8/13/2015

♪ “XiaomiRedmi Note 2 ကို သြဂုတ်လ ၁၃ ရက်တွင် မိတ်ဆက်မည်” ♫

https://www.mobigyaan.com/wp-content/uploads/2014/07/Xiaomi-Redmi-Note-2.jpg

Xiaomi က ဈေးသက်သာတဲ့ PhabletအမျိုးအစားRedmi Note 2 ကို သြဂုတ်လ ၁၃ ရက်နေ့တွင် မိတ်ဆက်မှာ ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ၁၃ ရက်နေ့မှာမိတ်ဆက်ပြီး ၁၆ ရက်နေ့မှာ ကြိုတင်မှာယူမှုများကိုလက်ခံမှာ ဖြစ်ပါတယ်။

32GB Redmi Note 2 ကိုဒေါ်လာ ၁၂၈ ၊ 16GB အမျိုးအစားကိုဒေါ်လာ ၁၁၂ ဖြင့် ရောင်းချမှာ ဖြစ်ပါတယ်။ Redmi Note 2 မှာ ၅.၅ လက်မ 1080p Display, 13MP Rear Camera, 5MP Selfie Camera, 2GB RAM, 3020mAh Battery , 2GHz Octa-Core MediaTek MT6795 SoCတို့ပါရှိမယ်လို့ သတင်းများထွက်ပေါ်နေပါတယ်။

XiaomiRedmi Note 2 ဟာMeizuရဲ့ မကြာမီကကြေညာခဲ့တဲ့ m2 Note ကိုယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
Mobile Guide Journal (Every Monday)
Credit to ==> Mobile Guide Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com