11/25/2014

♪ Samsung က ၂၀၁၅ ခုနှစ်မှာ ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်း မျက်နှာပြင်များ ထုတ်လုပ်မည် ♫

Photo: Samsung က ၂၀၁၅ ခုနှစ်မှာ ကွေးညွှတ်နိုင်တဲ့ စမတ်ဖုန်း မျက်နှာပြင်များ ထုတ်လုပ်မည်
================================================

ပျော့ပြောင်း ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်တွေကတော့ ကျွန်တော်တို့ လူမှုဘ၀တွေထဲကို တိုးဝင်လာတော့မှာပါ။ ပထမအဆင့်အနေနဲ့ LG G Flex, Samsung Galaxy Round, Galaxy Note Edge တို့လို မျက်နှာပြင်ကွေး စမတ်ဖုန်းတွေကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။

နောက်အဆင့်အနေနဲ့ ပျော့ပြောင်း ကွေးညွှတ်တဲ့ မျက်နှာပြင်များကို မြင်တွေ့ကြရတော့မယ်လို့ Samsung ရဲ့ အကြီးတန်း အရာရှိက ပြောပါတယ်။ ကွေးညွှတ်တဲ့ မျက်နှာပြင်များ ထုတ်လုပ်တော့မယ်ဆိုတော့ စမတ်ဖုန်းကိုလည်း ခေါက်ပြီး အိတ်ကပ် သေးသေးလေးထဲ ထည့်သွားနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတော့မှာလို့ ယူဆလို့ ရပါတယ်။

Samsung က ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်များကို အမြောက်အများ ထုတ်လုပ်ဖို့ ကြိုးစားနေပြီး နောက်နှစ်ကုန်လောက်မှာ တစ်လလျှင် ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင် သုံးသောင်းကနေ လေးသောင်းအထိ ထုတ်လုပ်ဖို့ အရင်းအမြစ်တွေလည်း ရှိနေပြီလို့ သိရပါတယ်။

Samsung ရဲ့ ပြိုင်ဖက်တွေကတော့ ဒီလို ကွေးညွှတ်မျက်နှာပြင်တွေကို ၂၀၁၆ ခုနှစ် မတိုင်မီ အထိတော့ အမြောက်အများ ထုတ်လုပ်နိုင်အုံးမှာ မဟုတ်ပါဘူး။ Samsung က ပြိုင်ဖက်တွေထက် လက်ဦးပြီး ၂၀၁၅ အကုန်လောက်မှာ ကွေးညွှတ် ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ရောင်းချဖို့ ကြံရွယ်နေပါတယ်။

ဒီနှစ်ထဲမှာ ရောင်းချခဲ့တဲ့ Galaxy Note Edge လိုပဲ ကွေးညွှတ်မျက်နှာပြင် စမတ်ဖုန်းတွေကို ၂၀၁၅ မှာ ရောင်းချပြီဆိုရင် အကန့်အသတ်နဲ့သာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကြီးမားတဲ့ ဈေးကွက်တွေအတွက် ဒီလို နည်းပညာမြင့် စမတ်ဖုန်းတွေဟာ တစ်လလျှင် သန်းနဲ့ချီပြီး ထုတ်လုပ်ရမှာ ဖြစ်လို့ပါပဲ။ သိန်းဂဏန်းလောက်နဲ့ အလုပ်မဖြစ်ပါဘူး။

Google ကလည်း ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်တပ် လဲလှယ်နိုင်တဲ့ Modular Smartphone တွေကို ၂၀၁၅ ခုနှစ်မှာ ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Modular Smartphone ဆိုတာ ပီစီတွေမှာလို ဖုန်းရဲ့ အစိတ်အပိုင်းတွေကို Upgrade လုပ်နိုင်တာ ဖြစ်ပါတယ်။ Google ရဲ့ Modular Smartphone တွေနဲ့ Samsung ရဲ့ ကွေးညွှတ်မျက်နှာပြင် စမတ်ဖုန်းတွေဟာ ၂၀၁၅ ခုနှစ်မှာ အားပြိုင်ဖွယ်ရှိနေပါတယ်။

Credit: Myanmar Digital Life Journal

ပျော့ပြောင်း ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင်တွေကတော့ ကျွန်တော်တို့ လူမှုဘ၀တွေထဲကို တိုးဝင်လာတော့ မှာပါ။ ပထမအဆင့်အနေနဲ့ LG G Flex, Samsung Galaxy Round, Galaxy Note Edge တို့လို မျက်နှာပြင်ကွေး စမတ်ဖုန်းတွေကို မြင်တွေ့ခဲ့ကြရပြီးပါပြီ။

နောက်အဆင့်အနေနဲ့ ပျော့ပြောင်း ကွေးညွှတ်တဲ့ မျက်နှာပြင်များကို မြင်တွေ့ကြရတော့မယ်လို့ Samsung ရဲ့ အကြီးတန်း အရာရှိက ပြောပါတယ်။ ကွေးညွှတ်တဲ့ မျက်နှာပြင်များ ထုတ်လုပ်တော့မယ်ဆိုတော့ စမတ်ဖုန်း ကိုလည်း ခေါက်ပြီး အိတ်ကပ် သေးသေးလေးထဲ ထည့်သွားနိုင်တဲ့ အခြေအနေတွေ ဖြစ်ပေါ်လာတော့မှာလို့ ယူဆလို့ ရပါတယ်။

Samsung က ခေါက်ချိုးနိုင်တဲ့ မျက်နှာပြင်များကို အမြောက်အများ ထုတ်လုပ်ဖို့ ကြိုးစားနေပြီး နောက်နှစ် ကုန်လောက်မှာ တစ်လလျှင် ကွေးညွှတ်နိုင်တဲ့ မျက်နှာပြင် သုံးသောင်းကနေ လေးသောင်းအထိ ထုတ်လုပ်ဖို့ အရင်းအမြစ်တွေလည်း ရှိနေပြီလို့ သိရပါတယ်။

Samsung ရဲ့ ပြိုင်ဖက်တွေကတော့ ဒီလို ကွေးညွှတ်မျက်နှာပြင်တွေကို ၂၀၁၆ ခုနှစ် မတိုင်မီ အထိတော့ အမြောက်အများ ထုတ်လုပ်နိုင်အုံးမှာ မဟုတ်ပါဘူး။ Samsung က ပြိုင်ဖက်တွေထက် လက်ဦးပြီး ၂၀၁၅ အကုန်လောက်မှာ ကွေးညွှတ် ခေါက်ချိုးနိုင်တဲ့ စမတ်ဖုန်းကို ရောင်းချဖို့ ကြံရွယ်နေပါတယ်။

ဒီနှစ်ထဲမှာ ရောင်းချခဲ့တဲ့ Galaxy Note Edge လိုပဲ ကွေးညွှတ်မျက်နှာပြင် စမတ်ဖုန်းတွေကို ၂၀၁၅ မှာ ရောင်းချပြီဆိုရင် အကန့်အသတ်နဲ့သာ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ ကြီးမားတဲ့ ဈေးကွက်တွေ အတွက် ဒီလို နည်းပညာမြင့် စမတ်ဖုန်းတွေဟာ တစ်လလျှင် သန်းနဲ့ချီပြီး ထုတ်လုပ်ရမှာ ဖြစ်လို့ပါပဲ။ သိန်းဂဏန်းလောက်နဲ့ အလုပ်မဖြစ်ပါဘူး။

Google ကလည်း ဖုန်းရဲ့ အစိတ်အပိုင်းတွေကို ဖြုတ်တပ် လဲလှယ်နိုင်တဲ့ Modular Smartphone တွေကို ၂၀၁၅ ခုနှစ်မှာ ရောင်းချမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Modular Smartphone ဆိုတာ ပီစီတွေမှာ လို ဖုန်းရဲ့ အစိတ်အပိုင်းတွေကို Upgrade လုပ်နိုင်တာ ဖြစ်ပါတယ်။ Google ရဲ့ Modular Smart Phone တွေနဲ့ Samsung ရဲ့ ကွေးညွှတ်မျက်နှာပြင် စမတ်ဖုန်းတွေဟာ ၂၀၁၅ ခုနှစ်မှာ အားပြိုင်ဖွယ်ရှိနေပါတယ်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com