8/13/2015

♪ LG G Flex 3 တွင် Snapdragon 820 နှင့် QHD Display ပါရှိမည် ♫

lg g flex 3

LG က မျက်နှာပြင်ကွေးဖုန်း G Flex 2 ၏ မျိုးဆက်ကို တီထွင်နေသည်ဟု သတင်းများထွက်ပေါ်နေပါသည်။
G Flex 3 ကို ၂၀၁၆ ခုနှစ် မတ်လတွင် မိတ်ဆက်မည် ဖြစ်ပြီး ခြောက်လက်မ QHD Display နှင့် သတ္တုကိုယ်ထည် တပ်ဆင်ထားမည်ဟု သိရပါသည်။ Qualcomm Snapdragon 820 Chipset, 4GB RAM ပါရှိမည် ဖြစ်သည်။ 32GB Storage , 20.7MP Main Camera, 8MP Front Camera တပ်ဆင်ထားမည် ဖြစ်သည်။

G Flex 3 တွင် Fingerprint Scanner ကို ပါဝါခလုတ်တွင် ထည့်သွင်းထားမည် ဖြစ်သော်လည်း ယခင်မျိုးဆက်ကဲ့သို့ ခလုတ်များကို အနောက်ဘက်တွင် တပ်ဆင်ထားမည်လားဆိုသည်ကို မသိရသေးပါ။ G Flex 3 နှင့် ပတ်သက်သည့် သတင်းများကို လာမည့်လများတွင် ထပ်မံ သိရှိရမည် ဖြစ်သည်။

Credit to ==> Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 




www.pyaephyo.com