8/12/2015

♪ Xiaomi Redmi Note 2 အား သြဂုတ်လ ၁၃ ရက်တွေကြေညာဖွယ်ရှိ ♫


ကာလရှည် သတင်းတွေထွက်ပေါ်ခဲ့တဲ့ Xiaomi ရဲ့Redmi Note 2 ကိုယခုရက်သတ္တပတ်အတွင်း MIUI 7 ကြေညာဖွယ်ရှိနေတယ်လို့ GSM Arena ကဖော်ပြပါတယ်။

Xiaomi ကတော့ MIUI 7 ကိုသြဂုတ်လ ၁၃ ရက်နေ့မှာမိတ်ဆက်မယ်လို့တရားဝင်ထုတ်ပြန်ထားပေမယ့် Redmi Note ရဲ့မျိုးဆက်သစ်အကြောင်းကိုတော့ တစ်စုံတစ်ရာ ထုတ်ဖော် ပြောကြား ထားခြင်းမရှိ ပါဘူး။ ဒါပေမယ့် တရုတ်နည်းပညာဝက်ဘ်ဆိုက် MyDrivers ရဲ့အဆိုအရဆိုရင် Redmi Note 2 က MIUI 7 နဲ့အတူ သြဂုတ်လ ၁၃ ရက်နေ့မှာပဲထွက်ပေါ်လာဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် တရုတ်လက်လီအရောင်းဝက်ဘ်ဆိုက်တွေမှာလည်း Redmi Note 2 ကိုဈေးနှုန်းနဲ့တကွ တင်ထားတာကိုတွေ့ရပြီး 32 GB ဗားရှင်းကို ၁၂၈ ဒေါ်လာ သတ်မှတ်ထားတယ်လို့ GSM Arena ကဆိုပါတယ်။


သတင်းတွေအရဆိုရင်တော့ Redmi Note 2 ကပထမမျိုးဆက်နဲ့အရွယ်အစားတူညီမှာပါ။ဒါပေမယ့် မျိုးဆက် သစ်ဖုန်းမှာ ၅.၅လက်မအရွယ် 1080p မျက်နှာပြင်၊Octa-Core Qualcomm Snapdragon 615 Processor နဲ့ 2GB RAM အပါအဝင် မွမ်းမံမှုအသစ်တွေပါဝင်လာမယ်လို့ သိရပါတယ်။


Credit to ==> TechSpace Journal


<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com