10/16/2016

♪ " Google Chrome အား ကွန်ပျူတာများတွင် ပေါ့ပေါ့ပါးပါးသုံးနိုင်စေရန် ဖန်တီးရန်ရှိ " ♫


Chrome version အသစ်တစ်ခုအား လာမည့်နှစ်လအတွင်း မြင်တွေ့ကြရမည်ဖြစ်ကာ ၎င်းသည် သင့် PC (သို့) ဖုန်းအား memory နည်းနည်းဖြင့် သုံးနိုင်လာစေမည်ဖြစ်သည်။ ကွန်ပျူတာများတွင် memory သည် အရေးပါသောအရာဖြစ်ကာ app များ မြန်ဆန်စေရန် app များများသုံးစွဲ နိုင်စေရန်အတွက် အရေးပါခဲ့သည်။

Website များမှာ ပို၍ရှုပ်ထွေးလာပြီး Web browser များမှာ ပို၍စွမ်းဆောင်ရည်မြင့်မားလာကြရာ memory ပို၍ပို၍ လိုအပ်လာသည်မှာ သဘာဝပင်ဖြစ်သည်။ Memory သုံးစွဲမှုအား လျော့ချနိုင်ခြင်းမှာ အရေးပါသောအရာဖြစ်သော်လည်း သင့် hardware မှာ ချက်ချင်းလွတ်လပ်မှု အပြည့်အ၀ရသွားဦးမည် မဟုတ်ပေ။ သမိုင်းအရ PC နှင့် ဖုန်းများတွင် memory များ တဖြည်းဖြည်းပိုများလာသော်လည်း apps နှင့် website များမှာ ထိုအခြေအနေအား အခွင့်ကောင်းယူကာ Features အသစ်များ ထပ်ထည့်လာကြသည်ကို တွေ့ရလေ့ရှိသည်။

Chrome team သည် V8 ကိုလုပ်ဆောင်လျက်ရှိပြီး browser တစ်စိတ်တစ်ပိုင်းဖြစ်ကာ Java Script program ကိုသုံးထားသည်။ Website ၏ memory သုံးစွဲမှုကို သိသိသာသာလျော့ချနိုင်မည်ဖြစ်ပြီး ထိုအပြောင်းအလဲကို ဒီဇင်ဘာတွင် စတင်မည့် Chrome 55 တွင် တွေ့ရမည်ဟုဆိုသည်။ Heap memory 50% နှင့် Zone memory 40% လျော့ချနိုင်မည်ဖြစ်ပြီး memory 1GB ပင်မရှိသည့် အနိမ့်ပိုင်း device များအတွက် ပို၍သိသာစေမည်ဖြစ်သည်။

အခြားသတင်းတစ်ခုအရ Google သည် ၎င်း၏ဓာတ်ပုံမျှဝေရာ Panoramio site အား တစ်လအတွင်း ရပ်တန့်တော့မည်ဖြစ်၍ သုံးစွဲသူများ ဒေါသထွက်လျက်ရှိကြောင်း သိရသည်။ Panoramio ကို ၂၀၀၇ တွင် စတင်ဝယ်ယူခဲ့ပြီး Google မှာ နောက်ပိုင်းတွင် Google Photos ကိုသာ ဦးစားပေးခဲ့သည်။

NetGuide Journal (Every Wednesday)
https://www.facebook.com/officialnetguidejournal




<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com