နယူးယောက် တစ်မြို့လုံးကို အခမဲ့ WiFi ထုတ်လွှင့်ပေးနိုင်သော Pay Phone
များကို တပ်ဆင်တော့မည်ဟု အာဏာပိုင်များက ကြေညာလိုက်ပါသည်။ အဆိုပါ
ဝန်ဆောင်မှုကို နယူးယောက် အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းတစ်ခုက
ပူးပေါင်း ပြုလုပ်ခြင်း ဖြစ်ပါသည်။
Pay Phone များကို နယူးယောက်မြို့ အနှံ့တပ်ဆင်ပေးမည် ဖြစ်ပြီး အခပေး ဖုန်းပြောနိုင်သကဲ့သို့ Pay Phone များမှ နေ၍ အခမဲ့ WiFi ထုတ်လွှင့်ပေးမည် ဖြစ်သည်။ နယူးယောက် တစ်မြို့လုံးကို WiFi ထုတ်လွှင့်ပေးနိုင်စေရန် Pay Phone များကို နေရာအနှံ့တပ်ဆင်မည် ဖြစ်သည်။
Pay Phone များ၏ ဒီဇိုင်းသည် အလွန်ကြီးမားသော တက်ဘလက်များနှင့် တူညီပြီး ၂၀၁၅ ခုနှစ်နှောင်း ပိုင်း တွင် နယူးယောက် တစ်မြို့လုံးတွင် လွှမ်းခြုံတပ်ဆင်မည် ဖြစ်သည်။ WiFi ၏ အမြန်နှုန်းမှာ တစ်စက္ကန့်လျှင် 1gigabit အထိရှိမည် ဖြစ်သည်။ Pay Phone တစ်ခုသည် ပေ ၁၅၀ အကွာအဝေး အတွင်း WiFi ထုတ်လွှင့်ပေးနိုင်မည် ဖြစ်ပြီး အမေရိကန် ပြည်နယ်ငါးဆယ်သို့ အခမဲ့ ဖုန်းခေါ်ဆိုနိုင်မည် ဖြစ်သည်။