Samsung ရဲ့ Galaxy S5 အပေါ်ထားတဲ့ ရည်မှန်းချက်က “ မှန်းချက်က
နှမ်းထွက်နဲ့ မကိုက် “ ဆိုတဲ့ စကားပုံ လိုဖြစ်နေပါပြီ။
ခွဲခြမ်းစိတ်ဖြာသူတွေရဲ့ တွက်ချက်မှုအရ S5 ဟာ မေလအတွင်းမှာ S4 ရဲ့ ၂၀၁၃
ခုနှစ် မေလ အတွင်းရောင်းအားထက် အလုံးရေ နှစ်သန်း လျော့နည်းခဲ့ပါတယ်။
Wall Street Journal ရဲ့ ဆောင်းပါးအရ S5 ရဲ့ ရောင်းအားဟာ S4 ထက် အလုံးရေလေးသန်းလျော့ နည်းနေပါတယ်။ Samsung ကတော့ S5 ဟာ ယခင်မျိုးဆက်ထက် ၂၀ ရာခိုင်နှုန်း ရောင်းအားကောင်းမယ်လို့ တွက်ချက်ထားခဲ့တာပါ။
Samsung ဟာ အမေရိကန်မှာတော့ S5 ရောင်းအားကောင်းအောင် ပြုလုပ်နိုင်ပေမယ့် ဒါဟာ S5 ရောင်းအားမြင့်မားတဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပါတယ်။ တရုတ်မှာတော့ S5 ဟာ S4 ရောင်းအားကို မယှဉ်နိုင်ဘဲ ငါးဆယ်ရာခိုင်နှုန်းတောင် လျော့နည်းနေတာပါ။
ဒီလို ရောင်းအားကျဆင်းတဲ့အတွက် Samsung က နောက်နှစ်မှာ စမတ်ဖုန်ုး အသစ်ထုတ်လုပ်မှုကို လျှော့ချဖို့ အစီအစဉ်ကိုလည်း ကြေညာထားပါတယ်။ ဒါ့အပြင် ခေါင်းဆောင်ပိုင်းမှာလည်း အပြောင်း အလဲတွေ ဖြစ်လာနိုင်ပါတယ်။ မိုဘိုင်းဌာနမှ အကြီးအကဲ JK Shin ကို လက်ရှိ တီဗီနဲ့ အိမ်သုံးပစ္စည်းဌာနကို ဦးဆောင်နေတဲ့ BK Yoon နဲ့ ပြောင်းလဲကောင်း ပြောင်းလဲနိုင်တယ်လို့ ကျွမ်းကျင်သူများက သုံးသပ်ပါတယ်။
Myanmar Digital Life Journal