10/05/2016

♪ Android ဖုန်းထဲက Apps အကုန်လုံးကို ပိုမိုလှပတဲ့ Material Design အတိုင်းဖြစ်အောင် ဘယ်လိုပြောင်းမလဲ ♫


‘Material Design’ ဆိုတာ ၂၀၁၄ ခုနှစ်မှာ Google က ထုတ်ပေးခဲ့တဲ့ design language တစ်ခုဖြစ်ပြီး၊ ဆော့ဖ်ဝဲဒီဇိုင်းပိုင်းဆိုင်ရာမှာ ပိုမိုသပ်ရပ်လှပပြီး၊ ဆွဲဆောင်မှုရှိအောင်လို့ စံသတ်မှတ်ချက်တွေ ချပေးထားတဲ့ design language တစ်ခုဖြစ်ပါတယ်။

ဒါပေမယ့် apps ရေးသူတစ်ချို့ဟာ app icons တွေကို အခုထက်ထိ ‘material design’ စံနှုန်းအတိုင်း မသုံးကြတဲ့အတွက် သူတို့ apps တွေဟာ ဖုန်း ‘Home Screen’ မှာပေါ်တဲ့အခါ ကြီးတဲ့ app ကကြီး၊ သေးတာကသေးနဲ့ တော်တော် မျက်စိနောက်ဖို့ ကောင်းပါတယ်။ သေချာသတိထားကြည့်ရင် Home Screen ကြီးက ရှုပ်ယှက်ခတ်နေတာမြင်ရမှာပါ။

Google က ထုတ်ထားတဲ့ apps တွေအကုန်လုံးကတော့ ‘material design’ နဲ့ဖြစ်တဲ့အတွက် icon အရွယ်အစားတွေက တပြေးညီတည်းဖြစ်ကာ၊ ကာလာရောစပ်မှု၊ အရောင်ပြေးမှုပုံစံတွေကအစ ဆွဲဆောင်မှုရှိနေတာကို သတိထားမိမှာပါ။ (Xiaomi ရဲ့ MIUI မှာလည်း ‘material design’ သုံးထားတာကြောင့် apps တွေက အကုန်တပြေးညီလေးဖြစ်နေတာကို တွေ့ရပါတယ်။)

ဒါဆို ကိုယ့်ဖုန်းမှာ အရွယ်အစားပေါ်ချင်သလိုပေါ်နေတဲ့ Android apps တွေကို Home Screen မှာ ပိုမိုကြည့်လို့ကောင်းအောင်၊ ‘Material Design’ ဘယ်လိုပြောင်းမလဲ။

ဒီအတွက် Developer Oxo က ရေးဆွဲပေးထားတဲ့ ‘Materialize’ ဆိုတဲ့ App လေးတစ်ခုပဲလိုပါတယ်။
အဆင့် (၁) – Materialize အက်ပလီကေးရှင်းကို Google Play Store ကနေ အခမဲ့ဒေါင်းလုဒ်ဆွဲလိုက်ပါ။ ကြော်ငြာမပါဝင်သလို၊ ဖုန်းတိုင်းနီးပါးမှာ အသုံးပြုနိုင်ပါတယ်။ Root လည်း မလိုပါဘူး။

update-all-your-app-icons-material-design-for-more-unified-home-screen-w1456

Download ‘Materialize’ Here

အဆင့် (၂) – ‘Materialize’ ကို ဖွင့်လိုက်ရင်၊ သင့်ဖုန်းထဲမှာ သွင်းထားတဲ့ apps တွေ အကုန်လုံးပေါ်လာပါမယ်။ Google apps တွေကတော့ အစကတည်းက ‘material design’ ကို လိုက်နာထားတာကြောင့် ပေါ်မှာမဟုတ်ပါဘူး။

ဒီ့အပြင် ဖုန်းမှာနဂိုကတည်းကပါတဲ့ system apps တွေကလည်း ‘material design’ နဲ့ ဖြစ်သင့်တာကြောင့် app စာရင်းမှာပြမှာမဟုတ်ပါဘူး။

ဒါပေမယ့် တစ်ချို့ Android ဖုန်းတွေမှာ system apps တွေကိုယ်တိုင်က ကပေါက်တိကပေါက်ချာနဲ့ ဖြစ်တာကြောင့် ဘေးက Menu ( အစက်သုံးစက်) ကို နှိပ်ပြီး၊ ‘Show system apps’ ကို အမှန်ခြစ်ပေးလိုက်ပါ။

အဆင့် (၃)  – ကိုယ် ‘material design’ ပြောင်းချင်တဲ့ apps တွေကို ရွေးပါ။ အကုန်လုံးရွေးပေးလိုက်တာ အကောင်းဆုံးပါပဲ။

ဒီအခါ ‘Materialize’ app ကနေ မညီတဲ့ apps တွေကို လေးထောင့်ဘောင်လေး ထည့်ပြီး အလိုအလျောက်ပြောင်းပေးသွားမှာပါ။ လေးထောင့်ဘောင် မလိုချင်လဲ  အောက်မှာပြထားတဲ့ ‘template’ ပုံစံတွေကို ယူသုံးနိုင်ပါတယ်။

“Auto fill’ ကို သုံးမယ်ဆိုရင် သင့် app icon ရဲ့ အဓိကကာလာအတိုင်း လွတ်နေတဲ့ဘောင်ကွက်လပ် နေရာမှာ ကာလာဖြည့်ပေးမှာဖြစ်ပြီး၊ အဖြူပဲထာမးယ်ဆိုလည်း ရပါတယ်။
အဆင့် (၄) – အားလုံးပြီးသွားရင် အောက်က ‘Add to Home’ ဆိုတာကိုနှိပ်လိုက်ပါ။

အခုကစပြီး သင့်ဖုန်း Home Screen မှာ apps အကုန်လုံးက အရွယ်အစားတပြေးညီဖြစ်သွားကာ၊ ပိုမို သပ်ရပ်ကြည့်ကောင်းသွားတာတွေ့ရမှာပါ။




Credit to ==> Digital Times
 

<<< အောက်ကကြော်ငြာကိုတစ်ချက်လောက်နှိပ်ခဲ့ပေးစေချင်ပါတယ်ဗျာ။ ကျွန်တော့်ကိုတစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်ဗျာ။ >>>
 




www.pyaephyo.com