11/07/2014

♪ Telenor မိုဘိုင်းဖုန်း နံပါတ်အလှကို ငွေကျပ် သိန်း ၃၀ အထိ ဈေးနှုန်းသတ်မှတ် ♫

https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash4/s403x403/998997_357413147695513_167525680_n.jpg

မိုဘိုင်းဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် Telenor ကုမ္ပဏီသည် ၎င်းတို့၏ မိုဘိုင်းဖုန်း နံပါတ်အလှများကို သီးခြားဈေးနှုန်း သတ်မှတ်၍ ရောင်း ချနေခြင်း ဖြစ်ပြီး နံပါတ်အလှတစ်ခုလျှင် အနိမ့်ဆုံး ၅ သောင်းကျပ်မှ အမြင့်ဆုံး ငွေကျပ် သိန်း ၃၀ အထိသတ်မှတ်ထားကြောင်း စုံစမ်းသိရှိရသည်။

မိုဘိုင်းဖုန်းနံပါတ် အလှများကို ဈေးကွက်အတွင်း အော်ဒါမှာယူသည့်စနစ်ဖြင့် စတင်ရောင်းချနေပြီ ဖြစ်သော် လည်း Telenor အနေဖြင့် အဆိုပါနံပါတ်အလှ ရောင်းချခြင်းကို တရားဝင် သတင်း ထုတ်ပြန်ထားခြင်း မရှိဟု သိရ သည်။ “နံပါတ် အလှနဲ့ ပတ်သက်ပြီး တရားဝင် မထုတ်ပြန်ထားပါဘူး။ တရားဝင် ကြေညာပေးမှာပါ” ဟု Telenor Call Center က ပြန်လည်ဖြေကြားသည်။

လက်ရှိအချိန်၌ တောင်ဥက္ကလာပမြို့နယ်တွင် Telemax Services ဟူသော မိုဘိုင်းဖုန်း နံပါတ်အလှ အရောင်းကုမ္ပဏီတစ်ခု ပေါ်ထွက်လာပြီး မိုဘိုင်းဖုန်း နံပါတ်အလှ အပေါ်မှုတည်၍ ဈေး နှုန်း ၅ သောင်းကျပ်မှ ငွေကျပ် သိန်း ၃၀ အထိ သတ်မှတ်ရောင်းချနေသည် ဟု သိရှိရသည်။ “ကိုယ်လိုချင်တဲ့ နံပါတ်အလှကို သူတို့ဆီမှာ သွားကြည့်လို့ရတယ်” ဟု မိုဘိုင်း ဖုန်းနံပါတ်အလှကို ဝယ်ယူရန် သွားရောက် စုံစမ်းခဲ့သူက ပြောသည်။

မိုဘိုင်းဖုန်းနံပါတ်အလှ ရောင်းချခြင်းကို လေလံစနစ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ၂၀၁၂ ခုနှစ်တွင် စတင်ရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ Telenor အနေဖြင့် ၎င်း၏နံပါတ်အလှကို အမြင့်ဆုံးဈေးနှုန်း ငွေကျပ်သိန်း ၃၀ သတ်မှတ်ခဲ့သော်လည်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် ၎င်း၏ ကျပ် ၂ သိန်းတန် GSM မိုဘိုင်ဖုန်း နံပါတ်အလှကို ငွေကျပ် ၄၇ သိန်းဖြင့် လေလံ စနစ်၌ ရောင်းချခဲ့ခြင်းဖြစ်သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်း ရန်ကုန်နှင့် မန္တလေးမြို့၌ တစ်ကြိမ်စီသာ ပြုလုပ်ခဲ့သည့် မြန်မာ့ ဆက်သွယ်ရေး၏ မိုဘိုင်း ဖုန်းနံပါတ်အလှ လေလံပွဲမှ ငွေကျပ် သိန်းပေါင်း ၃ ထောင်ခန့် ရရှိခဲ့သည် ဟု သိရသော်လည်း လက်ရှိ Telenor ၏ နံပါတ်အလှ ရောင်းအားကိုမူ မသိရှိရသေးပေ။ Telenor သည် ၎င်း၏ မိုဘိုင်းဖုန်း နံပါတ်အလှများကို ပုံမှန်မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချစဉ်ကတည်းက သီးခြားရောင်းချရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

Telenor အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွက် မိုဘိုင်း ဆင်းမ်ကတ် ၁ သန်း ဖြန့်ချိပေး မည်ဟု ပြောဆိုခဲ့သော်လည်း လက်ရှိအချိန်၌ ဈေးကွက်အတွင်း မိုဘိုင်းဖုန်းဆိုင်အချို့၌ ဆင်းမ်ကတ် ပြတ် လပ်မှုနှင့် ကြုံတွေ့နေရသည် ဟု သိရသည်။ ဈေးကွက်အတွင်း ဆင်မ်ကတ်များ လုံလောက်စွာ ဖြန့်ဖြူးနိုင်ခြင်း မရှိသေးသည့် Telenor သည် လက်ရှိအချိန်၌ မိုဘိုင်းဖုန်း နံပါတ်အလှများကို ကြိုတင်ရွေးချယ်၍ စာရင်းပေး သွင်း ဝယ်ယူနိုင်သည်ဟု သိရသည်။
Internet Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com