11/18/2014

♪ Google က အင်တာနက် ထုတ်လွှင့်ပေးနိုင်သော မိုးပျံဘောလုံးများကို သြစတျေးလျတွင် စမ်းသပ်မည် ♫

ff

Google က မိုးပျံဘောလုံးများဖြင့် အင်တာနက် ထုတ်လွှင့်ပေးနိုင်သော Project Loon စီမံကိန်းကို တီထွင်နေပါသည်။ ယခုအခါ Google က မိုးပျံဘောလုံးများကို သြစတျေးလျတွင် စမ်းသပ်မည် ဖြစ်သည်။ စမ်းသပ်မှုကို သြစတျေးလျ၏ ထိပ်တန်း အင်တာနက် ၀န်ဆောင်မှု ပေးသူ Telstra နှင့် ပူးပေါင်း လုပ်ကိုင်မည် ဖြစ်သည်။

Google က ဒီဇင်ဘာလတွင် သြစတျေးလျရှိ Queensland အနောက်ဘက်တွင် မိုးပျံဘောလုံး နှစ်ဆယ် လွှင့်တင်မည် ဖြစ်သည်။ ဘောလုံးများတွင် နေအိမ်နှင့် Mobile Device များသို့ WiFi ထုတ်လွှင့်ပေးသော အန်တင်နာများ တပ်ဆင်ထားပါသည်။ သြစတျေးလျတွင် စမ်းသပ်ရန် Telstra က လိုအပ်သော မြေပြင် အခြေစိုက် စခန်းများကို တည်ဆောက်ပေးမည်ဟု The Guardian က ရေးသားထားပါသည်။

Google ၏ ဘောလုံးများသည် အင်တာနက် အသုံးပြုခ ဈေးကြီးသော နေရာဒေသများနှင့် အင်တာနက် ဆက်သွယ်မှု မရရှိသော နေရာဒေသများတွင် အခမဲ့ အင်တာနက် ထုတ်လွှင့်ပေးနိုင်ပါသည်။ Google က Project Loon ကို ၂၀၁၃ ခုနှစ် ဇွန်လတွင် ပထမဆုံး ကြေညာခဲ့ပြီး ဘောလုံးများသည် နေရောင်ခြည် စွမ်းအင်ကို အသုံးပြု၍ မြေပြင်အထက် ၁၂ မိုင်တွင် ပျံသန်းနိုင်ပါသည်။ ဘောလုံးများကို မြေပြင်မှ ထိန်းချုပ်လမ်းညွှန်နိုင်ပါသည်။

Google က ဘောလုံးများကို နယူးဇီလန်၊ ကယ်လီဖိုးနီးယားနှင့် ဘရာဇီးတို့တွင် စမ်းသပ်ပြီး ဖြစ်ပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com