11/10/2014

♪ Samsung Galaxy Note 5 တွင် 4K ခြောက်လက်မ မျက်နှာပြင် တပ်ဆင်ထားမည် ♫

note 5

Samsung က 4K AMOLED Display များကို စမ်းသပ် တီထွင်လျှက်ရှိပြီး ယခု ထွက်ရှိသော သတင်းအရ Samsung သည် 4K Display ကို Galaxy Note 5 တွင် ပထမဆုံး ထည့်သွင်း အသုံးပြုမည်ဟု သိရပါသည်။ PhoneArena မှ ရရှိသော သတင်းအရ Samsung Galaxy Note 5 တွင် ခြောက်လက်မအရွယ် 4K AMOLED Display တပ်ဆင်ထားမည် ဖြစ်ပြီး တစ်လက်မလျှင် Pixel သိပ်သည်းဆမှာ ၇၄၃ အထိရှိမည် ဖြစ်သည်။

Samsung က Galaxy Note စမတ်ဖုန်းများတွင် မျက်နှာပြင်ကို တစ်ဖြည်းဖြည်းကြီးမားစေရန် ပြုလုပ်လျှက် ရှိပြီး Note 5 တွင် ခြောက်လက်မ မျက်နှာပြင် တပ်ဆင်မည် ဆိုသည်မှာ ဖြစ်နိုင်သည်ဟု ကျွမ်းကျင်သူများက သုံးသပ်ပါသည်။

မကြာမီက ထွက်ပေါ်သော သတင်းအရ Galaxy S6 တွင် Cortex-A57 Core လေးလုံးနှင့် Cortex-A53 Core လေးလုံး ပါရှိသော Exynos 7420 Chipset တပ်ဆင် ထားမည် ဖြစ်သည်။ အဆိုပါ Chipset ကို Note 5 တွင်လည်း အသုံးပြုနိုင်ပါသည်။

Samsung က ဂျာမနီနိုင်ငံ ဘာလင်တွင် နှစ်စဉ် စက်တင်ဘာလတွင် ပြုလုပ်သော IFA Consumer Show တွင် Galaxy Note စမတ်ဖုန်းများကို ပြသကြေညာလေ့ရှိသည့်အတွက် Note 5 ကို မြင်တွေ့ရရန် အချိန်များစွာ ကြာမြင့်အုံးမည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် စက်တင်ဘာလမတိုင်မီတွင် Galaxy S6 ကို အရင် ကြေညာ မည်ဟု မျှော်လင့်ရပါသည်။

Myanmar Digital Life Journal

<<< အောက်မှာ Click တစ်ချက်လောက်နှိပ်ပေးခြင်းအားဖြင့် တစ်ဖက်တစ်လမ်းကကူညီရာရောက်ပါတယ်။ >>>
 



www.pyaephyo.com