3/31/2015

♪ ဈေးနှုန်းချိုသာသော HTC Desire 526G ရဲ့ အားသာချက် ၊ အားနည်းချက် ၊ နည်းပညာနှင့်အသေးစိတ်ဖော်ပြချက်များ ♫


အားသာချက်

ဒီဖုန်းဟာ ဈေးနှုန်းသင့်တဲ့ ဖုန်းအမျိုးအစား တစ်ခုဖြစ်ပေမယ့် ဖုန်းထဲမှာ ထည့်သွင်းအသုံးပြုထားတဲ့ Hardware စနစ်ပိုင်းတွေမှာ မြင့်မားကောင်းမွန်တာ တွေ့ရပါတယ်။ ဖုန်းမှာ မြန်မာစာစနစ် တစ်ပါတည်း ပါဝင်တဲ့အပြင် သတင်းအချက် အလက်တွေကို အချိန်နဲ့ တစ်ပြေးညီ ဖတ်ရှုသိရှိနိုင်မယ့် Blinkfeed စနစ်လည်း ပါဝင်တာ တွေ့ရပါတယ်။ ကင်မရာ ပိုင်းမှာလည်း HTC ရဲ့ Zoe ကင်မရာကို အသုံးပြု နိုင်ပါတယ်။

အားနည်းချက်
ဖုန်းမှာပါဝင်တဲ့ မှတ်ဉာဏ်က နည်းပါတယ်။ မှတ်ဉာဏ်ဟာ 8GB ပါဝင်ပေမယ့် အသုံးပြုတဲ့ အချိန်မှာတော့ 5GB ကျော်ကျော်လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုချင် တယ်ဆိုရင်တော့ Micro SD Card ကိုထည့်သွင်း အသုံးပြုရပါ လိမ့်မယ်။

ဒီဇီုင်း
ပုံစံဒီဇိုင်း ပိုင်းမှာတော့ ဒီဖုန်းဟာ HTC ရဲ့ Desire 310 နဲ့ Desire 210 တို့ကို ပေါင်းစပ်ထားတဲ့ မျိုးဆက်သစ်ပုံစံမျိုးပါ။ ဖုန်းကိုယ်ထည် တစ်ခုလုံးဟာ ပလတ်စတစ် ကိုယ်ထည်ဖွဲ့စည်း တည်ဆောက် မှုဖြစ်ပြီး ကိုယ်ထည်ရဲ့ ဘေးဘောင် လိုင်းကတော့ သတ္တုကိုယ်ထည် လိုင်းပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်ပါ တယ်။ ဖုန်းရဲ့ Screen မြင်ကွင်းပိုင်းမှာတော့ Screen ဟာ ကိုယ်ထည်ကနေ အပေါ်ကို ဖောင်းကြွ ပုံစံမျိုး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် Screen မျက်နှာပြင်ဟာ ကိုယ်ထည်ကနေ အပေါ်ကိုကြွနေတဲ့ ပုံစံမျိုး ရှိပါတယ်။ နောက်ဘက် ကာဗာဟာ ဖြုတ်နိုင်တပ်နိုင်တဲ့ ကာဗာအရှင်ပါ။ ဖုန်းတစ်ခုလုံးရဲ့ အရွယ်အစား ကတော့အထက်အောက် အမြင့်ဟာ ၁၃.၉၈ စင်တီမီတာရှိပြီး ဘေးတိုက်အကျယ်က တော့ ၆.၉၈ စင်တီမီတာရှိပါတယ်။ ဖုန်းရဲ့ အရွယ်အစားဟာ လက်ထဲမှာ ကိုင်တွယ် အသုံးပြုဖို့အတွက် လွယ်ကူ အဆင်ပြေတဲ့ အရွယ်အစားမျိုးပါပဲ။ ထုထည်ကတော့ ၀.၉၉ စင်တီမီတာဖြစ်ပြီး အလေးချိန်တော့ အနည်းငယ် ရှိပါတယ်။

ကွန်ရက်
GSM ကွန်ရက်စနစ်သုံး ဖုန်းအမျိုးအစားဖြစ်ပြီး 2G/ 3G ကွန်ရက် စနစ်တွေမှာအသုံးပြုနိုင်ပါတယ်။ Micro Sim နှစ်ကတ်ထည့်သွင်းအသုံး ပြုနိုင်မယ့် Dual Sim ဖုန်းအမျိုးအစားပါ။

မြင်ကွင်း
Screen မြင်ကွင်းအကျယ် ၄.၇ လက်မရှိပြီး qHD Display အမျိုးအစားပါ။ Screen Resolution အနေနဲ့ 540 x 960 Pixel (234 ppi pixel density) ရှိပါတယ်။

နည်းပညာ
နည်းပညာ ပိုင်းမှာတော့ ဒီဖုန်းဟာ သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ပြည့်စုံတဲ့ စနစ်တွေကို အသုံးပြုနိုင်ဖို့အတွက် ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတစ်လုံး ဖြစ်တဲ့အတွက် မြင့်မားတဲ့ နည်းပညာ ပိုင်းတွေကို အသုံးပြုထားတာမျိုး မဟုတ်ဘဲ အသုံးပြုသူတွေအတွက် စနစ်တွေကို စုံစုံလင်လင် အသုံးပြုနိုင်ဖို့ အတွက် ပြုလုပ်ထားတာ တွေ့ ရပါတယ်။ ဖုန်းထဲမှာတင် Video တွေ ကို Edit ပြုလုပ်ဖြတ်တောက်ခြင်း၊ ဆက်ခြင်းတွေ ကို ပြုလုပ်နိုင်မယ့် Movie Studio စနစ်၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်အဖြစ် ပြုလုပ်နိုင်မယ့် HighLights စနစ်တွေအပြင် ဓာတ်ပုံ ပြုပြင်နိုင်မယ့် စနစ်တွေလည်း ပါဝင်ပါတယ်။ ဖောင့်စနစ်အတွက်လည်း ဇော်ဂျီမြန်မာစာစနစ် တစ်ပါတည်း ပါဝင်ပါတယ်။ ဓာတ်ပုံရိုက်ခံသူက ပြုံးမှအလိုအလျောက် ဓာတ်ပုံရိုက်ပေးမယ့် Smile Shutter စနစ်နဲ့ Facedetection, HDR အစရှိတဲ့ ကင်မရာစနစ် တွေကိုလည်းအသုံးပြုနိုင်ပါတယ်။ Android ဖုန်းအမျိုးမျိုးအပြင် iPhone တွေနဲ့ပါ Bluetooth စနစ်ချိတ်ဆက် အသုံးပြုနိုင်မယ့် Get Content from another phone ဆိုတဲ့ စနစ်ကိုလည်း ဒီဖုန်းမှာ မြင်တွေ့နိုင်ပါတယ်။

အသေးစိတ်ဖော်ပြချက်
CPU ကတော့ Quad-core 1.3 GHz CPU ကို အသုံးပြုထားတဲ့အတွက် ဖုန်းရဲ့လုပ်ဆောင်ချက် ပိုင်းတွေမှာ ချောမွေ့မှု ရှိနေပေမယ့် ဂရပ်ဖစ် စနစ်အတွက်တော့ သီးသန့် GPU ကိုထည့်သွင်း အသုံးပြုထား တာမျိုး မတွေ့ရဘဲ ဖုန်းမှာနဂိုပါဝင်တဲ့ ဂရပ်ဖစ်စနစ်နဲ့ပဲ အသုံးပြုရမှာပါ။ ဖုန်းမှတ်ဉာဏ်ကတော့ Internal Memory 8GB ပါဝင်ပြီး RAM ကတော့ 1GB RAM ပါ။ နောက်ထပ်မှတ်ဉာဏ် ထပ်တိုးအသုံးပြု ဖို့အတွက်တော့ Micro SD ကို 32GB ထိထပ်မံထည့်သွင်း အသုံးပြုနိုင်ပါတယ်။ OS ကတော့ Android OS Version 4.4.2 ကို အသုံးပြု ထားတာဖြစ်ပြီး ကင်မရာကတော့ နောက်ဘက် ကင်မရာဟာ 8 Mega Pixel ရှိပြီး ရှေ့ကင်မရာကတော့ 2 Mega Pixel ရှိပါတယ်။ Bluetooth v4.0, A2DP, apt-X စနစ်နဲ့ micro USB v2.0 စနစ်တွေကို အသုံးပြုနိုင်မှာဖြစ်ပြီး ဘက်ထရီကတော့ Li-Ion 2000 mAh ဘက်ထရီကို အသုံးပြုထားတာ ဖြစ်ပါတယ်။

သုံးသပ်ချက်
ဖုန်းတစ်ခုလုံးကို  ခြုံငုံသုံးသပ် ကြည့်မယ်ဆိုရင်တော့ ဒီဖုန်းဟာ အရွယ်အစားပိုင်းနဲ့  ကိုင်တွယ် အသုံးပြုခြင်း အပိုင်းမှာ အဆင်ပြေတာကို တွေ့ရပါတယ်။ ပုံစံဒီဇိုင်းကလည်း ကောင်းမွန်တဲ့အပြင် Sim Card နှစ်ကတ် အသုံးပြုနိုင်ပြီး ဈေးနှုန်းကလည်း သင့်တင့်တယ်လို့ ဆိုရမယ့် ဖုန်းပါ။ ဖုန်းမှာ အသုံးပြုထားတဲ့ ကင်မရာ၊ CPU အစရှိတဲ့ စနစ်တွေဟာ မြင့်မားတဲ့အတွက် ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့်မယ် ဆိုရင်တော့ သုံးပျော်တယ်လို့ ဆိုနိုင်ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယို စနစ်တွေအတွက်လည်း စနစ်တွေ စုံစုံလင်လင် ပါဝင်ပါတယ်။ မှတ်ဉာဏ်ကတော့ 5GB လောက်ပဲ အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက် မှတ်ဉာဏ်များများ အသုံးပြုမယ် ဆိုရင်တော့ SD Card ကို အသုံးပြု ရပါလိမ့်မယ်။

Device Support : HTC
Price : 165,000 Ks

Internet Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ Windows 10 browser သစ် Project Spartan ကို စမ်းသပ်အသုံးပြုနိုင် ♫


သုံးစွဲသူများ စောင့်ဆိုင်းနေကြသည့် Microsoft ၏ browser သစ် Project Spartan ကို ယခုအခါ စမ်းသပ်အသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နောက်ဆုံး ဖြန့်ချိထားသည့် Windows 10 build 10049 တွင် Project Spartan preview ဗားရှင်းပါဝင်လာသည်။ သို့သော်လည်း အဆိုပါ browser သစ်တွင် feature အချို့ ပါဝင်လာခြင်း မရှိသေးကြောင်း သိရသည်။ သို့ရာတွင် ၎င်း preview ဗားရှင်းတွင် Cortana, ink support, reading list/reading view နှင့် Spartan rendering engine သစ်တို့ ပါဝင်လာကြောင်း Microsoft မှ ပြောကြားခဲ့သည်။

ကုမ္ပဏီ၏ အဆိုအရ Project Spartan preview ဗားရှင်းကို လူတိုင်း အသုံးပြုနိုင်ခြင်း မရှိသေးဘဲ Windows 10 ကို စမ်းသပ်သုံးစွဲသူများကသာ Windows Update မှတစ်ဆင့် အသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

Ref: TheNextWeb
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ Sony က Xperia J1 Compact ကို ကြေညာ ♫

2

Sony က ဂျပန်နိုင်ငံအတွက် Xperia J1 Compact ကို ကြေညာလိုက်ပါသည်။ အဆိုပါ ဖုန်းသည် Sony ၏ ဂျပန်နိုင်ငံတွင် ရောင်းချသော ပထမဆုံး SIM-Free Smartphone ဖြစ်ပါသည်။ Specification များမှာ Xperia A2 နှင့် ဆင်တူပါသည်။

Xperia J1 Compact တွင် ၄.၃ လက်မအရွယ် 720p Display , 2GB RAM, 20.7 MP Exmor RS Camera, 2300mAh Battery ပါရှိပါသည်။ 2.2GHz Quad-Core CPU တပ်ဆင်ထားသော Qualcomm Snapdragon 800 Chipset မောင်းနှင်မည် ဖြစ်သည်။ IP 68 Certificate ရရှိထားပါသည်။

Sony က ဧပြီလ ၂၀ ရက်နေ့တွင် ရောင်းချပေးမည် ဖြစ်ပြီး အဖြူနှင့်ရွှေရောင် ပေါင်းစပ်ထုတ်လုပ်ပေး ထားပါသည်။ ကြိုတင်မှာယူမှုများကို မတ်လ ၂၇ ရက်နေ့တွင် စတင်လက်ခံမည် ဖြစ်ပြီး ဒေါ်လာ ၄၅၄ ၀န်းကျင်သတ်မှတ်ထားပါသည်။

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♪ Gionee က Dual-SIM Elife S7 ကို အိန္ဒိယတွင် ရောင်းချမည် ♫

၁

တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Gionee က Mobile World Congress တွင် ပြသခဲ့သော Elife S7 ကို ဧပြီလ သုံးရက်နေ့တွင် အိန္ဒိယ၌ ရောင်းချပေးတော့မည် ဖြစ်သည်။ Elife S7 သည် အထူ ၅.၅ မီလီမီတာသာ ရှိပြီး အပါးလွှာဆုံး စမတ်ဖုန်းများထဲမှ တစ်လုံး ဖြစ်ပါသည်။

Elife S7 တွင် ၅.၂ လက်မအရွယ် 1080p AMOLED Display , 64-bit MediaTek MT6752 SoC , 2GB RAM, 16GB Storage ပါရှိပါသည်။ Dual-SIM အမျိုးအစားဖြစ်ပြီး အနက်၊ အဖြူနှင့် အပြာနုရောင်များ ထုတ်လုပ်ပေးထားပါသည်။

SIM Card Slot နှစ်ခုစလုံးတွင် 4G ကို တစ်ပြိုင်နက်တည်း ထောက်ပံ့ပေးနိုင်ပါသည်။ 2750mAh Battery ပါရှိပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...

♫ အင်တာနက် အသုံးပြုခကို လျှော့ချပေးမယ့် Data Saver ( Chrome Extension ) ♫

Data-Saver-screen

Google က မကြာမီကပဲ ဒေတာ အသုံးပြုမှု တစ်နည်းအားဖြင့် အင်တာနက် အသုံးပြုခကို လျှော့ချပေးနိုင်တဲ့ Chrome Extension ကို Beta အနေနဲ့ ဖြန့်ချီပေးလိုက်ပါတယ်။

Data Saver လို့ အမည်ပေးထားပြီး သင့်ရဲ့ Internet Traffic ကို Google ရဲ့ ဒေတာတွေကို ချုံ့ပေးတဲ့ Proxy တွေကနေ ဖြတ်သန်းစီးဆင်းစေမှာ ဖြစ်ပါတယ်။ Data Saver ကို အသုံးပြုဖို့ Chrome 41 နဲ့ သူ့အထက်ကို အင်စတောလုပ်ထားရမှာပါ။

Extension ကို အောက်မှာ ပေးထားတဲ့ လင့်ကနေ Chrome မှာ အင်စတောလုပ်ပြီးတာနဲ့ ဒေတာပမာဏ ကို စတင်လျှော့ချပေးမှာပါ။ Chrome မှ Data Saver Button ကို နှိပ်ရင် ဒေတာပမာဏ ဘယ်လောက် ကို လျှော့ချပေးနိုင်ပြီလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ Extension ကို အသုံးမပြုချင်ရင်လည်း အဲဒီကနေ Turn Off လုပ်နိုင်ပါတယ်။

စာရေးသူ စမ်းသပ်အသုံးပြုကြည့်တဲ့အခါမှာ Google Proxy များကနေ တစ်ဆင့် ဖြတ်သန်းပေမယ့်လည်း အမြန်နှုန်းလျော့ကျ မသွားဘဲ ဒေတာများကို တစ်ဝက်ခန့်အထိ လျှော့ချပေးနိုင်တာ တွေ့ရပါတယ်။

မိုဘိုင်းဖုန်းတွေမှာ အင်တာနက် အသုံးပြုခကို ဒေတာပမာဏနဲ့ ကောက်ခံနေကြပြီ ဖြစ်တဲ့အတွက် Data Saver က သင့်ရဲ့ အင်တာနက် အသုံးပြုခကို သက်သာစေမှာပါ။ ဒီစွမ်းဆောင်ချက်ကို Android , iOS အတွက် ဖြန့်ချီပေးထားတဲ့ Chrome မှာလည်း အသုံးပြုနိုင်ပါတယ်။ Settings ထဲသွားပြီး Data Saver ကို On လုပ်ပေးပါ။

Google က ဒေတာပမာဏ ချုံ့ပေးတဲ့ ၀န်ဆောင်မှုကို ၂၀၁၃ မတ်လကတည်းက ဘရောက်စာတွေ အတွက် စမ်းသပ်နေတာဖြစ်ပါတယ်။ အခု Beta Version ကိုလည်း နောက်မျိုးဆက် Chrome များမှာ Built-In အနေနဲ့ ထည့်သွင်းပေးမယ်လို့ မျှော်လင့်ရပါတယ်။ ပီစီများအတွက် Data Saver Extension ကို အောက်က လင့်ကနေ အင်စတောလုပ်ပါ။

Install Data Saver

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com
Read More ...