10/05/2016

♪ အနီးနားကလူတွေနဲ့ အရောင်းအဝယ်ပြုလုပ်နိုင်မယ့် ‘Marketplace’ ကို Facebook စတင်မိတ်ဆက် ♫


Facebook ဟာ အွန်လိုင်းရောင်းဝယ်မှု (e-commerce) နယ်ပယ်ထဲကို ‘Marketplace’ ဆိုတဲ့ feature အသစ်တစ်ခုနဲ့ တရားဝင် စတင်ဝင်ရောက်လာပြီဖြစ်ပါတယ်။

လူမှုကွန်ရက်ဆိုက်ကနေ e-bay တို့လို အရောင်းအဝယ်ဆိုက်တွေကိုပါ ယှဉ်ပြိုင်လာမယ့် Facebook ရဲ့ ခြေလှမ်းတွေကတော့ တကယ့်ကိုစိတ်ဝင်စားစရာပါပဲ။

Facebook ကနေ မနေ့ကပဲ အသစ်မိတ်ဆက်လိုက်တဲ့ ‘Marketplace’ မှာ ကိုယ့်ပတ်ဝန်းကျင်က Facebook အသုံးပြုသူတွေနဲ့ ကုန်ပစ္စည်းတွေကို ရောင်းချ၊ဝယ်ယူနိုင်မှာဖြစ်ကာ ရောင်းဝယ်သူအချင်းချင်းပဲ (user-to-user) အဓိကဆက်သွယ်အသုံးပြုရမှာဖြစ်ပါတယ်။

လက်ရှိမှာ ဒီလိုအရောင်းအဝယ်မျိုးပြုလုပ်ချင်ရင် Sales Groups တွေကနေပဲ အဓိကအရောင်းအဝယ်ပြုလုပ်ခဲ့ ရပေမယ့်၊ နောက်ပိုင်းမှာတော့ ‘Marketplace’ ကနေပဲ ကိုယ် အရောင်းအဝယ်လုပ်ချင်တဲ့ပစ္စည်းကို တရားဝင်လုပ်ငန်းအဆင့်ဆင့်နဲ့ ဝယ်ရောင်းလုပ်နိုင်တော့မှာပါ။

လောလောဆည်မှာ Groups တွေကနေ လစဉ်အရောင်းအဝယ်ပြုလုပ်နေသူပေါင်း သန်း ၄၅၀ အထိ ရှိတယ်လို့လည်း ပရောဂျက်မန်နေဂျာဖြစ်သူ Bowen Pen က ဖွင့်ဟခဲ့ပါတယ်။

လာမယ့်ရက်အနည်းငယ်အတွင်းမှာ Facebook iOS app ရဲ့ အောက်ဆုံးအလယ်မှာရှိတဲ့ ‘Messenger’ ပုံလေးနေရာမှာ ယခု ‘Marketplace’ ပုံက ရောက်လာမှာဖြစ်ပြီး၊ အဆိုပါပုံကို နှိပ်လိုက်တာနဲ့ ကိုယ်စိတ်ဝင်စားလောက်တဲ့ပစ္စည်းတွေချည်း ဖော်ပြပေးမယ့် ‘Home Page’ အသစ်တစ်ခုကို အလိုအလျောက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

feed_us

ဒီနေရာမှာ ကိုယ်စိတ်ဝင်စားလောက်မယ့်ပစ္စည်းကို ပြတဲ့ပုံစံက ကိုယ် Like လုပ်ထားတဲ့ Page တွေ၊ Marketplace အတွင်းမှာ ကိုယ်ဝယ်ရောင်းလုပ်ဖူးတဲ့ပစ္စည်းအမျိုးအစားတွေပေါ် မူတည်ပြီးပြပေး သွားမှာဖြစ်ပါတယ်။

ပစ္စည်းတစ်ခုဝယ်ချင်တယ်ဆိုလည်း ရောင်းသူဆီကို တိုက်ရိုက် Messenger က ဆက်သွယ်နိုင်သလို၊ ဈေးနှုန်း ကမ်းလှမ်းတာ၊ ညှိနှိုင်းတာမျိုးလည်း ‘Marketplace’ ပေါ်မှာတင် လုပ်ဆောင်နိုင်မှာပါ။

ပစ္စည်းတစ်ခုရောင်းချင်တယ်ဆိုရင်တော့ ကိုယ့်ပစ္စည်းဓာတ်ပုံကိုတင်၊ နာမည်တပ်၊ ဖော်ပြ ချက်ရေး၊ ဈေးနှုန်းရေးပြီး၊ ကိုယ့်တည်နေရာကို ရွေးပေးလိုက်ရုံပါပဲ။

တခြားလုပ်ဆောင်ချက်တွေအနေနဲ့ ပစ္စည်းအမျိုးအစားအလိုက်ရှာဖွေတာ၊ ‘Nearby’ အနီးနားကရောင်းထားတဲ့ ပစ္စည်းတွေရှာတာမျိုးတွေ ပါဝင်ပြီး၊ တခြားနေရာဝေးဝေးက ပစ္စည်းတွေကြည့်ချင်တယ်ဆိုလည်း location ပြောင်းနိုင်မှာဖြစ်ပါတယ်။

facebook-marketplace-screenshots-2-0

လက်ရှိမှာ Facebook Marketplace ကို မိုဘိုင်းအတွက်သာ ထုတ်ပေးထားသေးပြီး၊ ယခုတစ်ပတ်အတွင်း US ၊ UK ၊ သြစတြေးလျနဲ့ နယူးဇီလန်တို့မှာ စတင်ထုတ်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

( Facebook Marketplace ရဲ့ ရောင်းဝယ်မှုကိုစိတ်ချရအောင်ပြုလုပ်ထားတဲ့ စနစ်တွေအကြောင်း ကို ဆောင်းပါးအနေနဲ့ ထပ်မံတင်ဆက်ပေးသွားပါမယ်။)


Credit to ==> Digital Times

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com