘဲ ပုံမှန်အသုံးပြု နိုင်လောက်စေ ရန်သာ ထည့်သွင်းပေးထားပါတယ်။ နည်းပညာ ပိုင်းမှာလည်း ထူးခြားတဲ့ နည်းပညာသစ်တွေ ပါဝင်လာ တာကို တွေ့ရမှာတော့ မဟုတ်ပါဘူး။


သုံးသပ်ချက် - Lenovo A3500 ဟာ သပ်ရပ်တဲ့ ဒီဇိုင်းပုံစံနဲ့ ဖွဲ့စည်းထားတာကို တွေ့မြင်ရမှာဖြစ်ပြီး၊ Speaker ကိုလည်း မျက်နှာပြင်အထက်ပိုင်းမှာ တပ်ဆင်ထားပါတယ်။ ရုပ်ထွက်အရည်အသွေး ကောင်း မွန်အောင် အထောက်အပံ့ ပေးထားတာကိုလည်း တွေ့ရမှာဖြစ်ပါတယ်။ Screen အရွယ်အစားကတော့ ၇ လက်မရှိမြှာ ဖစ်ပါတယ်။

အသေးစိတ်ဖော်ပြချက် - Quad Core Processor ကိုအသုံးပြုထားပြီး Processor ရဲ့အမြန်နှုန်းကတော့ 1.3 GHz ရှိမှာဖြစ်ပါတယ်။ RAM ကို 1GB ထည့်သွင်းပေးထားပြီး၊ အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ Storage ပါဝင်မှာ ဖြစ်ပါတယ်။ GSM Sim Card ကို ထည့်သွင်း အသုံးပြုနိုင်ရန်အတွက် စီစဉ်ဖန်တီး ပေးထားပါတယ်။ Micros SD Card ကို 32GB အထိ အထောက်အပံ့ ပေးနိုင်မှာဖြစ်ပါတယ်။ Tablet ကို အသုံးပြုနိုင်ဖို့အတွက် အသုံးပြုထားတဲ့ System ကတော့ Android 4.2.2 ဖြစ်တဲ့ Jelly Bean Version ကို အသုံးပြုထားပါတယ်။ IPS Capacitive Touchscreen ကို အသုံးပြုထားပြီး Resolution ကတော့ 1280 x 800 resolution ရှိမှာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ Dual Camera ကိုအသုံးပြုထားပြီး အနောက်ဘက် ကင်မရာမှာ 5 Megapixels ရှိမှာဖြစ်ပါတယ်။ အရှေ့ဘက် ကင်မရာကတော့ 2 Megapixels ရှိမှာဖြစ်ပါတယ်။ ဘက်ထရီပိုင်းမှာ 3500mAh အသုံးပြုထားပါတယ်။

ဒီဇိုင်း - ရိုးရှင်းတဲ့ ဒီဇိုင်းသွင်ပြင်နဲ့ Lenovo A3500 ဟာ စွဲမက်ဖွယ်ဒီဇိုင်း ရှိမှာဖြစ်ပါတယ်။ အနက်ရောင်ကို အသုံးပြုထားတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဆက်သွယ်ဝယ်ယူ နိုင်မည့်လိပ်စာ - T-Land IT, Digital & Mobile
ဆက်သွယ်နိုင်မည့်ဖုန်း - ၃၉၈၃၄၃

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ ပေါ့ပါးပြီး ဈေးနှုန်းသက်သာသည့် Surface 3 ကို Microsoft မိတ်ဆက် ♫

Microsoft သည် Surface 3 ကို မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ tablet ကို အမေရိကန်ဒေါ်လာ ၄၉၉ ဖြင့် မေလ ၅ ရက်တွင် ဖြန့်ချိရောင်းချသွားမည်ဖြစ်ကြောင်းနှင့် ကြိုတင်မှာယူမှုများကို အင်္ဂါနေ့မှ စတင်ပြုလုပ်နိုင်ကြောင်း ကြေညာခဲ့သည်။

Microsoft ၏ Surface 3 သည် ယခင် Surface ထုတ်ကုန်များကဲ့သို့ app များ အားလုံး ထောက်ပံ့မှု မရရှိသည့် Windows RT ဗားရှင်းကို အသုံးပြုထားခြင်း မရှိပေ။ ယခင်က Microsoft Surface Pro မော်ဒယ်များတွင် ပုံမှန်အသုံးပြုနေသည့် Windows ပါဝင်လာချိန်တွင် Surface ၌ Windows RT ကို အသုံးပြုခဲ့သည်။

Surface 3 သည် အပါးလွှာဆုံး tablet ဖြစ်ကြောင်း Microsoft က ညွှန်းဆိုခဲ့ပြီး ၎င်း tablet တွင် Office 365 တစ်နှစ်အခမဲ့ အသုံးပြုခွင့် ထည့်သွင်းပေးထားကြောင်း ပြောကြားခဲ့သည်။ Surface Pro 3 ကဲ့သို့ပင် Surface 3 တွင် Microsoft က kickstand ကို ထည့်သွင်းပေးထားပြီး stylus ထောက်ပံ့မှု ပါဝင်လာသော်လည်း Surface Pen ကို သီးခြား ဝယ်ယူရမည် ဖြစ်ကြောင်း သိရသည်။

၎င်း tablet ၏ မျက်နှာပြင်အကျယ်မှာ ၁၂ လက်မအရွယ် Pro မော်ဒယ်များထက် သေးငယ်ပြီး အရွယ်မှာ ၁၀.၈ လက်မသာ ရှိသည်။ Surface 3 ကို Windows 8.1 နှင့်အတူ တင်ပို့ရောင်းချသွား မည် ဖြစ်သော်လည်း ယခုနှစ်နှောင်းပိုင်းတွင် ထွက်ရှိမည့် Windows 10 update ကိုရရှိနိုင်မည် ဖြစ်သည်။

Ref: BusinessInsider

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

လယ်သမားသူပုန် နှင့် သတ်ရဲသည် သေရဲသည်(ဆင်ဖြူကျွန်းအောင်သိန်း)@MMBS


စာအုပ်အမည် - လယ်သမားသူပုန် နှင့် သတ်ရဲသည် သေရဲသည်
စာရေးသူ - ဆင်ဖြူကျွန်းအောင်သိန်း



မြန်မာအွန်လိုင်းစာအုပ်စင် Fagebook Page ကို{ ဒီမှာ } သွားပြီး Like နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် Group ကို{ ဒီမှာ } သွားပြီး Join နှိပ်လိုက်ပါ



မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်သမျှကို { ဒီမှာ } သွားဖတ်လိုက်လိုက်ပါ




<<< စာပေချစ်သူ ပရိတ်များ အားလုံး မင်္ဂလာပါ..
မြန်မာအွန်လိုင်းစာအုပ်စင် မှ တင်ဆက်သော စာအုပ်များကို မည်သူမဆို
လွတ်လပ်စွာပြန်လည်မျှဝေနိုင်ပါတယ်....
အခု လို အားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ် >>>










<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 






**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ

**  Step-2. "5sec". လောက်စောင့်ပေးပါ။

**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။

**  Step-4. Download Link ကျလာပါလိမ့်မယ်။

**  အဆင်ပြေပါစေဗျာ။

   Download

Read More ...

♪ ဒေါ်လာ ၇၀ တန် Microsoft Lumia 430 ကို ရောင်းပြီ ♫

1

Microsoft က Lumia 430 ကို ကြေညာလိုက်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ဈေးသက်သာစေရန် ပြုလုပ်ပေး ထားပါသည်။ Dual-SIM Handset ဖြစ်ပြီး အိန္ဒိယ၊ အာရှ အလယ်ပိုင်း ၊ အာရှ-ပစိဖိတ်၊ ရုရှား၊ ကာဇက်စတန် ဘီလာရုစ်နှင့် အာဖရိကတွင် ဧပြီလအတွင်း ရောင်းချပေးမည် ဖြစ်သည်။ အနက်နှင့် လိမ္မော်ရောင်များ ထုတ်လုပ်ပေးထားပါသည်။

Lumia 430 တွင် 1.2GHz Dual-Core Processor ပါရှိသော Qualcomm Snapdragon 200 Chipset မောင်းနှင်မည် ဖြစ်သည်။ 1GB RAM, 4” LCD Display ( 800×480) , 8GB Internal Storage ပါရှိပါသည်။

128GB ၀င်ဆန့်သော microSD Card ထည့်သွင်းနိုင်ပါသည်။ မျက်နှာချင်းဆိုင်တွင် 0.3 MP VGA Camera ပါရှိပါသည်။ အနောက်ဘက်တွင် 2MP Camera တပ်ဆင်ပေးထားပါသည်။

Microsoft က Lumia Device အားလုံးတွင် Windows 10 ကို အဆင့်မြှင့်ခွင့်ပေးမည်ဟု ကတိပေးထားသဖြင့် Lumia 430 တွင်လည်း Windows 10 ကို အသုံးပြုနိုင်မည် ဖြစ်သည်။


Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...